Library · my

Psalms 65

65:1 အို ဘု​ရား​သ​ခင်၊ ဇိ​အုန်​မြို့၌ ကိုယ်​တော်​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ၍ ချီး​မွမ်း​ရ​ပါ၏။ ကိုယ်​တော်​အား​လည်း သ​စ္စာ​ဝတ်​ကို​ဖြေ​ရ​ပါ၏။ 65:2 ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​ထံ​သို့ လူ​သား​အ​ပေါင်း​တို့​သည် ချဉ်း​ကပ်​ရ​ကြ​လိမ့်​မည်။ 65:3 မ​တ​ရား​သော​အ​မှု​သည် အ​လွန်​များ၍ အ​ကျွန်ုပ်​သည် မ​တတ်​နိုင်​ပါ။ သို့​သော်​လည်း၊ အ​ကျွန်ုပ်​တို့ ပြစ်​မှား​ခြင်း အ​ပြစ်​များ​ကို ကိုယ်​တော်​ဖြေ​ရှင်း​တော်​မူ​မည်။ 65:4 တံ​တိုင်း​တော်​အ​တွင်း၌ နေ၍၊ အ​ထံ​တော်​သို့ ချဉ်း​ကပ်​စေ​ခြင်း​ငှာ၊ ကိုယ်​တော် ရွေး​ကောက်​တော်​မူ​သော သူ​သည် မင်္ဂ​လာ​ရှိ​ပါ၏။ သန့်​ရှင်း​သော ဗိ​မာန်​တော်​တည်း​ဟူ​သော အိမ်​တော်၌ ကောင်း​သော​အ​ရာ​တို့​နှင့် အ​ကျွန်ုပ်​တို့​သည် ဝ​ပြော​ကြ​ပါ​စေ​သော။ 65:5 အ​ကျွန်ုပ်​တို့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား၊ အ​ကျွန်ုပ်​တို့၏ ပ​တ္ထ​နာ​ကို​နား​ထောင်၍ အံ့​ဖွယ်​သော​အ​မှု​တို့​ကို တ​ရား​တော်​နှင့်​အ​ညီ ပြ​တော်​မူ၏။ ကိုယ်​တော်​သည် ဝေး​စွာ​သော​မြေ​ကြီး​စွန်း​နှင့်၊ ပင်​လယ်​စွန်း​တို့၌ နေ​သော​သူ​တို့၏ ကိုး​စား​ရာ ဖြစ်​တော်​မူ၏။ 65:6 ကိုယ်​တော်​သည် တန်​ခိုး​နှင့်​ပြည့်​စုံ​သ​ဖြင့်၊ အား​ကြီး၍ တောင်​များ​ကို​တည်​စေ​တော်​မူ၏။ 65:7 သ​မု​ဒ္ဒ​ရာ​မြည်​သံ၊ လှိုင်း​တံ​ပိုး​ဟုန်း​သံ၊ လူ​တို့ ရုန်း​ရင်း​ခတ်​သံ​များ​ကို​လည်း ငြိမ်း​စေ​တော်​မူ၏။ 65:8 အ​ဝေး​ဆုံး​သော​အ​ရပ်​တို့၌ နေ​သော​သူ​တို့​သည် ကိုယ်​တော်၏​နိ​မိတ်​များ​ကို​မြင်၍ ကြောက်​ရွံ့​ကြ​ပါ၏။ နေ​ထွက်​ရာ​အ​ရပ်​နှင့် နေ​ဝင်​ရာ​အ​ရပ်​တို့​ကို ရွှင်​လန်း​စေ​တော်​မူ၏။ 65:9 မြေ​ကြီး​ကို အ​ကြည့်​အ​ရှု​ကြွ​လာ၍၊ မိုး​ကို​များ​စွာ​ရွာ​စေ​လျက်၊ ရေ​နှင့်​ပြည့်​သော ဘု​ရား​သ​ခင်၏ မြစ်​အား​ဖြင့် အ​လွန်​ကြွယ်​ဝ​စေ​တော်​မူ၏။ ထို​သို့​မြေ​ကို​ပြု​ပြင်​ပြီး​မှ၊ မြေ​သား​တို့​အ​ဖို့ စ​ပါး​ကို ပြု​ပြင်​တော်​မူ၏။ 65:10 မြေ​ရိုး​တို့​ကို စို​စွတ်​စေ၍၊ လယ်​ပြင်​ကို တ​ညီ​တည်း​စီ​ရင်​ပြီး​မှ၊ မိုး​ရွာ​သော​အား​ဖြင့် ပျော့​စေ၍၊ ပေါက်​သော​အ​ပင်​များ​ကို ကောင်း​ချီး​ပေး​တော်​မူ၏။ 65:11 နှစ်​တို့​ကို ကျေး​ဇူး​တော်​နှင့် ပတ်​ရစ်​တော်​မူ၍၊ ခြေ​တော်​ရာ​တို့​သည် ဆီ​ဥ​ယို​တတ်​ကြ​ပါ၏။ 65:12 သာ​ယာ​သော တော​အ​ရပ်​တို့​လည်း​ယို၍၊ တောင်​တို့​သည်​လည်း ပီ​တိ​ခါး​စည်း​နှင့် စည်း​လျက်​ရှိ​ကြ​ပါ၏။ 65:13 ကျက်​စား​ရာ​အ​ရပ်​တို့​သည် သိုး​ဆိတ်​စု​တို့​နှင့် ပြည့်​စုံ​လျက်၊ လယ်​ပြင်​တို့​လည်း စ​ပါး​ပင်​နှင့် လွှမ်း​မိုး​လျက်​ရှိ၍၊ ကျူး​ဧ​သော​အ​သံ​နှင့် သီ​ချင်း​ဆို​ကြ​ပါ၏။