Library · my

2 Chronicles 16

16:1 အာ​သ​မင်း နန်း​စံ​သုံး​ဆယ်​ခြောက်​နှစ်​တွင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ဗာ​ရှာ​သည် ယု​ဒ​ပြည်​သို့​စစ်​ချီ၍၊ ယု​ဒ​ရှင်​ဘု​ရင် အာ​သ​ထံ​သို့ အ​ဘယ်​သူ​မျှ မ​ထွက်​မ​ဝင်​စေ​ခြင်း​ငှာ၊ ရာ​မ​မြို့​ကို​တည်၏။ 16:2 ထို​အ​ခါ ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​တည်း​ဟူ​သော ရွှေ​ငွေ​ရှိ​သ​မျှ​ကို၊ အာ​သ​သည်​ထုတ်၍၊ ဒ​မာ​သက်​မြို့၌​နေ​သော ရှု​ရိ​ရှင်​ဘု​ရင်​ဗင်္ဟာ​ဒဒ်​ထံ​သို့ ပေး​လိုက်၍၊ 16:3 ငါ​သည်​သင်​နှင့်​လည်း​ကောင်း၊ ငါ့​ခ​မည်း​တော်​သည် သင့်​ခ​မည်း​တော်​နှင့်​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ရှိ​သည်​ဖြစ်၍၊ ရွှေ​ငွေ​ကို ငါ​ပေး​လိုက်၏။ ဣ​သ​ရေ​လ ရှင်​ဘု​ရင်​ဗာ​ရှာ​သည် ငါ့​ထံ​မှ​ထွက်​သွား​စေ​ခြင်း​ငှာ၊ သူ​နှင့်​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ကို​ဖျက်၍ လာ​ပါ​ဟု မှာ​လိုက်​လေ၏။ 16:4 အာ​သ​မင်း​ကြီး၏​စ​ကား​ကို ဗင်္ဟာ​ဒဒ်​သည် နား​ထောင်၍၊ ဣ​သ​ရေ​လ​မြို့​ရွာ​တို့​ကို စစ်​ချီ​စေ​ခြင်း​ငှာ၊ မိ​မိ​ဗိုလ်​များ​ကို စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် ဣ​ယုန်​မြို့၊ ဒန်​မြို့၊ အာ​ဗေ​လ​မိမ်​မြို့​မှ​စ၍၊ နဿ​လိ​ပြည်၌​ရှိ​သ​မျှ​သော ဘ​ဏ္ဍာ​မြို့​တို့​ကို လုပ်​ကြံ​ကြ၏။ 16:5 ထို​သ​တင်း​ကို ဗာ​ရှာ​သည်​ကြား​သော​အ​ခါ၊ ရာ​မ​မြို့​ကို လက်​စ​မ​သတ်​ဘဲ အ​လုပ်​ကို​ဖြတ်၍ နေ၏။ 16:6 ထို​အ​ခါ အာ​သ​မင်း​ကြီး​သည် ယု​ဒ​လူ​အ​ပေါင်း​ကို​ခေါ်​သ​ဖြင့်၊ ရာ​မ​မြို့၌ ဗာ​ရှာ​မင်း​သွင်း​သော​ကျောက်​နှင့် သစ်​သား​ကို​ယူ​သွား၍၊ ဂေ​ဘ​မြို့​နှင့် မိ​ဇ​ပါ​မြို့​ကို တည်၏။ 16:7 ထို​အ​ခါ ပ​ရော​ဖက်​ဟာ​နန်​သည် ယု​ဒ​ရှင်​ဘု​ရင် အာ​သ​ထံ​သို့​လာ၍၊ မင်း​ကြီး​သည် မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မ​ခို​လှုံ၊ ရှု​ရိ​ရှင်​ဘု​ရင်​ကို ခို​လှုံ​သော​ကြောင့်၊ ရှု​ရိ​ရှင်​ဘု​ရင်၏ ဗိုလ်​ခြေ​တို့​သည် မင်း​ကြီး​လက်​မှ လွတ်​သွား​ကြ​ပြီ။ 16:8 ကု​ရှ​လူ​နှင့်​လိ​ဗု​လူ​တို့​သည် ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​နှင့်​တ​ကွ၊ အား​ကြီး​သော​အ​လုံး​အ​ရင်း​ဖြစ်​သည် မ​ဟုတ်​လော။ သို့​သော်​လည်း မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​ကြောင့်၊ ထို​အ​လုံး​အ​ရင်း​ကို မင်း​ကြီး​လက်​သို့ အပ်​နှံ​တော်​မူ​ပြီ။ 16:9 ထာ​ဝ​ရ​ဘု​ရား​သည် စုံ​လင်​သော စေ​တ​နာ​စိတ်​ရှိ​သော​သူ​တို့​ဘက်၌၊ ခိုင်​ခံ့​စွာ​နေ​ခြင်း​ငှာ၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​နှံ့​အ​ပြား​ကြည့်​ရှု​လျက် ရှိ​တော်​မူ၏။ ဤ​အ​မှု၌ မင်း​ကြီး​သည် မိုက်​စွာ​ပြု​ပြီ။ ယ​ခု​မှ​စ၍ စစ်​မှု​ရှိ​လိမ့်​မည်​ဟု ဆို၏။ 16:10 ထို​သို့​ဆို​သော​ကြောင့်၊ အာ​သ​သည် ပ​ရော​ဖက်​ကို အ​မျက်​ထွက်၍ ထောင်​ထဲ​မှာ လှောင်​ထား၏။ ထို​ကာ​လ၌ ပြည်​သူ​ပြည်​သား​အ​ချို့​တို့​ကို​လည်း ညှဉ်း​ဆဲ၏။ 16:11 အာ​သ​မင်း​ပြု​မူ​သော အ​မှု​အ​ရာ​အ​စ​အ​ဆုံး​တို့​သည်၊ ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​နှင့် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 16:12 နန်း​စံ​သုံး​ဆယ်​ကိုး​နှစ်​တွင်၊ ခြေ​တော်၌ အ​နာ​ရော​ဂါ​စွဲ၍ ပြင်း​စွာ​ခံ​ရ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ဆည်း​ကပ်၊ ဆေး​သ​မား​တို့​ကို​သာ ဆည်း​ကပ်​လေ၏။ 16:13 အာ​သ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ နန်း​စံ​လေး​ဆယ်​တစ်​နှစ်​တွင် အ​နိ​စ္စ​ရောက်​သ​ဖြင့်၊ 16:14 ဒါ​ဝိဒ်​မြို့​မှာ မိ​မိ​အ​ဖို့ မိ​မိ​လုပ်​နှင့်​သော သင်္ချိုင်း၌၊ ပြည်​သား​တို့​သည် သင်္ဂြိုဟ်​သော​အ​ခါ၊ မွှေး​ကြိုင်​သော နံ့​သာ​မျိုး​တို့​ကို၊ ဆေး​သ​မား​အ​တတ်​ဖြင့်​ဖော်၍၊ တ​လား၌ အ​ပြည့်​ထည့်​ပြီး​လျှင်၊ အ​လောင်း​တော်​ကို တင်​ထား​ကြ၏။ အ​လွန်​ကြီး​သော မီး​ရှို့​ပွဲ​ကို​လည်း ခံ​ကြ၏။