Library · my

Deuteronomy 1

1:1 တော​ကြီး​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ သု​ဖ​မြို့​တစ်​ဖက်၊ ပါ​ရန်​မြို့၊ တော​ဖေ​လ​မြို့၊ လာ​ဗန်​မြို့၊ ဟာ​ဇ​ရုတ်​မြို့၊ ဒိ​ဇ​ဟတ်​မြို့​တို့​အ​လယ်၌ မော​ရှေ​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ဟော​ပြော​သော​စ​ကား​များ​ကို ပြန်​ရ​လေ​သည်​မှာ၊ 1:2 ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သည်၊ စိ​ရ​တောင်​လမ်း​ဖြင့် ဟော​ရပ်​အ​ရပ်​နှင့် ဆ​ယ်​တစ်​ရက်​ခ​ရီး ကွာ​သ​တည်း။ 1:3 မော​ရှေ​သည် ဟေ​ရှ​ဘုန်​မြို့၌​နေ​သော အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်​ကို​လည်း​ကောင်း၊ ဧ​ဒြိ​ပြည်၊ အာ​ရှ​တ​ရုတ်​မြို့၌​နေ​သော ဗာ​ရှန်​ဘု​ရင် ဩ​ဃ​ကို​လည်း​ကောင်း လုပ်​ကြံ​ပြီး​မှ၊ သ​က္က​ရာဇ်​လေး​ဆယ်​ပြည့်၊ ဧ​ကာ​ဒ​သ​မ​လ၊ ပ​ထ​မ​နေ့​ရက်၌ မော​ဘ​ပြည်၊ ယော်​ဒန်​မြစ်​နား​မှာ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​နှင့်​သ​မျှ​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို၍ ဟော​ပြော​သော တ​ရား​စ​ကား​ဟူ​မူ​ကား၊ 1:6 ငါ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ဟော​ရပ်​အ​ရပ်၌ ငါ​တို့​အား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ကာ​လ​အ​ချိန်​စေ့​အောင် ဤ​တောင်၌​နေ​ကြ​ပြီ။ 1:7 လှည့်​လည်၍ ခ​ရီး​သွား​ကြ​လော့။ အာ​မော​ရိ​တောင်​သို့​လည်း​ကောင်း၊ ထို​တောင်​နှင့်​နီး​သော​အ​ရပ်၊ လွင်​ပြင်၊ တောင်​ရိုး၊ ချိုင့်၊ တောင်​မျက်​နှာ၊ ပင်​လယ်​နား​သို့​လည်း​ကောင်း၊ ခါ​နာန်​ပြည်၊ လေ​ဗ​နုန်​တောင်၊ ဥ​ဖ​ရတ်​မြစ်​ကြီး​တိုင်​အောင်​လည်း​ကောင်း သွား​ကြ​လော့။ 1:8 ထို​ပြည်​ကို သင်​တို့​ရှေ့​မှာ ငါ​ထား​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ဘ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​မှ​စ၍၊ သူ​တို့​အ​မျိုး​အ​နွယ်​အား ပေး​မည်​ဟု ကျိန်​တော်​မူ​သော​ပြည်​ကို ဝင်၍​သိမ်း​ယူ​ကြ​လော့​ဟု မိန့်​တော်​မူ၏။ 1:9 ထို​အ​ခါ သင်​တို့​အား​ငါ​ပြော​သည်​ကား၊ သင်​တို့​အ​မှု​ကို ငါ​တစ်​ယောက်​တည်း မ​ထမ်း​နိုင်။ 1:10 သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​များ​ပြား​စေ​တော်​မူ၍၊ သင်​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် ကောင်း​ကင်​ကြယ်​ကဲ့​သို့ ယ​နေ့​ဖြစ်​ကြ၏။ 1:11 သင်​တို့​အ​ဘ​များ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို အ​ဆ​အ​ထောင်​အား​ဖြင့် များ​ပြား​စေ​တော်​မူ​ပါ​စေ​သော။ က​တိ​တော်​ရှိ​သည်​အ​တိုင်း ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ 1:12 သင်​တို့​ပင်​ပန်း​ခြင်း၊ အ​မှု​ဆောင်​ရွက်​ခြင်း၊ ရန်​တွေ့​ခြင်း​ဝန်​ကို ငါ​တစ်​ယောက်​တည်း အ​ဘယ်​သို့​ထမ်း​နိုင်​မည်​နည်း။ 1:13 ဉာဏ်​ပ​ညာ​နှင့်​ပြည့်​စုံ၍ အ​သ​ရေ​ရှိ​သော​သူ​တို့​ကို သင်​တို့​အ​မျိုး​များ​ထဲ​က ရွေး​ပေး​ကြ​လော့။ သူ​တို့​ကို မင်း​အ​ရာ၌​ငါ​ခန့်​ထား​မည်​ဟု ပြော​ဆို​လျှင်၊ 1:14 သင်​တို့​က ကိုယ်​တော်​ပြော​သည်​အ​တိုင်း ပြု​ကောင်း​ပါ​သည်​ဟု ပြန်​ဆို​ကြ၏။ 1:15 ထို​ကြောင့် သင်​တို့​အ​မျိုး​များ၌ အ​သ​ရေ​ရှိ​သော​လူ​ကြီး၊ ပ​ညာ​ရှိ​တို့​ကို ငါ​ရွေး​ချယ်​ပြီး​လျှင်၊ သင်​တို့​တွင် မင်း​လုပ်​ရ​သော​သူ​တည်း​ဟူ​သော လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်၊ အ​ကြပ်​အ​ဆော်​အ​ရာ၌ ခန့်​ထား၏။ 1:16 တ​ရား​သူ​ကြီး​တို့​အား​လည်း၊ သင်​တို့ ညီ​အစ်​ကို၏​အ​မှု​တို့​ကို​နား​ထောင်၍ အ​မျိုး​သား​ချင်း တ​ရား​တွေ့​သည်​ဖြစ်​စေ၊ တစ်​ပါး​အ​မျိုး​သား​နှင့် တွေ့​သည်​ဖြစ်​စေ၊ တ​ရား​သ​ဖြင့်​စီ​ရင်​ကြ​လော့။ 1:17 တ​ရား​အ​မှု​ကို​စီ​ရင်​သော​အ​ခါ အ​ဘယ်​သူ၏​မျက်​နှာ​ကို မ​ထောက်​ရ။ လူ​ငယ်​စ​ကား​ကို လူ​ကြီး​စ​ကား​ကဲ့​သို့ မှတ်​ရ​မည်။ အ​ဘယ်​လူ​ကို​မျှ မ​ကြောက်​ရ။ အ​ကြောင်း​မူ​ကား၊ တ​ရား​အ​မှု​ကို ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော​ကြောင့်​တည်း။ ကိုယ်​တိုင်​မ​စီ​ရင်​တတ်​သော​အ​မှု​ကို ငါ့​ထံ​မှာ​အ​ယူ​ခံ​ရ​မည်။ ငါ​လည်း​နား​ထောင်​မည်​ဟု မှာ​ခဲ့၏။ 1:18 သင်​တို့​ပြု​ရ​သ​မျှ​သော အ​မှု​တို့​ကို​လည်း ထို​အ​ခါ​ငါ​မှာ​ထား​ခဲ့၏။ 1:19 ငါ​တို့​သည် ဟော​ရပ်​အ​ရပ်​မှ​ထွက်​သော​နောက်၊ အာ​မော​ရိ​တောင်​သို့ သွား​သော​လမ်း​နား​မှာ ကြောက်​မက်​ဖွယ်​ဖြစ်၍ သင်​တို့​တွေ့​မြင်​သော တော​ကြီး​အ​လယ်၌၊ ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း လျှောက်​သွား၍၊ ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သို့ ရောက်​ကြ၏။ 1:20 ထို​အ​ခါ​ငါ​က​လည်း၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော အာ​မော​ရိ​တောင်​သို့ သင်​တို့​သည်​ရောက်​ကြ​ပြီ။ 1:21 သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပြည်​တော်​ကို သင်​တို့​ရှေ့​မှာ ထား​တော်​မူ​ပြီ။ သင်​တို့​အ​ဘ​များ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ တက်​သွား၍ သိမ်း​ယူ​ကြ​လော့။ မ​ကြောက်​ကြ​နှင့်။ စိတ်​လည်း​မ​ပျက်​ကြ​နှင့်​ဟု ပြော​ဆို၏။ 1:22 ထို​အ​ခါ သင်​တို့​ရှိ​သ​မျှ​သည် ငါ့​ထံ​သို့​ချဉ်း​ကပ်၍၊ အ​ကျွန်ုပ်​တို့​ရှေ့၌ လူ​တို့​ကို​စေ​လွှတ်​ပါ​မည်။ သူ​တို့​သည် ထို​ပြည်​ကို​စူး​စမ်း​ပြီး​မှ၊ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​လမ်း​သို့​သွား​လျှင် အ​ဘယ်​မြို့​သို့​ရောက်​ရ​မည်​ကို ကြား​ပြော​ကြ​ပါ​လိမ့်​မည်​ဟု၊ 1:23 လျှောက်​ဆို​သော​စ​ကား​ကို ငါ​နှစ်​သက်၍၊ သင်​တို့​တွင် တစ်​မျိုး​တစ်​ယောက်​စီ၊ လူ​ပေါင်း​တစ်​ကျိပ်​နှစ်​ယောက်​တို့​ကို ရွေး​ထား၏။ 1:24 ထို​သူ​တို့​သည် တောင်​ပေါ်​သို့​လှည့်​သွား၍၊ ဧ​ရှ​ကော​လ​ချိုင့်​သို့​ရောက်​သ​ဖြင့် စူး​စမ်း​ကြ၏။ 1:25 ထို​ပြည်၌​ရ​သော သစ်​သီး​ကို​ထမ်း၍ ဆောင်​ခဲ့​လျက်၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​သည် ကောင်း​သော​ပြည်​ဖြစ်၏​ဟု ကြား​ပြော​ကြ​သော်​လည်း၊ 1:26 သင်​တို့​သည်​မ​သွား​ဘဲ၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို​ဆန်​လျက်၊ 1:27 ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​မုန်း၍ ဖျက်​ဆီး​ချင်​သော​ကြောင့်၊ အာ​မော​ရိ​လူ​တို့ လက်၌​အပ်​လို​သော​ငှာ၊ အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သည်​တ​ကား။ 1:28 ငါ​တို့​သည် အ​ဘယ်​သို့​သွား​ရ​မည်​နည်း။ ညီ​အစ်​ကို​တို့​က၊ ထို​ပြည်​သား​တို့​သည် ငါ​တို့​ထက်​သာ၍​ကြီး၏။ အ​ရပ်​လည်း​သာ၍​မြင့်၏။ မြို့​လည်း မိုး​ကောင်း​ကင်​သို့​ထိ​သော မြို့​ရိုး​လည်း​ရှိ၏။ ထို​ပြည်၌​လည်း၊ အာ​န​က​အ​မျိုး​သား​တို့​ကို မြင်​ရ၏​ဟု ငါ​တို့​စိတ်​ကို​ဖျက်​ကြ​ပြီ​ဟု သင်​တို့​သည် တဲ​များ၌​ဆန့်​ကျင်​ဘက်​ပြု​ကြ၏။ 1:29 ထို​အ​ခါ​ငါ​က၊ မ​ထိတ်​လန့်​ကြ​နှင့်၊ သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။ 1:30 သင်​တို့​ရှေ့​မှာ​ကြွ​တော်​မူ​သော သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​မျက်​မှောက်၊ အဲ​ဂု​တ္တု​ပြည်၌​လည်း​ကောင်း၊ 1:31 သင်​တို့​လိုက်​လာ​သော လမ်း​တစ်​လျှောက်​လုံး၊ ဤ​အ​ရပ်​တိုင်​အောင် အ​ဘ​သည် သား​ကို​ချီ​ပိုက်​သ​ကဲ့​သို့၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ချီ​ပိုက်​တော်​မူ​သော ကျေး​ဇူး​တော်​ကို​ခံ​ရာ တော၌​လည်း​ကောင်း၊ သင်​တို့​အ​ဖို့​ပြု​တော်​မူ​သ​ကဲ့​သို့၊ သင်​တို့​ဘက်၌ စစ်​ကူ​တော်​မူ​မည်​ဟု ဆို​သော်​လည်း၊ 1:32 သင်​တို့​တဲ​စ​ခန်း​ချ​ရာ​အ​ရပ်​ကို​ရှာ၍ သင်​တို့​သွား​လ​တ္တံ့​သော​လမ်း​ကို ပြ​ခြင်း​ငှာ၊ ည​အ​ခါ မီး၌​လည်း​ကောင်း၊ နေ့​အ​ခါ မိုး​တိမ်၌​လည်း​ကောင်း၊ သင်​တို့​ရှေ့​မှာ​ကြွ​တော်​မူ​သော သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို ထို​အ​မှု၌ သင်​တို့​မ​ယုံ​ကြ​ပါ​တ​ကား။ 1:34 သင်​တို့​စ​ကား​သံ​ကို ထာ​ဝ​ရ​ဘု​ရား​ကြား၍ အ​မျက်​တော်​ထွက်​လျက်၊ 1:35 သူ​တို့​ဘိုး​ဘေး​တို့​အား ငါ​ပေး​မည်​ဟု ငါ​ကျိန်​ဆို​သော​ပြည်​ကောင်း​ကို၊ ယေ​ဖု​န္နာ၏​သား ကာ​လက်​မှ​တစ်​ပါး၊ ဤ​ဆိုး​သော​လူ​မျိုး တစ်​စုံ​တစ်​ယောက်​မျှ ဆက်​ဆက်​မ​မြင်​ရ။ 1:36 ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လုံး​လုံး​လိုက်​သော​ကြောင့် မြင်​ရ၏။ သူ​နင်း​သော​ပြည်​ကို သူ​မှ​စ၍ သူ၏​သား​မြေး​တို့​အား ငါ​ပေး​မည်​ဟု ကျိန်​ဆို​တော်​မူ၏။ 1:37 သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​လည်း​အ​မျက်​တော်​ထွက်၍၊ သင်​သည် ထို​ပြည်​သို့​မ​ဝင်​စား​ရ။ 1:38 သင့်​လက်​ထောက် နုန်၏​သား​ယော​ရှု​သည် ဝင်​စား​ရ​မည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား အ​မွေ​ခံ​စေ​မည့်​သူ​ဖြစ်​သော​ကြောင့်၊ သူ့​ကို​အား​ပေး​လော့။ 1:39 ရန်​သူ​လု​ယူ​ရာ​ဖြစ်​မည်​ဟု သင်​တို့​ဆို​သော​သူ​ငယ်​များ၊ ထို​အ​ခါ ကောင်း​မ​ကောင်း​ကို ပိုင်း​ခြား​မ​သိ​နိုင်​သေး​သော သား​သ​မီး​များ​တို့​သည် ထို​ပြည်​ကို ဝင်​စား၍၊ ငါ​ပေး​သည်​အ​တိုင်း သိမ်း​ယူ​ကြ​လိမ့်​မည်။ 1:40 သင်​တို့​မူ​ကား၊ လှည့်၍ ဧ​ဒုံ​ပင်​လယ်​လမ်း​ဖြင့် တော​သို့​ခ​ရီး​သွား​ကြ​ဦး​လော့​ဟု မိန့်​တော်​မူ၏။ 1:41 သင်​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​မိ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ ယ​ခု​သွား၍ စစ်​တိုက်​ပါ​မည်​ဟု ငါ့​အား​လျှောက်​ဆို​လျက်၊ လူ​အ​ပေါင်း​တို့​သည် လက်​နက်​စွဲ​ကိုင်​လျက်၊ တောင်​ပေါ်​သို့​တက်​ခြင်း​ငှာ အ​သင့်​နေ​ကြ၏။ 1:42 ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ တက်၍​မ​တိုက်​ကြ​နှင့်။ သင်​တို့​ဘက်၌ ငါ​မ​ရှိ။ တိုက်​လျှင် ရန်​သူ​ရှေ့​မှာ ရှုံး​ရ​ကြ​လိမ့်​မည်​ဟု သင်​တို့​အား​ဆင့်​ဆို​ရ​မည်​အ​ကြောင်း၊ ငါ့​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ 1:43 ငါ​ဆင့်​ဆို​သော်​လည်း သင်​တို့​သည်​နား​မ​ထောင်၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို​ငြင်း​ဆန်၍ ခိုင်​ခံ့​သော​စိတ်​နှင့် တောင်​ပေါ်​သို့​တက်​ကြ၏။ 1:44 ထို​အ​ခါ​တောင်​ပေါ်​မှာ​ရှိ​နှင့်​သော အာ​မော​ရိ​အ​မျိုး​သား​တို့​သည် သင်​တို့​တစ်​ဖက်၌ ထွက်​လာ​လျက်၊ ပျား​များ​အုံ၍​လိုက်​သ​ကဲ့​သို့ သင်​တို့​ကို​လိုက်၍၊ စိ​ရ​အ​ရပ်၊ ဟော​မာ​မြို့​တိုင်​အောင် ဖျက်​ဆီး​ကြ၏။ 1:45 သင်​တို့​သည်​လည်း ပြန်​လာ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ငို​ကြွေး​ကြ၏။ သို့​သော်​လည်း သင်​တို့​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား နား​ထောင်​နား​ယူ​တော်​မ​မူ။ 1:46 ထို​ကြောင့် ကာ​ဒေ​ရှ​အ​ရပ်၌ အ​ရင်​နေ​သ​ကဲ့​သို့ ကြာ​မြင့်​စွာ​နေ​ပြန်​ရ​ကြ၏။