Deuteronomy 2
2:1 တစ်ဖန် ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်အတိုင်း၊ ငါတို့သည်လှည့်၍၊ ဧဒုံပင်လယ်လမ်းဖြင့် တောသို့ခရီးသွားလျက်၊ စိရတောင်ကို ကြာမြင့်စွာလှည့်လည်ကြ၏။
2:2 ထာဝရဘုရားကလည်း၊ သင်တို့သည် ကာလအချိန်စေ့အောင် ဤတောင်ကို လှည့်လည်ကြပြီ။ တစ်ဖန် မြောက်မျက်နှာသို့ သွားကြဦးလော့။
2:4 သင်သည် လူများတို့အားဆင့်ဆိုရမည်မှာ၊ သင်တို့၏ညီအစ်ကို ဧသောအမျိုးသားတို့နေသော စိရပြည်အနားမှာ သင်တို့လျှောက်သွားသောအခါ၊ သူတို့သည် ကြောက်ကြလိမ့်မည်။ ထိုကြောင့် သတိပြုကြလော့။
2:5 သူတို့ကိုအလျှင်းမပြုကြနှင့်။ သူတို့ပြည်ကို သင်တို့အားငါမပေး။ ခြေနင်းရာခန့်ကိုမျှ မပေး။ စိရတောင်ကို ဧသောအား ငါအပိုင်ပေးပြီ။
2:6 သင်တို့သည်စားဖို့ရာအစာကိုလည်းကောင်း၊ သောက်ဖို့ရာရေကိုလည်းကောင်း သူတို့ထံ ငွေနှင့်ဝယ်ရကြမည်။
2:7 သင်တို့ပြုလေရာရာ၌ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ကောင်ချီးပေးတော်မူပြီ။ ဤတောကြီး၌ သင်တို့လှည့်လည်သော အကြောင်းအရာတို့ကို သိတော်မူ၏။ အနှစ်လေးဆယ်ပတ်လုံး သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မူသည်ဖြစ်၍၊ သင်တို့၌ဘာမျှမလိုဟု ဆင့်ဆိုရ၏။
2:8 စိရပြည်မှာနေသော ငါတို့ညီအစ်ကို ဧသောအမျိုးသားတို့အနား၌ လျှောက်လျက် ဧလပ်မြို့၊ ဧဇယုန်ဂါဗာမြို့မှသွားသော လွင်ပြင်လမ်းသို့လိုက်ပြီးလျှင်၊ တစ်ဖန်လှည့်၍ မောဘတောလမ်းဖြင့် သွားကြ၏။
2:9 ထာဝရဘုရားကလည်း၊ မောဘပြည်သားတို့ကို မနှောင့်ယှက်နှင့်။ စစ်မတိုက်နှင့်။ သူတို့ပြည်ကို သင့်အားငါအပိုင်မပေး။ အာရပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အားမိန့်တော်မူ၏။
2:10 ရှေးကာလ၌ အာနကအမျိုးသားကဲ့သို့ ကြီးမြင့်များပြားသောလူ၊ ဧမိမ်အမျိုးသားတို့သည် ထိုပြည်မှာနေကြ၏။
2:11 ထိုသူတို့သည် အာနကအမျိုးသားကဲ့သို့ အလွန်ကြီးမားသော လူတို့အဝင်ဖြစ်သည်ကို လူများထင်မှတ်ကြ၏။ သို့ရာတွင် မောဘပြည်သားတို့သည် ထိုသူတို့ကို ဧမိမ်ဟူ၍ခေါ်ကြ၏။
2:12 ရှေးကာလ၌ ဟောရိလူတို့သည်လည်း စိရပြည်မှာနေကြ၏။ ထိုသူတို့ကို ဧသောအမျိုးသားတို့သည် သုတ်သင်ပယ်ရှင်း၍ သူတို့နေရာ၌နေကြ၏။ ထိုအတူ ထာဝရဘုရား အပိုင်ပေးတော်မူသောပြည်ကို ဣသရေလအမျိုးသားတို့သည် ပြုရကြသတည်း။
2:13 ယခုထ၍ ဇေရက်ချောင်းကိုကူးကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သင်တို့သည် ဇေရက်ချောင်းကို ကူးကြ၏။
2:14 ကာဒေရှဗာနာအရပ်သို့ အရင်ရောက်သောကာလမှစ၍ ဇေရက်ချောင်းကို ကူးသောကာလတိုင်အောင် နှစ်ပေါင်းသုံးဆယ်ရှစ်နှစ် လွန်သတည်း။ ထာဝရဘုရား ကျိန်ဆိုတော်မူသည်အတိုင်း၊ အရင်စစ်သူရဲမျိုးအပေါင်းတို့သည် လူအလုံးအရင်းထဲက သေကြေကွယ်ပျောက်ရကြ၏။
2:15 ထိုသူတို့ မကွယ်မပျောက်မီတိုင်အောင်၊ ထာဝရဘုရားသည် သူတို့ကို အလုံးအရင်းထဲကပယ်ရှားခြင်းငှာ လက်တော်ကို ဆန့်တော်မူ၏။
2:16 စစ်သူရဲအပေါင်းတို့သည် လူစုထဲက သေကြေကွယ်ပျောက်ပြီးမှ၊
2:17 ထာဝရဘုရားက၊ သင်သည်မောဘပြည်၊ အာရနယ်အလယ်၌ ယနေ့လျှောက်သွားရမည်။
2:19 အမ္မုန်အမျိုးသားတို့အနီးသို့ ရောက်သောအခါ သူတို့ကိုမနှောင့်ယှက်နှင့်၊ အလျှင်းမပြုနှင့်။ အမ္မုန်အမျိုးသားနေသောပြည်ကို သင့်အားငါအပိုင်မပေး၊ ထိုပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အားမိန့်တော်မူ၏။
2:20 ထိုပြည်ကိုလည်း၊ အလွန်ကြီးမားသော သူတို့၏နေရာဖြစ်သည်ဟု လူများထင်မှတ်ကြ၏။ ရှေးကာလ၌ ထိုသို့သောလူတို့သည် နေကြ၏။ သူတို့ကို အမ္မုန်ပြည်သားတို့သည် ဇံဇုမ္မိမ်ဟူ၍ ခေါ်ကြ၏။
2:21 ထိုလူမျိုးသည် အာနကအမျိုးသားကဲ့သို့ ကြီးမြင့်များပြားသောလူ ဖြစ်ကြ၏။ သို့သော်လည်း စိရပြည်၌နေသော ဧသောအမျိုးသားရှေ့မှာ ဟောရိလူတို့ကို ထာဝရဘုရားဖျက်ဆီးတော်မူသဖြင့်၊ သူတို့နေရာ၌ ဧသောအမျိုးသားတို့သည် ယနေ့တိုင်အောင်နေကြသကဲ့သို့၊ အမ္မုန်အမျိုးသားတို့ရှေ့မှာ ဇံဇုမ္မိမ်လူတို့ကို သုတ်သင်ပယ်ရှင်းတော်မူသဖြင့်၊ သူတို့နေရာ၌ အမ္မုန်အမျိုးသားတို့သည် နေကြ၏။
2:23 ထိုအတူ၊ ဟာဇရိမ်မြို့မှစ၍ အဇ္ဇာမြို့တိုင်အောင်နေဖူးသော အာဝိမ်လူတို့ကို၊ ကတ္တောရမြို့မှထွက်သော ကတ္တောရိမ်လူတို့သည် ဖျက်ဆီး၍ သူတို့နေရာ၌နေကြ၏။
2:24 သင်တို့သည် ထ၍ခရီးသွားသဖြင့် အာနုန်မြစ်ကိုကူးကြလော့။ အာမောရိအမျိုး၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်နှင့် သူ၏မြေကို သင်တို့လက်၌ ငါအပ်သောကြောင့်၊ ထိုမြေကိုသိမ်းစပြု၍ ထိုမင်းကိုစစ်တိုက်ကြလော့။
2:25 မိုးကောင်းကင်အောက်၌ ရှိသမျှသောလူမျိုးတို့သည် ယနေ့သင်တို့ကို ကြောက်ရွံ့ထိတ်လန့်စရှိမည်အကြောင်း ငါပြုမည်။ သင်တို့၏သတင်းကိုကြား၍ တုန်လှုပ်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းသို့ ရောက်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
2:26 ငါသည်လည်း၊ ကေဒမုတ်တောမှ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်မင်းထံသို့ သံတမန်တို့ကိုစေလွှတ်လျက်၊
2:27 မင်းကြီး၏ပြည်အလယ်၌ ကျွန်ုပ်လျှောက်သွားပါရစေ။ မင်းလမ်းသို့သာ လိုက်ပါမည်။ လက်ယာဘက်လက်ဝဲဘက်သို့ မလွှဲပါ။
2:28 စိရပြည်၌နေသောဧသောအမျိုးသား၊ အာရပြည်၌နေသော မောဘအမျိုးသားတို့သည် ကျွန်ုပ်၌ပြုသကဲ့သို့ ကျွန်ုပ်စားဖို့ရာအစာကိုလည်းကောင်း၊ သောက်ဖို့ရာရေကိုလည်းကောင်း၊ မင်းကြီးသည် ငွေနှင့်ရောင်းပါလော့။ ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်သို့ ကျွန်ုပ်သည် ယော်ဒန်မြစ်ကိုကူး၍ မရောက်မီတိုင်အောင် မင်းကြီးပြည်အလယ်၌ ခြေဖြင့်သွားရုံမျှသာပြုပါမည်ဟု မိတ်သဟာယစကားနှင့် ပြောဆိုသော်လည်း၊
2:30 ကျွန်ုပ်တို့လျှောက်သွားရသောအခွင့်ကို ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်မင်းသည် မပေး။ အကြောင်းမူကား၊ ယနေ့ထင်ရှားသည်အတိုင်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ထိုမင်းကို သင်တို့လက်၌အပ်ခြင်းငှာ၊ ခက်ထန်သော စိတ်သဘော၊ ခိုင်မာသောနှလုံးကို သူ၌ပေးသွင်းတော်မူ၏။
2:31 ထာဝရဘုရားကလည်း၊ ရှိဟုန်မင်းနှင့် သူ၏မြေကို သင့်အားငါပေးစပြု၏။ ထိုမြေကိုအမွေခံအံ့သောငှာ၊ သိမ်းစပြုလော့ဟု ငါ့အားမိန့်တော်မူ၏။
2:32 ထိုအခါ ရှိဟုန်မင်းသည် သူ၏လူအပေါင်းတို့နှင့်တကွ ယာဟတ်မြို့မှာ ငါတို့ကိုတိုက်ခြင်းငှာ ထွက်လာ၏။
2:33 ငါတို့ဘုရားသခင်ထာဝရဘုရားသည် ထိုမင်းကို ငါတို့၌အပ်တော်မူသဖြင့် သူမှစ၍သားများ၊ လူများအပေါင်းတို့ကို ငါတို့သည်လုပ်ကြံကြ၏။
2:34 ထိုအခါ သူ၏မြို့ရှိသမျှတို့ကို တိုက်ယူ၍၊ ယောက်ျားမိန်းမ သူငယ်တို့ကို တစ်ယောက်မျှမကြွင်းစေခြင်းငှာ ရှင်းရှင်းဖျက်ဆီးကြ၏။
2:35 တိရစ္ဆာန်များ၊ မြို့ရွာ၌လက်ရဥစ္စာများကိုသာ ကိုယ်ဖို့သိမ်းယူကြ၏။
2:36 အာနုန်မြစ်နား၌ရှိသော အာရော်မြို့မှစ၍ ဂိလဒ်မြို့တိုင်အောင်၊ မြစ်နား၌ ရှိသမျှသောမြို့တို့တွင် ငါတို့မအောင်နိုင်သောမြို့ တစ်မြို့မျှမရှိ။ ငါတို့ဘုရားသခင် ထာဝရဘုရားသည် အလုံးစုံတို့ကို ငါတို့၌အပ်တော်မူ၏။
2:37 သို့ရာတွင် အမ္မုန်အမျိုးသားနေသောမြေ၊ ယဗ္ဗုတ်မြစ်နှင့်ဆိုင်သောမြေ၊ တောင်ရိုးမြို့အစရှိသော၊ ငါတို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသောအရာ တစ်စုံတစ်ခုကိုမျှ မချဉ်းရကြ။