Library · my

Isaiah 12

12:1 ထို​ကာ​လ၌ သင်​မြွက်​ဆို​ရ​မည်​ကား၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။ အ​ကျွန်ုပ်​ကို အ​မျက်​ထွက်​တော်​မူ​သော်​လည်း၊ တစ်​ဖန်​အ​မျက်​တော်​ငြိမ်း၍၊ အ​ကျွန်ုပ်​ကို နှစ်​သိမ့်​စေ​တော်​မူ၏။ 12:2 ဘု​ရား​သ​ခင်​သည် ငါ့​ကို ကယ်​တင်​သော​အ​ရှင် ဖြစ်​တော်​မူ၏။ ကြောက်​လန့်​သော​စိတ်​မ​ရှိ​ဘဲ ရဲ​ရင့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ချီး​မွမ်း​ရာ၊ ငါ​သီ​ချင်း​ဆို​ရာ၊ ငါ့​ကို​ကယ်​တင်​တော်​မူ​သော​အ​ရှင် ဖြစ်​တော်​မူ၏။ 12:3 သင်​တို့​သည် ဝမ်း​မြောက်​သော​စိတ်​နှင့် ကယ်​တင်​ခြင်း စမ်း​ရေ​တွင်း​တို့၌ ရေ​ခပ်​ရ​ကြ​လိမ့်​မည်။ 12:4 ထို​ကာ​လ၌​လည်း ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​ကြ​လော့။ အ​မှု​တော်​တို့​ကို လူ​များ​တို့​တွင် ဖော်​ပြ​ကြ​လော့။ နာ​မ​တော်​သည်​မြင့်​မြတ်​သော​ကြောင့် ချီး​မွမ်း​ကြ​လော့။ 12:5 ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ ထူး​ဆန်း​သော​အ​မှု​ကို ပြု​တော်​မူ​ပြီ။ အ​မှု​တော်​သည် မြေ​တစ်​ပြင်​လုံး၌ ထင်​ရှား​ပါ​စေ။ အို ဇိ​အုန်​သ​တို့​သ​မီး၊ ကြွေး​ကြော်​လော့။ ဝမ်း​မြောက်​သ​ဖြင့် အော်​ဟစ်​လော့။ 12:6 အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား​သည် သင်၏​အ​လယ်၌ ဘုန်း​ကြီး​တော်​မူ၏​ဟု မြွက်​ဆို​ရ​လိမ့်​မည်။