Library · my

2 Chronicles 19

19:1 ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ်​သည် ယေ​ရု​ရှ​လင်​မြို့ နန်း​တော်​သို့ ငြိမ်​ဝပ်​စွာ​ပြန်​လာ၏။ 19:2 ဟာ​နန်​သား ပ​ရော​ဖက်​ယေ​ဟု​သည်၊ ယော​ရှ​ဖတ်​မင်း​ကြီး​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား၍၊ မင်း​ကြီး​သည် မ​တ​ရား​သော​သူ​တို့​ကို မ​စ​သင့်​သ​လော။ ထာ​ဝ​ရ​ဘု​ရား​ကို မုန်း​သော​သူ​တို့​ကို ချစ်​သင့်​သ​လော။ ယ​ခု​ပြု​သော​အ​မှု​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​သည် မင်း​ကြီး​အ​ပေါ်​သို့ သက်​ရောက်​လေ​ပြီ။ 19:3 သို့​သော်​လည်း၊ မင်း​ကြီး​သည် တစ်​ပြည်​လုံး​တွင်၊ အာ​ရှ​ရ​ပင်​တို့​ကို ပယ်​ရှား၍၊ ဘု​ရား​သ​ခင်​ကို​ရှာ​ခြင်း​ငှာ သ​ဘော​ချ​သော​ကြောင့်၊ ကျင့်​သော အ​ကျင့်​ကောင်း​ပါ​ပြီ​ဟု ဆို၏။ 19:4 ထို​နောက်၊ ယော​ရှ​ဖတ်​သည် ယေ​ရု​ရှ​လင်​မြို့၌​နေ၏။ တစ်​ဖန် ဗေ​ရ​ရှေ​ဘ​မြို့​မှ​စ၍၊ ဧ​ဖ​ရိမ်​တောင်​တိုင်​အောင် လှည့်​လည်​သ​ဖြင့်၊ ပြည်​သား​တို့​ကို ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​စေ​တော်​မူ၏။ 19:5 ယု​ဒ​နိုင်​ငံ​တွင်၊ ခိုင်​ခံ့​သော​မြို့​ရှိ​သ​မျှ အ​သီး​အ​သီး​တို့၌ တ​ရား​သူ​ကြီး​တို့​ကို ခန့်​ထား၍၊ 19:6 သင်​တို့​ပြု​သော​အ​မှု​ကို သ​တိ​ပြု​ကြ​လော့။ လူ၏​အ​မှု​ကို​စောင့်၍ တ​ရား​စီ​ရင်​သည်​မ​ဟုတ်။ သင်​တို့​စီ​ရင်​ရာ​တွင်၊ ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို စောင့်၍ စီ​ရင်​ရ​ကြ၏။ 19:7 သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​စိတ်​ရှိ၍ သ​တိ​ပြု​ကြ​လော့။ ငါ​တို့​ဘု​ရား​သ​ခင်​သည် မ​တ​ရား​သော​အ​မှု​ကို လက်​ခံ​ခြင်း၊ လူ​မျက်​နှာ​ကို​ထောက်​ခြင်း၊ တံ​စိုး​စား​ခြင်း အ​ခွင့်​ရှိ​တော်​မ​မူ​ဟု မှာ​ထား​တော်​မူ၏။ 19:8 ယေ​ရု​ရှ​လင်​မြို့၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​မှု​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​သား​အ​ချင်း​ချင်း တ​ရား​တွေ့​မှု​တို့​ကို​လည်း​ကောင်း၊ စီ​ရင်​စေ​ခြင်း​ငှာ လေ​ဝိ​သား၊ ယဇ်​ပု​ရော​ဟိတ်၊ ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး သူ​ကြီး​အ​ချို့​တို့​ကို ခန့်​ထား၍၊ 19:9 သင်​တို့​သည် စုံ​လင်​သော​စိတ်​နှ​လုံး​နှင့် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​လျက်၊ သ​စ္စာ​စောင့်​လျက် စီ​ရင်​ကြ​လော့။ 19:10 အ​မြို့​မြို့၌​နေ​သော အ​မျိုး​သား​ချင်း​တို့​တွင်၊ လူ​အ​သက်​သတ်​ခြင်း​အ​မှု၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက် ပ​ညတ်​တ​ရား​ကို လွန်​ကျူး​ခြင်း​အ​မှု မည်​သည်​ကား၊ သင်​တို့​ရှေ့​သို့​ရောက်​လျှင်၊ သင်​တို့​နှင့် အ​မျိုး​သား​ချင်း​တို့​အ​ပေါ်​သို့ အ​မျက်​တော် သက်​ရောက်​စေ​ခြင်း​ငှာ၊ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​ပြစ်​မှား​ရ​မည်​အ​ကြောင်း သ​တိ​ပေး​ကြ​လော့။ သို့​ပြု​လျှင်၊ ကိုယ်​တိုင်​အ​ပြစ်​လွတ်​ကြ​လိမ့်​မည်။ 19:11 ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​အ​ရာ​ရာ​တွင်၊ ယဇ်​ပု​ရော​ဟိတ်​မင်း အာ​မ​ရိ​သည် သင်​တို့​ကို အုပ်​ချုပ်​ရ၏။ ရှင်​ဘု​ရင်၏ အ​မှု​အ​ရာ​ရာ​တွင်၊ ယု​ဒ​အ​မျိုး​မှာ မင်း​ဖြစ်​သော ဣ​ရှ​မေ​လ​သား​ဇေ​ဗ​ဒိ​သည် အုပ်​ချုပ်​ရ၏။ လေ​ဝိ​သား​တို့​သည်​လည်း၊ အ​မှု​ထမ်း​လု​လင် လုပ်​ရ​ကြ၏။ ရဲ​ရင့်​စွာ စီ​ရင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​သော​သူ​တို့​ဘက်​မှာ နေ​တော်​မူ​မည်​ဟု မှာ​ထား​တော်​မူ၏။