Library · my

Psalms 13

13:1 အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို အ​လျှင်း​မ​မှတ်​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မေ့​လျော့​တော်​မူ​မည်​နည်း။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မျက်​နှာ​တော်​ကို ကွယ်​ထား​တော်​မူ​မည်​နည်း။ 13:2 အ​ကျွန်ုပ်​သည် အ​စဉ်​ဝမ်း​နည်း​လျက်၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး တွေး​တော​သော​စိတ် ရှိ​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်၏ ရန်​သူ​သည် အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး အ​ကျွန်ုပ်​ကို အုပ်​စိုး​ရ​ပါ​မည်​နည်း။ 13:3 အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​စ​ကား​ကို မျက်​နှာ​ပြု၍ နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​မျက်​စိ​ကို လင်း​စေ​တော်​မူ​ပါ။ သို့​မ​ဟုတ်​လျှင် အ​သေ​အိပ်​ပျော်​ခြင်း​သို့ ရောက်​ရ​ပါ​မည်။ 13:4 အ​ကျွန်ုပ်၏​ရန်​သူ​က၊ ငါ​နိုင်​ပြီ​ဟု​ဆို၍၊ အ​ကျွန်ုပ်​ကို​နှောင့်​ယှက်​သော သူ​တို့​သည် အ​ကျွန်ုပ်​လှုပ်​ရှား​သည်​ကို ဝမ်း​မြောက်​ကြ​ပါ​လိမ့်​မည်။ 13:5 အ​ကျွန်ုပ်​သည် က​ရု​ဏာ​တော်​ကို ယုံ​ကြည်​ပါ၏။ ကယ်​တင်​တော်​မူ​ခြင်း​အ​ရာ၌ နှ​လုံး​ရွှင်​လန်း​ပါ​လိမ့်​မည်။ 13:6 အ​ကျွန်ုပ်၌ ကျေး​ဇူး​ပြု​တော်​မူ​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။