Library · my

Exodus 36

36:1 ထို​သို့ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ဆောင်​စ​ရာ​ဖို့၊ အ​မျိုး​မျိုး​သော​အ​လုပ်​ကို လုပ်​တတ်​သော​ဉာဏ်​ပ​ညာ​ကို ထာ​ဝ​ရ​ဘု​ရား​ပေး​သွင်း​တော်​မူ​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဗေ​ဇ​လေ​လ၊ အ​ဟော​လျ​ဘ​တို့​သည် အ​လုပ်​လုပ်​ကြ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​လေ၏။ 36:2 တစ်​ဖန် မော​ရှေ​သည်၊ ဗေ​ဇ​လေ​လ၊ အ​ဟော​လျ​ဘ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဉာဏ်​သ​ဘော​ကို​ရ၍၊ အ​လုပ်​လုပ်​ချင်​သော စေ​တ​နာ​စိတ်​ရှိ​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ခေါ်​ပြီး​လျှင်၊ 36:3 သန့်​ရှင်း​ရာ​ဌာ​န​နှင့် အ​မှု​တော်​ထမ်း​ရန် တန်​ဆာ​တို့​ကို​လုပ်​ကိုင်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဆောင်​ခဲ့​သော​အ​လှူ​ရှိ​သ​မျှ​ကို ထို​သူ​တို့​သည် မော​ရှေ​လက်​မှ​ခံ​ကြ၏။ ကြည်​ညို​သော​စိတ်​နှင့် လှူ​သော​အ​လှူ​ကို နံ​နက်​တိုင်း​ထပ်၍ ဆောင်​ခဲ့​ကြ​သေး၏။ 36:4 ထို​အ​ခါ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​လုပ်​ကို လုပ်​ကိုင်​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့​သည်၊ အ​သီး​အ​သီး​မိ​မိ​လုပ်​ရာ​မှ၊ 36:5 မော​ရှေ​ထံ​သို့​လာ၍ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော အ​လုပ်​ပြီး​လောက်​ရုံ​မျှ​မ​က၊ ပို၍​ဆောင်​ခဲ့​ကြ​ပါ​ပြီ​ဟု ကြား​ပြော​လျှင်၊ 36:6 မော​ရှေ​က၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ဖို့​လှူ​ခြင်း​ငှာ အ​ဘယ်​ယောက်ျား​မိန်း​မ​မျှ ထပ်​မံ၍​မ​လုပ်​စေ​နှင့်​ဟု စီ​ရင်၍၊ တစ်​တပ်​လုံး၌ ကြော်​ငြာ​စေ​သ​ဖြင့်၊ လူ​များ​အ​လှူ​ဆောင်​ခြင်း​အ​မှု​ကို ဆီး​တား၏။ 36:7 ရ​ခဲ့​သော​ဥ​စ္စာ​သည် အ​လုပ်​ရှိ​သ​မျှ​ကို​ပြီး​စီး​လောက်​ရုံ​မျှ​မ​က ပို​လျက်​ရှိ​သ​တည်း။ 36:8 သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​လုပ်​ကို လုပ်​ကိုင်​သော​သူ​တို့​တွင်၊ ပ​ညာ​ရှိ​သော​သူ​သည် ပိတ်​ချော၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်​ဖြင့် ပြီး​သော ခေ​ရု​ဗိမ်​အ​ရုပ်​နှင့် ချယ်​လှယ်​သော​ပိတ်​ချော ကု​လား​ကာ​ဆယ်​ထည်​ကို လုပ်​လေ၏။ 36:9 ကု​လား​ကာ​သည် အ​လျား​နှစ်​ဆယ်​ရှစ်​တောင်၊ အ​နံ​လေး​တောင်​ရှိ၍၊ ကု​လား​ကာ​ချင်း အ​လျား​အ​နံ​တူ၏။ 36:10 ကု​လား​ကာ​ငါး​ထည်​စီ တစ်​စပ်​တည်း​ချုပ်​လေ၏။ 36:11 ကု​လား​ကာ​တစ်​ထည် ပြင်​ဘက်​ကု​လား​ကာ​နား​ချင်း ဆက်​မီ​ရာ၌ ကွင်း​များ​ကို ပြာ​သော​အ​ထည်​နှင့်​လုပ်၍၊ အ​ခြား​သော ကု​လား​ကာ​ပြင်​ဘက် ကု​လား​ကာ​နား​ချင်း ဆက်​မီ​ရာ၌​လည်း ထို​အ​တူ​လုပ်​လေ၏။ 36:12 ကု​လား​ကာ​တစ်​ထည်၌ ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ အ​ခြား​သော​ကု​လား​ကာ​အ​နား ဆက်​မီ​ရာ၌ ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း လုပ်​သ​ဖြင့်၊ ကွင်း​ချင်း​ဆိုင်​မိ​ကြ၏။ 36:13 ရွှေ​ချောင်း​ငါး​ဆယ်​ကို​လည်း​လုပ်၍၊ ထို​ရွှေ​ချောင်း​ဖြင့် ကု​လား​ကာ​များ​ကို ပူး​တွဲ​သ​ဖြင့် တဲ​တော်​တစ်​ဆောင်​တည်း ဖြစ်​လေ၏။ 36:14 တဲ​တော်​ဖုံး​အုပ်​ဖို့ အ​ခြား​သော​ကု​လား​ကာ ဆယ်​တစ်​ထည်​ကို ဆိတ်​မွေး​နှင့် လုပ်​လေ၏။ 36:15 ကု​လား​ကာ​သည် အ​လျား​အ​တောင်​သုံး​ဆယ်၊ အ​နံ​လေး​တောင်​ရှိ၍ ကု​လား​ကာ​ဆယ်​တစ်​ထည်​တို့​သည် အ​လျား​အ​နံ​ချင်း​တူ၏။ 36:16 ကု​လား​ကာ​ငါး​ထည်​တစ်​စပ်၊ ခြောက်​ထည်​တစ်​စပ်​တည်း ချုပ်​လေ၏။ 36:17 ကု​လား​ကာ​များ​ဆက်​မီ​ရာ၌၊ ပြင်​ဘက်​က​နေ​သော ကု​လား​ကာ​တစ်​ထည်​အ​နား​မှာ ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ဆက်​မီ​သော​အ​ခြား​ကု​လား​ကာ​အ​နား​မှာ ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း လုပ်​လေ၏။ 36:18 ကြေး​ဝါ​ချောင်း​ငါး​ဆယ်​ကို​လည်း​လုပ်၍ အ​ပေါ်​တဲ တစ်​ပိုင်း​နှင့်​တစ်​ပိုင်း​ကို ပူး​တွဲ​သ​ဖြင့်၊ တဲ​တစ်​ဆောင်​တည်း ဖြစ်​လေ၏။ 36:19 အ​ပေါ်​တဲ​ဖုံး​အုပ်​ဖို့ အ​နီ​ဆိုး​သော သိုး​ရေ​ကို​လည်း​ကောင်း၊ ထို​သိုး​ရေ​အ​ပေါ်၌ တ​ဟာ​ရှ​သား​ရေ​ကို​လည်း​ကောင်း လုပ်​လေ၏။ 36:20 တဲ​တော်​ကာ​ရန်​ထောင်​ထား​သော အ​ကာ​ရှ​ပျဉ်​ပြား​တို့​ကို​လည်း လုပ်​လေ၏။ 36:21 ပျဉ်​ပြား​သည် အ​လျား​ဆယ်​တောင်၊ အ​နံ​တစ်​တောင်​ထွာ​ရှိ၏။ 36:22 ထို​ပျဉ်​ပြား​ရှိ​သ​မျှ​တို့၌ ခြေ​ထောက်​နှစ်​ခု​စီ တစ်​တန်း​တည်း​ရှိ​စေ​ခြင်း​ငှာ လုပ်​လေ၏။ 36:23 တဲ​တော်​တောင်​ဘက်၌​ကာ​ရန် ပျဉ်​ပြား​နှစ်​ဆယ်​ကို​လုပ်၍၊ 36:24 ထို​ပျဉ်​ပြား​နှစ်​ဆယ်​တွင်၊ တစ်​ပြား​တစ်​ပြား​အောက်၌ ခြေ​ထောက်​နှစ်​ခု​စီ စွပ်​စ​ရာ​ဖို့ ငွေ​ခြေ​စွပ်​လေး​ဆယ်​ကို​လုပ်​လေ၏။ 36:25 ထို​အ​တူ တဲ​တော်​မြောက်​ဘက်၌​ကာ​ရန် ပျဉ်​ပြား​နှစ်​ဆယ်​ကို​လုပ်၍၊ 36:26 ထို​ပျဉ်​ပြား၌​လည်း ငွေ​ခြေ​စွပ်​လေး​ဆယ်၊ တစ်​ပြား​နှစ်​ခု​စီ​လုပ်​လေ၏။ 36:27 တဲ​တော်​အ​နောက်​ဘက်၌​ကာ​ရန် ပျဉ်​ပြား​ခြောက်​ပြား​ကို​လည်း​ကောင်း၊ 36:28 ထောင့်​တစ်​ဖက်​တစ်​ချက်၌​ကာ​ရန် ပျဉ်​ပြား​နှစ်​ပြား​ကို​လည်း​ကောင်း လုပ်​လေ၏။ 36:29 အ​ထက်၌​လည်း​ကောင်း၊ အောက်၌​လည်း​ကောင်း၊ ကွင်း​ကို​တပ်၍​စေ့​စပ်​လျက် ထောင့်​နှစ်​ခု​ပြီး​လေ၏။ 36:30 ပျဉ်​ပြား​ရှစ်​ပြား၊ ငွေ​ခြေ​စွပ် ဆယ်​ခြောက်​ခု၊ တစ်​ပြား​နှစ်​ခု​စီ​ရှိ​လေ၏။ 36:31 တဲ​တော်၌ ကာ​ရ​သော​ပျဉ်​ပြား​ကို​လျှို​စ​ရာ​ဖို့ အ​ကာ​ရှ​သား ကန့်​လန့်​ကျင် တို့​ကို၊ တစ်​ဖက်​ငါး​ချောင်း​စီ လုပ်​လေ၏။ 36:32 တဲ​တော်​နောက်​ဖေး၌ ကာ​ရ​သော​ပျဉ်​ပြား​ကို​လျှို​စ​ရာ​ဖို့၊ ကန့်​လန့်​ကျင် ငါး​ချောင်း​ကို​လည်း​လုပ်​လေ၏။ 36:33 အ​လယ်​ကန့်​လန့်​ကျင်​ကို ထောင့်​တစ်​ဖက်​တစ်​ချက်၌ ဆုံး​စေ၏။ 36:34 ပျဉ်​ပြား​တို့​ကို ရွှေ​နှင့်​မွမ်း​မံ​လေ၏။ ကန့်​လန့်​ကျင်​လျှို​ဖို့​ရာ ရွှေ​ကွင်း​ကို​လည်း​လုပ်၍ ကန့်​လန့်​ကျင်​တို့​ကို ရွှေ​နှင့်​မွမ်း​မံ​လေ၏။ 36:35 တစ်​နည်း​ကား၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ဖြင့်​ပြီး၍၊ ခေ​ရု​ဗိမ်​အ​ရုပ်​နှင့်၊ ချယ်​လှယ်​သော​ကု​လား​ကာ​တစ်​ထည်​ကို​လည်း​ကောင်း၊ 36:36 ထို​ကု​လား​ကာ​ဖို့ ရွှေ​ချ​သော​အ​ကာ​ရှ​သား​တိုင် လေး​တိုင်​ကို​လည်း​ကောင်း လုပ်​လေ၏။ ထို​တိုင်​တို့​သည် ရွှေ​တံ​စို့​နှင့်​ပြည့်​စုံ၍၊ ငွေ​ခြေ​စွပ်​လေး​ခု​ကို​လည်း သွန်း​လေ၏။ 36:37 တဲ​တော်​တံ​ခါး​ဝ၌​ကာ​ရန်၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော အ​ထည်​ပိတ်​ချော​ဖြင့်​ပြီး၍ ချယ်​လှယ်​သော​ကု​လား​ကာ တစ်​ထည်​ကို​လည်း​ကောင်း၊ 36:38 ထို​ကု​လား​ကာ​ဖို့ တံ​စို့​နှင့်​ပြည့်​စုံ​သော တိုင်​ငါး​တိုင်​ကို​လည်း​ကောင်း လုပ်၍၊ တိုင်​ထိပ်​နှင့် တိုင်​တန်း​တို့​ကို ရွှေ​နှင့်​မွမ်း​မံ​လေ၏။ ကြေး​ဝါ​ခြေ​စွပ်​ငါး​ခု​လည်း ရှိ၏။