Library · my

Psalms 120

120:1 အ​ကျွန်ုပ်​သည် ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်​တော်​မူ၏။ 120:2 အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​သက်​ကို သ​စ္စာ​မ​ရှိ​သော​နှုတ်​မှ​လည်း​ကောင်း၊ လှည့်​စား​တတ်​သော လျှာ​မှ​လည်း​ကောင်း ကယ်​နုတ်​တော်​မူ​ပါ။ 120:3 အို လှည့်​စား​တတ်​သော​လျှာ၊ သင်​သည် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ အ​ဘယ်​အ​ကျိုး​ကို ခံ​ရ​သ​နည်း။ 120:4 အား​ကြီး​သော​သူ၏ ထက်​သော​မြား​ကဲ့​သို့​လည်း​ကောင်း၊ ရ​သမ်​သစ်​သား မီး​ခဲ​ကဲ့​သို့​လည်း​ကောင်း ဖြစ်၏။ 120:5 ငါ​သည် မေ​ရှက်​ပြည်၌ တည်း​ခို၍၊ ကေ​ဒါ​တဲ၌​နေ​ရ​သည်​အ​ရာ​မှာ အ​မင်္ဂ​လာ​ရှိ၏။ 120:6 ငြိမ်​သက်​ခြင်း​ကို မုန်း​သော​သူ​တို့​နှင့်​အ​တူ၊ ငါ့​ဝိ​ညာဉ်​သည် ကြာ​မြင့်​စွာ​နေ​ရ​ပါ​သည်​တ​ကား။ 120:7 ငါ​သည် ငြိမ်​သက်​ခြင်း​ဘက်​မှာ နေ၏။ ငါ​ပြော​လျှင်​မူ​ကား၊ သူ​တို့​သည် စစ်​တိုက်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။