Joshua 15
15:1 ယုဒအမျိုးသားတို့သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက် အမွေခံရသောမြေဟူမူကား၊ တောင်မျက်နှာ၌ ဧဒုံပြည်နယ်နှင့် နီးစပ်လျက်၊ တေမန်ပြည်စွန်းမှစ၍ ဇိနတောဖြစ်သော၊
15:2 တောင်ဘက်အပိုင်းအခြားသည် သောဒုံအိုင်၌ တောင်အကွေ့မှထွက်၍၊
15:3 တောင်မျက်နှာနား၊ အကရဗ္ဗိမ်ကုန်းကိုလျှောက်လျက် ဇိနရွာသို့ရောက်လေ၏။ တစ်ဖန် တောင်မျက်နှာနား၊ ကာဒေရှဗာနာရွာ၊ ဟေဇရုန်ရွာ၊ အာဒါရွာ၊ ကာကာရွာ၊
15:4 အဇမုန်ရွာကိုလျှောက်သဖြင့် အဲဂုတ္တုချောင်းသို့လိုက်၍ ပင်လယ်၌ဆုံးလေ၏။
15:5 အရှေ့ဘက်၌ သောဒုံအိုင်သည် ယော်ဒန်မြစ်ဝတိုင်အောင် အရှေ့အပိုင်းအခြားဖြစ်၏။ မြောက်ဘက်အပိုင်းအခြားသည် ယော်ဒန်မြစ်သို့ဆင်းရာ သောဒုံအိုင်ကွေ့မှထွက်၍၊
15:6 ဗေသောဂလရွာသို့လည်းကောင်း၊ ဗေသရာဗရွာ မြောက်နားမှာလျှောက်လျက် ရုဗင်သားဗောဟန်၏ ကျောက်သို့လည်းကောင်း ရောက်လေ၏။
15:7 အာခေါ်ချိုင့်မြောက်ဘက်မှထွက်၍ ဒေဗိရရွာသို့လည်းကောင်း၊ မြစ်တောင်ဘက် အဒုမ္မိမ်ကုန်းရှေ့၌ရှိသော ဂိလဂါလမြို့သို့လည်းကောင်း ရောက်ပြီးမှ၊ အင်ရှေမက်အိုင်၊ အင်္ရောဂေလရွာလမ်းသို့ လိုက်လျက်၊
15:8 ဟိန္နုံသား၏ချိုင့်နား ယေရုရှလင်မြို့တည်ရာ ယေဗုသိအရပ် တောင်ဘက်နားမှာလျှောက်၍ ဟိန္နုံချိုင့်အနောက်၊ ရေဖိမ်ချိုင့်မြောက်ဘက်၌ရှိသော တောင်ပေါ်သို့တက်လေ၏။
15:9 ထိုတောင်ပေါ်မှ ဆင်းပြန်၍၊ နေဖတောစမ်းရေတွင်းကို လျှောက်သဖြင့် ဧဖရုန်တောင်နှင့်ဆိုင်သော မြို့များသို့လည်းကောင်း၊ ကိရယတ်ယာရိမ်မြို့တည်ရာ ဗာလာမြို့သို့လည်းကောင်း၊
15:10 ဗာလာမြို့ အနောက်ဘက်နားမှာလျှောက်လျက် စိရတောင်သို့လည်းကောင်း၊ ခေသလုန်တောင်တည်းဟူသော ယာရိမ်တောင် မြောက်ဘက်နားမှာလျှောက်လျက် ဗက်ရှေမက်မြို့၊ တိမနာမြို့သို့လည်းကောင်း၊
15:11 ဧကြုန်မြို့ မြောက်ဘက်နားမှာလျှောက်လျက် ရှိကြုန်ရွာသို့လည်းကောင်း၊ ဗာလာတောင်သို့လည်းကောင်း၊ ယာဗနေလရွာသို့လည်းကောင်း၊ ရောက်၍ ပင်လယ်၌ဆုံးလေ၏။
15:12 အနောက်ဘက်၌ ပင်လယ်ကြီးနှင့် ပင်လယ်ကမ်းပါးသည် အနောက်အပိုင်းအခြားဖြစ်၏။ ဤရွေ့ကား ယုဒအမျိုးသား အဆွေအမျိုးအလိုက် နေရာပြည်နယ် အပိုင်းအခြားဖြစ်သတည်း။
15:13 ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ယောရှုသည် ယုဒအမျိုးသားတို့တွင် ယေဖုန္နာ၏သား ကာလက်အဖို့ ဟေဗြုန်မြို့တည်းဟူသော အာနကအဘ၊ အာဘ၏မြို့ကို ချပေးလေ၏။
15:14 ထိုမြို့ထဲက ကာလက်သည် အာနကသားသုံးယောက်၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကိုနှင်ထုတ်သောနောက်၊
15:15 ကိရယဿဖောအမည်ဟောင်းရှိသော ဒေဗိရမြို့သားတို့ရှိရာသို့ တစ်ဖန်ချီသွား၍၊
15:16 ကိရယဿဖောမြို့ကို တိုက်ယူလုပ်ကြံသောသူအား ငါသည်သမီးအာခသကို ပေးစားမည်ဟုဆိုလျှင်၊
15:17 ကာလက်ညီ ကေနတ်၏သားဩသံယေလသည် ထိုမြို့ကိုတိုက်ယူ၍ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ၏။
15:18 ထိုမိန်းမသည် ခရီးသွားစဉ်အခါ၊ လယ်တစ်ကွက်ကို အဘ၌တောင်းခြင်းငှာ လင်နှင့်တိုင်ပင်ပြီးမှ မြည်းပေါ်ကဆင်းလေ၏။ အဘကာလက်က အဘယ်အလိုရှိသနည်းဟုမေးလျှင်၊
15:19 သမီးက ကောင်ချီးပေးစေချင်ပါ၏။ ကိုယ်တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေတွင်းတို့ကိုလည်း ပေးတော်မူပါဦးဟုတောင်းသည်အတိုင်း အဘသည် အထက်စမ်းရေတွင်း၊ အောက်စမ်းရေတွင်းတို့ကိုပေးလေ၏။
15:20 ဤရွေ့ကား၊ ယုဒအမျိုးသား အဆွေအမျိုးအလိုက် ခံရသောအမွေမြေ ဖြစ်သတည်း။
15:21 ယုဒအမျိုးသားပိုင်သော မြို့များဟူမူကား၊ ဧဒုံပြည်နှင့်နီးစပ်သော တောင်ပိုင်း၌ ကပ်ဇေလမြို့၊ ဧဒေရမြို့၊ ယာဂုရမြို့၊
15:22 ကိနမြို့၊ ဒိမောနမြို့၊ အာဒဒါမြို့၊
15:23 ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဣသနန်မြို့၊
15:24 ဇိဖမြို့၊ တေလင်မြို့၊ ဗာလုတ်မြို့၊
15:25 ဟာဇော်မြို့သစ်၊ ဟာဇော်မြို့ဟောင်းတည်းဟူသော ဟေဇရုန်မြို့၊
15:26 အာမန်မြို့၊ ရှေမမြို့၊ မောလဒမြို့၊
15:27 ဟာဇာဂဒ္ဒမြို့၊ ဟေရှမုန်မြို့၊ ဗက်ပါလက်မြို့၊
15:28 ဟာဇာရွာလမြို့၊ ဗေရရှေဘမြို့၊ ဗိဇ္ဇောသယာမြို့၊
15:29 ဗာလာမြို့၊ ဣအိမ်မြို့၊ အာဇင်မြို့၊
15:30 ဧလတောလဒ်မြို့၊ ခေသိလမြို့၊ ဟောမာမြို့၊
15:31 ဇိကလတ်မြို့၊ မာဒမန္နာမြို့၊ သံသန္နာမြို့၊
15:32 လေဗောက်မြို့၊ ရှိလဟိမ်မြို့၊ အအိန်မြို့၊ ရိမ္မုန်မြို့၊ ရွာနှင့်တကွ မြို့ပေါင်းကား သုံးဆယ်ခြောက်မြို့တည်း။
15:33 ချိုင့်၌လည်း ဧရှတောလမြို့၊ ဇောရာမြို့၊ အာရှနာမြို့၊
15:34 ဇာနောမြို့၊ အင်္ဂန္နိမ်မြို့၊ တာပွါမြို့၊ ဧနံမြို့၊
15:35 ယာမုတ်မြို့၊ အဒုလံမြို့၊ စောခေါမြို့၊ အဇေကာမြို့၊
15:36 ရှာရိမ်မြို့၊ အဒိသိမ်မြို့၊ ဂဒေရမြို့၊ ဂဒေရောသိမ်မြို့၊ ရွာနှင့်တကွ မြို့ပေါင်းကား၊ ဆယ်ငါးမြို့တည်း။
15:37 ထိုမှတစ်ပါး၊ ဇေနန်မြို့၊ ဟဒါရှမြို့၊ မိဂဒလဂဒ်မြို့၊
15:38 ဒိလန်မြို့၊ မိဇပါမြို့၊ ယောကသေလမြို့၊
15:39 လာခိရှမြို့၊ ဗောဇကတ်မြို့၊ ဧကလုန်မြို့၊
15:40 ကဗ္ဗုန်မြို့၊ လာမံမြို့၊ ကိသလိတ်မြို့၊
15:41 ဂဒေရုတ်မြို့၊ ဗက်ဒါဂုန်မြို့၊ နေမမြို့၊ မက္ကဒါမြို့၊ ရွာနှင့်တကွ ဆယ်ခြောက်မြို့တည်း။
15:42 ထိုမှတစ်ပါး၊ လိဗနမြို့၊ ဧသာမြို့၊ အာရှန်မြို့၊
15:43 ယိဖတမြို့၊ အာရှနာမြို့၊ နေဇိပ်မြို့၊
15:44 ကိလမြို့၊ အာခဇိပ်မြို့၊ မရေရှမြို့၊ ရွာနှင့်တကွ ကိုးမြို့တည်း။
15:45 ထိုမှတစ်ပါး ဧကြုန်မြို့နှင့်သူဆိုင်သော မြို့ရွာများ၊
15:46 ဧကြုန်မြို့မှစ၍ ပင်လယ်တိုင်အောင်၊ အာဇုတ်မြို့နှင့်နီးစပ်သော မြို့ရွာများ၊
15:47 အာဇုတ်မြို့နှင့် သူဆိုင်သော မြို့ရွာများ၊ အဲဂုတ္တုမြစ်၊ ပင်လယ်ကြီး၊ ပင်လယ်ကမ်းပါးတိုင်အောင်၊ ဂါဇမြို့နှင့် သူဆိုင်သော မြို့ရွာများ၊
15:48 တောင်ပေါ်၌လည်း၊ ရှမိရမြို့၊ ယတ္တိရမြို့၊ စောခေါမြို့၊
15:49 ဒန္နမြို့၊ ဒေဗိရမြို့တည်းဟူသော၊ ကိရယဿန္နမြို့၊
15:50 အာနပ်မြို့၊ ဧရှတမောမြို့၊ အာနိမ်မြို့၊
15:51 ဂေါရှင်မြို့၊ ဟောလုန်မြို့၊ ဂိလောမြို့၊ ရွာနှင့် တကွဆယ်တစ်မြို့တည်း။
15:52 အာရပ်မြို့၊ ဒုမာမြို့၊ ဧရှန်မြို့၊
15:53 ယာနုံမြို့၊ ဗက်တာပွါမြို့၊ အာဖက်မြို့၊
15:54 ဟုန္တမြို့၊ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘမြို့၊ ဇိအောရမြို့၊ ရွာနှင့်တကွ ကိုးမြို့တည်း။
15:55 မောင်မြို့၊ ကရမေလမြို့၊ ဇိဖမြို့၊ ယုတ္တမြို့၊
15:56 ယေဇရေလမြို့၊ ယောကဒံမြို့၊ ဇာနောမြို့၊
15:57 ကဣနမြို့၊ ဂိဘာမြို့၊ တိမနမြို့၊ ရွာနှင့်တကွ ဆယ်မြို့တည်း။
15:58 ဟာလဟုလမြို့၊ ဗက်ဇုရမြို့၊ ဂေဒေါ်မြို့၊
15:59 မာရပ်မြို့၊ ဗေသနုတ်မြို့၊ ဧလတေကုန်မြို့၊ ရွာနှင့်တကွခြောက်မြို့တည်း။
15:60 ကိရယတ်ယာရိမ်မြို့တည်းဟူသော ကိရယတ်ဗာလမြို့၊ ရဗ္ဗာမြို့၊ ရွာနှင့်တကွ နှစ်မြို့တည်း။
15:61 တော၌လည်း၊ ဗေသရာဗမြို့၊ မိဒ္ဒိန်မြို့၊ သေကာကမြို့၊
15:62 နိဗရှန်မြို့၊ မေလက်မြို့၊ အင်္ဂေဒိမြို့၊ ရွာနှင့်တကွခြောက်မြို့တည်း။
15:63 ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကိုကား၊ ယုဒအမျိုးသားတို့သည်မနှင်ထုတ်နိုင်ဘဲ သူတို့သည် ယနေ့တိုင်အောင် ယုဒအမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။