Library · my

Exodus 37

37:1 တစ်​ဖန် ဗေ​ဇ​လေ​လ​သည်၊ အ​လျား​နှစ်​တောင်​ထွာ၊ အ​နံ​တစ်​တောင်​ထွာ၊ ဇောက်​တစ်​တောင်​ထွာ​ရှိ​သော သေ​တ္တာ​ကို အ​ကာ​ရှ​သား​နှင့်​လုပ်၍၊ 37:2 သေ​တ္တာ​အ​တွင်း​အ​ပြင်​ကို ရွှေ​စင်​နှင့် မွမ်း​မံ​လေ၏။ သေ​တ္တာ​အ​ပေါ်​နား​ပတ်​လည်၌ ကွပ်​သော​ရွှေ​တန်​ဆာ​ကို​လည်း လုပ်​လေ၏။ 37:3 ရွှေ​လေး​ကွင်း​ကို​သွန်း၍၊ သေ​တ္တာ​လေး​ထောင့်၌ တစ်​မျက်​နှာ နှစ်​ကွင်း​စီ​တပ်​လေ၏။ 37:4 အ​ကာ​ရှ​သား​ထမ်း​ပိုး​ကို​လုပ်၍ ရွှေ​နှင့်​မွမ်း​မံ​ပြီး​မှ၊ 37:5 သေ​တ္တာ​ထမ်း​စ​ရာ​ဖို့ တစ်​ဖက်​တစ်​ချက် ရွှေ​ကွင်း၌​လျှို​ထား​လေ၏။ 37:6 အ​လျား​နှစ်​တောင်​ထွာ၊ အ​နံ​တစ်​တောင်​ထွာ​ရှိ​သော သေ​တ္တာ​အ​ဖုံး​ကို​လည်း၊ ရွှေ​စင်​နှင့်​လုပ်​လေ၏။ 37:7 ရွှေ​ခေ​ရု​ဗိမ်​နှစ်​ပါး​ကို​လည်း၊ သေ​တ္တာ​အ​ဖုံး​တွင် အ​လျား​တစ်​ဖက်​တစ်​ချက်၌ ထု​လုပ်​လေ၏။ 37:8 ထို​သို့ ခေ​ရု​ဗိမ်​နှစ်​ပါး​ကို၊ သေ​တ္တာ​ဖုံး​ကိုယ်​ထဲ​က​ထုတ်၍၊ သေ​တ္တာ​ဖုံး​အ​ပေါ်၌ တစ်​ဖက်​တစ်​ပါး​စီ​လုပ်​ပြီး​လျှင်၊ 37:9 ခေ​ရု​ဗိမ်​နှစ်​ပါး​တို့​သည် မျက်​နှာ​ချင်း​ဆိုင်၍၊ သေ​တ္တာ​ဖုံး​ကို​ရှု​လျက်၊ မိ​မိ​အ​တောင်​ကို​ဖြန့်၍ သေ​တ္တာ​ဖုံး​ကို​မိုး​လျက်​ရှိ၏။ 37:10 အ​လျား​နှစ်​တောင်၊ အ​နံ​တစ်​တောင်၊ အ​မြင့်​တစ်​တောင်​ထွာ​ရှိ​သော​စား​ပွဲ​ကို​လည်း၊ အ​ကာ​ရှ​သား​နှင့် လုပ်၍၊ 37:11 ရွှေ​စင်​နှင့်​မွမ်း​မံ​လေ၏။ စား​ပွဲ​အ​ပေါ်​နား​ပတ်​လည်၌ ကွပ်​သော ရွှေ​တန်​ဆာ​ကို​လည်း​ကောင်း၊ 37:12 အ​နံ​တစ်​လက်​ဝါး​ရှိ​သော ခါး​ပန်း​ကို​လည်း​ကောင်း၊ ခါး​ပန်း​အ​ပေါ်​နား​ပတ်​လည်၌ ကွပ်​သော ရွှေ​တန်​ဆာ​ကို​လည်း​ကောင်း လုပ်​လေ၏။ 37:13 ရွှေ​လေး​ကွင်း​ကို​လည်း​သွန်း၍ ခြေ​ထောက်​လေး​ခု​အ​ထက်၊ စား​ပွဲ​လေး​ထောင့်၌ တပ်​လေ၏။ 37:14 ထို​ရွှေ​ကွင်း​တို့​သည် ခါး​ပန်း​ပေါ်​မှာ​ရှိ၍၊ စား​ပွဲ​ထမ်း​စ​ရာ​ထမ်း​ပိုး​နေ​ရာ ဖြစ်၏။ 37:15 စား​ပွဲ​ထမ်း​စ​ရာ အ​ကာ​ရှ​သား​ထမ်း​ပိုး​ကို​လုပ်၍ ရွှေ​နှင့် မွမ်း​မံ​လေ၏။ 37:16 စား​ပွဲ​တန်​ဆာ​တည်း​ဟူ​သော လင်​ပန်း၊ ဇွန်း၊ အင်​တုံ၊ လောင်း​စ​ရာ ဖ​လား​များ​ကို​လည်း ရွှေ​စင်​နှင့် လုပ်​လေ၏။ 37:17 မီး​ခုံ​ကို​လည်း​ရွှေ​စင်​နှင့်​လုပ်၍၊ မီး​ခုံ​တိုင်​အ​စ​ရှိ​သော​အ​လက်​များ၊ ခွက်​များ၊ ဘူး​သီး​များ၊ ကြာ​ပွင့်​များ​တို့​ကို တစ်​စပ်​တည်း​ထု​လေ​၏။ 37:18 မီး​ခုံ​တိုင် တစ်​ဖက်​တစ်​ချက် သုံး​လက်​စီ​ထွက်၍၊ အ​လက်​ခြောက်​လက်​ရှိ​၏။ 37:19 မီး​ခုံ​တိုင်​ထဲ​က​ထွက်​သော အ​လက်​သုံး​လက်​တွင်၊ တစ်​လက်​တစ်​လက်၌ ဘူး၊ ကြာ​ပွင့်​နှင့်​တ​ကွ ဗာ​တံ​သီး​နှင့် ပုံ​တူ​သော​ခွက်​သုံး​ခွက်​ရှိ၏။ 37:20 မီး​ခုံ​တိုင်၌​လည်း ဘူး၊ ကြာ​ပွင့်​နှင့်​တ​ကွ ဗာ​တံ​သီး​နှင့်​ပုံ​တူ​သော ခွက်​လေး​ခွက်​ရှိ၏။ 37:21 မီး​ခုံ​တိုင်​ထဲ​က​ထွက်​သော အ​လက်​ခြောက်​လက်​ရှိ​သည်​အ​တိုင်း၊ အ​လက်​နှစ်​ဖက်​အောက်၌​လည်း ဘူး​သီး​တစ်​လုံး​စီ​ရှိ၏။ 37:22 ဘူး​များ၊ အ​လက်​များ​တို့​ကို တစ်​ကိုယ်​တစ်​စပ်​တည်း​ဖြစ်​စေ၍ မီး​ခုံ​တစ်​ကိုယ်​လုံး​ကို ရွှေ​စင်​နှင့်​ထု​လုပ်​လေ၏။ 37:23 မီး​ခွက်​ခု​နစ်​လုံး၊ မီး​ညှပ်​နှင့် မီး​ညှပ်​ခံ​စ​ရာ​ခွက်​များ​ကို​လည်း ရွှေ​စင်​နှင့်​လုပ်​လေ၏။ 37:24 မီး​ခုံ​နှင့် မီး​ခုံ​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ရွှေ​စင်​အ​ခွက်​တစ်​ဆယ်​နှင့် လုပ်​သ​တည်း။ 37:25 တစ်​နည်း​ကား၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​စ​ရာ​ယဇ်​ပ​လ္လင်​ကို အ​ကာ​ရှ​သား​နှင့် လုပ်​လေ၏။ ထို​ပ​လ္လင်​သည် အ​လျား​တစ်​တောင်၊ အ​နံ​တစ်​တောင်၊ စ​တု​ရန်း​လေး​ထောင့်​ဖြစ်၍ အ​မြင့်​နှစ်​တောင်​ရှိ​လေ၏။ ဦး​ချို​တို့​ကို​လည်း အ​ကာ​ရှ​သား​ဖြင့်​ပြီး​စေ၏။ 37:26 ပ​လ္လင်​ထိပ်၊ နံ​ရံ၊ ဦး​ချို​တို့​ကို ရွှေ​စင်​နှင့် မွမ်း​မံ၍၊ အ​ပေါ်​နား​ပတ်​လည်၌​ကွပ်​သော ရွှေ​တန်​ဆာ​ကို လုပ်​လေ၏။ 37:27 ရွှေ​တန်​ဆာ​အောက် ပ​လ္လင်​တစ်​ဖက်​တစ်​ချက်​ထောင့်၌ ရွှေ​ကွင်း​နှစ်​ကွင်း​ကို​လုပ်၍ ပ​လ္လင်​ထမ်း​စာ​ရာ ထမ်း​ပိုး​နေ​ရာ​ဖြစ်​၏။ 37:28 ထမ်း​ပိုး​တို့​ကို အ​ကာ​ရှ​သား​နှင့်​လုပ်၍ ရွှေ​နှင့်​မွမ်း​မံ​လေ​၏။ 37:29 ဆေး​သ​မား​အ​တတ်​နှင့် ဆေး​ပေါင်း​ကို​ဖော်​တတ်​သည်​အ​တိုင်း၊ သန့်​ရှင်း​သော လိမ်း​ရန်​နံ့​သာ​ဆီ​ကို​လည်း​ကောင်း၊ နံ့​သာ​မျိုး​နှင့်​ဖော်​သော မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​စင်​ကို​လည်း​ကောင်း လုပ်​လေ၏။