2 Kings 11
11:1 အာခဇိမင်း၏မယ်တော်အာသလိသည် မိမိ၏သားတော်အသတ်ခံရကြောင်း သတင်းရသည်နှင့်တစ်ပြိုင်နက် မင်းဆွေ မင်းမျိုးရှိသမျှတို့ကိုသုတ်သင်ပစ်ရန် အမိန့်ပေးလေသည်။-
11:2 အာခဇိ၏သားယောရှတစ်ဦးတည်း သာလျှင် လွတ်မြောက်သွား၏။ အခြားသူ များနှင့်အတူသူ့အားသတ်မည့်ဆဲဆဲ ၌ဒွေးတော်ယောရှေဘကကယ်ဆယ်လိုက် လေသည်။ ယောရှေဘသည်ယဟောရံမင်း ၏သမီးဖြစ်၍ အာခဇိနှင့်အဖေတူ အမေကွဲမောင်နှမတော်သတည်း။ သူ သည်ယောရှအသတ်မခံရစေရန်ယောရှ နှင့်အထိန်းတော်အားခေါ်၍ ဗိမာန်တော် အိပ်ခန်းတွင်ဝှက်ထားလေသည်။-
11:3 ဘုရင်မအဖြစ်ဖြင့်အာသလိနန်းစံနေစဉ် သူသည်ခြောက်နှစ်တိုင်တိုင် ထိုသူငယ်ကို ကျွေးမွေးပြုစုကာဗိမာန်တော်၌ပုန်း အောင်း၍နေစေ၏။
11:4 သို့ရာတွင်သတ္တမမြောက်သောနှစ်သို့ရောက် သောအခါ ယဇ်ပုရောဟိတ်ယောယဒသည် ဘုရင်မ၏ကိုယ်ရံတော်တပ်မှူးများနှင့် နန်းတော်အစောင့်တပ်မှူးများကိုဗိမာန် တော်သို့ခေါ်ပြီးလျှင် မိမိ၏အကြံအစည် အတိုင်းလိုက်နာကြရန်သစ္စာဆိုစေ၏။ ထို နောက်သူသည်ထိုသူတို့အား အာမဇိ မင်း၏သားတော်ယောရှကိုပြပြီးလျှင်၊-
11:5 ``ဥပုသ်နေ့၌တာဝန်ထမ်းဆောင်ရန်လာသော အခါ သင်တို့အနက်သုံးပုံတစ်ပုံသည်နန်း တော်ကိုစောင့်ရကြမည်။-
11:6 နောက်သုံးပုံတစ်ပုံမှာသုရတံခါးဝကို စောင့်ရကြမည်။ ကျန်သုံးပုံတစ်ပုံကမူ ကင်းနောက်တံခါးဝကိုစောင့်ရကြမည်။-
11:7 ဥပုသ်နေ့၌အားလပ်ခွင့်ရသောလူနှစ်စု သည်ကား ရှင်ဘုရင်အားကာကွယ်ရန် ဗိမာန် တော်ကိုစောင့်ရကြမည်။-
11:8 သူတို့သည်ဓားလွတ်ကိုကိုင်ဆောင်ကာရှင် ဘုရင်အား စောင့်ရှောက်ရကြမည်။ မင်းကြီး သွားလေရာသို့သူနှင့်အတူလိုက်ရကြ မည်။ သင်တို့အနီးသို့ချဉ်းကပ်လာသူ မှန် သမျှကိုကွပ်မျက်ရမည်'' ဟုအမိန့်ပေး၏။
11:9 တပ်မှူးတို့သည်ယောယဒ၏ညွှန်ကြားချက် များကိုနာခံလျက် မိမိတို့တပ်များမှဥပုသ် နေ့၌တာဝန်ကျသောတပ်သားများနှင့် အား လပ်ခွင့်ရသည့်တပ်သားများကိုသူ၏ထံ သို့ခေါ်ခဲ့ကြ၏။-
11:10 ယောယဒသည်ထိုတပ်သားတို့အားဗိမာန် တော်တွင် ထားရှိသည့်ဒါဝိဒ်မင်း၏လှံနှင့် ဒိုင်းလွှားများကိုပေးအပ်လေသည်။-
11:11 သူသည်မင်းကြီးကိုကာကွယ်စောင့်ရှောက် ရန်အတွက်ထိုသူတို့အား ဗိမာန်တော် အရှေ့ဘက်တစ်ဝိုက်တွင်ဓားလွတ်များ ကိုကိုင်၍နေရာယူစေ၏။-
11:12 ထိုနောက်ယောယဒသည်ယောရှအားထုတ် ဆောင်လာကာသရဖူကိုဆောင်းစေပြီး လျှင် မင်းကျင့်တရားကျမ်းကိုပေးအပ်၏။ ထို့နောက်သူ့အားဘိသိက်ပေး၍ ဘုရင် ဖြစ်ကြောင်းကြေညာလေသည်။ လူတို့သည် လည်းလက်ခုပ်တီးလျက်``မင်းကြီးသက် တော်ရှည်ပါစေသော'' ဟုကြွေးကြော် ကြကုန်၏။
11:13 အာသလိဘုရင်မသည်အစောင့်တပ်သား များနှင့် လူတို့၏ကြွေးကြော်သံကိုကြား သဖြင့် ပရိသတ်စုဝေးရာဗိမာန်တော်သို့ အဆောတလျင်လာသောအခါ၊-
11:14 ဗိမာန်တော်အဝင်ဝရှိတိုင်အနီး၌ ယုဒ မင်းတို့ဋ္ဌလေ့ထုံးစံရှိသည့်အတိုင်းရပ် လျက်နေသောဘုရင်သစ်ကိုလည်းကောင်း၊ တပ်မှူးများနှင့်တံပိုးခရာမှုတ်သူများ သည် မင်းကြီးကိုခြံရံလျက်လူအပေါင်း တို့ကလည်း ဝမ်းမြောက်ရွှင်လန်းစွာကြွေး ကြော်လျက် တံပိုးခရာများကိုမှုတ်လျက် နေကြသည်ကိုလည်းကောင်းမြင်လျှင် မိမိ၏အဝတ်ကိုဆုတ်လျက်``ပုန်ကန်မှု ပါတကား၊ ပုန်ကန်မှုပါတကား'' ဟု အော်ဟစ်၏။-
11:15 ယောယဒသည်အာသလိအား ဗိမာန်တော် ဝင်းအတွင်း၌ကွပ်မျက်သည်ကိုမလိုလား သဖြင့်``သူ့အားအစောင့်တပ်သားများအကြား မှနေ၍ခေါ်သွားကြလော့၊ သူ့အားကယ်ရန် ကြိုးစားသူမှန်သမျှကိုကွပ်မျက်ကြလော့'' ဟုတပ်မှူးတို့အားအမိန့်ပေးလေသည်။-
11:16 တပ်မှူးတို့သည်လည်းအာသလိကိုဖမ်း ဆီးပြီးလျှင် နန်းတော်သို့ခေါ်ဆောင်ကာ မြင်းတံခါးဝ၌ကွပ်မျက်ကြ၏။
11:17 ယောယဒသည်မင်းကြီးနှင့်တကွပြည်သူ အပေါင်းတို့အား ထာဝရဘုရား၏လူမျိုး တော်ဖြစ်ကြစေရန်ကိုယ်တော်နှင့်ပဋိညာဉ် ဖွဲ့စေလေသည်။ မင်းကြီးနှင့်ပြည်သူတို့ကို လည်းအပြန်အလှန်ပဋိညာဉ်ဖွဲ့စေ၏။-
11:18 ထိုနောက်ပြည်သူတို့သည်ဗာလဘုရားဗိမာန် ကိုဖြိုဖျက်၍ ယဇ်ပလ္လင်များနှင့်ရုပ်တုများကို ချိုးဖဲ့ပြီးလျှင် ယဇ်ပလ္လင်များ၏ရှေ့၌ဗာလ ယဇ်ပုရောဟိတ်မဿန်ကိုကွပ်မျက်ကြ၏။ ယောယဒသည်ဗိမာန်တော်တွင်အစောင့်များ ချထားပြီးနောက်၊-
11:19 တပ်မှူးများ၊ ဘုရင်၏ကိုယ်ရံတော်တပ်သား များ၊ နန်းတော်အစောင့်တပ်သားများနှင့်အတူ မင်းကြီးအားနန်းတော်သို့ပို့ဆောင်ရာပြည်သူ တို့သည် သူတို့၏နောက်မှလိုက်ပါလာကြလေ သည်။ မင်းကြီးသည်ကင်းတံခါးဝမှဝင်တော် မူ၍ရာဇပလ္လင်ပေါ်တွင်ထိုင်တော်မူ၏။-
11:20 အာသလိအားနန်းတော်တွင်လုပ်ကြံနှင့် ပြီးဖြစ်ရာ ပြည်သူအပေါင်းတို့သည်ဝမ်း မြောက်၍မြို့တော်သည်လည်းအေးချမ်း လျက်နေ၏။
11:21 ယောရှသည်အသက်ခုနစ်နှစ်တွင် ယုဒ ပြည်ဘုရင်အဖြစ်နန်းတက်သတည်း။