Library · my

Job 35

35:1 တစ်​ဖန်​ဧ​လိ​ဟု​ဆက်၍ မြွက်​ဆို​သည်​ကား၊ ငါ​သည် ဘု​ရား​သ​ခင်​ထက်​သာ၍ ဖြောင့်​မတ်၏​ဟု သင်​ပြော​သော​စ​ကား မှန်​သည်​ထင်​သ​လော။ 35:3 သင်​က၊ ငါ​သည် အ​ဘယ်​အ​ကျိုး​ကို​ရ​သ​နည်း။ ဒု​စ​ရိုက်​ကို မ​ပြု​ဘဲ​နေ​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း​ဟု ဆို​လို၏။ 35:4 သင်​နှင့် သင်၏​အ​ပေါင်း​အ​ဖော်​တို့​စ​ကား​ကို ငါ​ချေ​ပါ​မည်။ 35:5 မိုး​ကောင်း​ကင်​ကို​မျှော်၍၊ သင့်​ထက်​မြင့်​သော မိုး​တိမ်​တို့​ကို ကြည့်​ရှု​လော့။ 35:6 သင်​သည် ဒု​စ​ရိုက်​ကို​ပြု​သော်​လည်း၊ ဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့ ထိ​ခိုက်​နိုင်​သ​နည်း။ ပြစ်​မှား​သော အ​ပြစ်​များ​သော်​လည်း၊ အ​ကျိုး​တော်​ကို အ​ဘယ်​သို့ ဖျက်​နိုင်​သ​နည်း။ 35:7 သင်​သည် ဖြောင့်​မတ်​သော်​လည်း၊ ဘု​ရား​သ​ခင်၏​အ​ကျိုး​တော်​ကို အ​ဘယ်​သို့​ပြု​စု​နိုင်​သ​နည်း။ သင့်​လက်​မှ အ​ဘယ်​ကျေး​ဇူး​ကို ခံ​တော်​မူ​မည်​နည်း။ 35:8 သင်​ပြု​သော​ဒု​စ​ရိုက်​သည် သင်​နှင့်​တူ​သော လူ​သ​တ္တ​ဝါ​ကို​သာ ထိ​ခိုက်​နိုင်၏။ သင်​ပြု​သော​သု​စ​ရိုက်​သည်​လည်း လူ​သား​တို့၌​သာ ကျေး​ဇူး​ပြု​နိုင်၏။ 35:9 များ​ပြား​သော ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​သည် အော်​ဟစ်​တတ်​ကြ၏။ အား​ကြီး​သော​သူ နှိပ်​စက်​သော​ကြောင့်၊ ပြင်း​စွာ​အော်​ဟစ်​တတ်​ကြ၏။ 35:10 သို့​သော်​လည်း ငါ့​ကို​ဖန်​ဆင်း​တော်​မူ​ထ​သော၊ ည​အ​ချိန်၌ သီ​ချင်း​ဆို​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ထ​သော၊ 35:11 မြေ​တိ​ရ​စ္ဆာန် နား​လည်​သည်​ထက် သာ၍​နား​လည်​သော ဉာဏ်​နှင့်​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက်​မ​ရ၊ ထူး​ဆန်း​သော​ပ​ညာ​နှင့်​လည်း​ကောင်း၊ ငါ​တို့​ကို ပြည့်​စုံ​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​သ​နည်း​ဟု အ​ဘယ်​သူ​မျှ မ​မေး​မြန်း​တတ်။ 35:12 ထို​ကြောင့် အ​ဓ​မ္မ​လူ၊ ထောင်​လွှား​စော်​ကား​ခြင်း​ကို​ခံ​ရ၍ အော်​ဟစ်​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် ထူး​တော်​မ​မူ။ 35:13 အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် အ​ချည်း​နှီး​သော​စ​ကား​ကို နား​ထောင်​တော်​မ​မူ။ အ​န​န္တ​တန်​ခိုး​ရှင်​သည် ထို​သို့​သော​စ​ကား​ကို မ​မှတ်​ဘဲ နေ​တော်​မူ၏။ 35:14 ဘု​ရား​သ​ခင်​ကို မ​တွေ့​မ​မြင်​ရ​ဟု သင်​ဆို​သော်​လည်း၊ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​သော​ကြောင့် မျှော်​လင့်​လျက်​နေ​လော့။ 35:15 ယ​ခု​မူ​ကား၊ အ​မျက်​ထွက်၍ ဆုံး​မ​တော်​မ​မူ။ ပြစ်​မှား​သော​အ​ပြစ်​ကို ကျပ်​တည်း​စွာ မှတ်​တော်​မ​မူ​သော​ကြောင့်၊ 35:16 ယော​ဘ​သည် အ​ချည်း​နှီး​သော စ​ကား​ကို မြွက်​ဆို​တတ်၏။ ပ​ညာ​မ​ရှိ​ဘဲ များ​စွာ​ပြော​တတ်​သည်​ဟု မြွက်​ဆို၏။