Library · my

Psalms 30

30:1 အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချီး​မွမ်း​ပါ​မည်။ အ​ကျွန်ုပ်​ကို ဆယ်​နုတ်​တော်​မူ၏။ ရန်​သူ​တို့​သည် အ​ကျွန်ုပ်​အ​ကြောင်း​ကြောင့်၊ ဝမ်း​မြောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ။ 30:2 အို​အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​အော်​ဟစ်၍၊ ကိုယ်​တော်​သည် ချမ်း​သာ​ပေး​တော်​မူ၏။ 30:3 အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို မ​ရ​ဏာ​နိုင်​ငံ​ထဲ​က နုတ်​ယူ​တော်​မူ​ပြီ။ သင်္ချိုင်း​တွင်း​ထဲ​သို့​မ​ဆင်း​စေ​ဘဲ၊ အ​ကျွန်ုပ်​ကို အ​သက်​ချမ်း​သာ​ပေး​တော်​မူ​ပြီ။ 30:4 ထာ​ဝ​ရ​ဘု​ရား၏​သန့်​ရှင်း​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ သန့်​ရှင်း​သော​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လော့။ 30:5 အ​မျက်​တော်​သည် ခ​ဏ​ထွက်၏။ ကျေး​ဇူး​တော်​မူ​ကား၊ တစ်​သက်​လုံး​တည်၏။ ညဥ့်​ဦး​ယံ၌ ငို​ကြွေး​ခြင်း​သည် လာ၍​တည်း​ခို၏။ နံ​နက်​ယံ၌​ကား၊ သီ​ချင်း​ဆို​သော​အ​ခွင့်​ရှိ၏။ 30:6 ငါ​သည် လှုပ်​ရှား​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​လိမ့်​မည်​ဟု ကောင်း​စား​စဉ်​အ​ခါ အ​ကျွန်ုပ်​အောက်​မေ့​ပါ၏။ 30:7 အို​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​တော်​အား​ဖြင့်​သာ အ​ကျွန်ုပ်၏​တောင်​သည် ခိုင်​ခံ့​မြဲ​မြံ​ပါ၏။ မျက်​နှာ​လွှဲ​တော်​မူ​သော​အ​ခါ ဆင်း​ရဲ​ခြင်း​သို့​ရောက်​ပါ၏။ 30:8 အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​အ​သက်​ဆုံး၍၊ 30:9 သင်္ချိုင်း​တွင်း​ထဲ​သို့​ဆင်း​လျှင် အ​ဘယ်​အ​ကျိုး​ရှိ​ပါ​အံ့​နည်း။ 30:10 မြေ​မှုန့်​သည် ကိုယ်​တော်​ကို​ချီး​မွမ်း​ပါ​မည်​လော။ သ​စ္စာ​တော်​ကို​ဖော်​ပြ​ပါ​မည်​လော။ အို​ထာ​ဝ​ရ​ဘု​ရား၊ နား​ထောင်၍ ကယ်​မ​သ​နား​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​စောင့်​မ​တော်​မူ​ပါ​ဟု ကိုယ်​တော်​ကို အ​ကျွန်ုပ်​အော်​ဟစ်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​လျှောက်​ပါ၏။ 30:11 ထို​အ​ခါ အ​ကျွန်ုပ်​ညည်း​တွား​မြည်​တမ်း​ခြင်း​ကို က​ခုန်​ခြင်း​ဖြစ်​စေ​တော်​မူ၏။ အ​ကျွန်ုပ်​ဝတ်​သော လျှော်​တေ​အ​ဝတ်​ကို​ချွတ်၍၊ ဝမ်း​မြောက်​ခြင်း​ခါး​ပန်း​နှင့် စည်း​တော်​မူ၏။ 30:12 သို့​ဖြစ်၍ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် တိတ်​ဆိတ်​စွာ​မ​နေ။ ကိုယ်​တော်​ကို သီ​ချင်း​ဆို​ပါ​မည်။ အို​အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​တော်​ကို အ​စဉ်​အ​မြဲ​ချီး​မွမ်း​ပါ​မည်။