1 Chronicles 1
1:1 အာဒံ၊ ရှေသ၊ ဧနုတ်၊
1:2 ကာဣနန်၊ မဟာလေလ၊ ယာရက်၊
1:3 ဧနောက်၊ မသုရှလ၊ လာမက်၊
1:4 နောဧ၊ ရှေမ၊ ဟာမ၊ ယာဖက်။
1:5 ယာဖက်၏သားများမှာ ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်နှင့်တိရတ် တို့ဖြစ်ကြ၏။
1:6 ဂေါမာ၏သားများမှာ အာရှကေနတ်၊ ရိဖတ် နှင့်တောဂါမ တို့ဖြစ်ကြ၏။
1:7 ယာဝန်၏သားများမှာ ဧလိရှာ၊ တာရှု၊ ခိတ္တိမ်နှင့်ရောဒနိမ် တို့ဖြစ်ကြ၏။
1:8 ဟာမ၏သားများမှာ ကုရှ၊ မိဇရိမ် ၊ ဖုတနှင့်ခါနာန် တို့ဖြစ်ကြ၏။
1:9 ကုရှ၏သားများမှာ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါ တို့ဖြစ်ကြ၏။ ရာဂမ၏သားများမှာ ရှေဘနှင့်ဒေဒန် တို့ဖြစ်ကြ၏။
1:10 ကုရှသည် သားနိမ်ရောဒကိုရ၏။ နိမ်ရောဒသည် မြေကြီးပေါ်တွင် အဦးဆုံးပေါ်ထွန်းသော လူစွမ်းကောင်းဖြစ်၏။
1:11 မိဇရိမ် မှ လုဒိမ်လူမျိုး၊ အာနမိမ်လူမျိုး၊ လဟာဗိမ်လူမျိုး၊ နတ္တုဟိမ်လူမျိုး၊
1:12 ပါသရုသိမ်လူမျိုး၊ ကာသလုဟိမ်လူမျိုးနှင့် ကတ္တောရိမ်လူမျိုးတို့ ဆင်းသက်လာ၏။ ကာသလုဟိမ်မှ ဖိလိတ္တိလူမျိုး ဆင်းသက်လာ၏။
1:13 ခါနာန်၏သားဦးကား ဆီဒုန် ဖြစ်၏။ ဆီဒုန်မှ ဟေသလူမျိုး၊
1:14 ယေဗုသိလူမျိုး၊ အာမောရိလူမျိုး၊ ဂိရဂါရှိလူမျိုး၊
1:15 ဟိဝိလူမျိုး၊ အာကိလူမျိုး၊ သိနိလူမျိုး၊
1:16 အာဝဒိလူမျိုး၊ ဇေမရိလူမျိုး၊ ဟာမသိလူမျိုး တို့ဆင်းသက်လာ၏။
1:17 ရှေမ၏သားများမှာ ဧလံ၊ အာရှုရ၊ အာဖာဇဒ်၊ လုဒ၊ အာရံ၊ ဥဇ၊ ဟုလ၊ ဂေသာနှင့် မေရှက် တို့ဖြစ်ကြ၏။
1:18 အာဖာဇဒ်၏သားမှာ ရှာလ၊ ရှာလ၏သားမှာ ဧဗာ ဖြစ်၏။
1:19 ဧဗာသည် သားနှစ်ယောက်ကို ရ၏။ တစ်ယောက်မှာ ထိုခေတ်ကမြေကြီးကို ခွဲဝေယူသည်ကို အကြောင်းပြု၍ သူ့ကို ဖာလက် ဟုခေါ်၏။ ကျန်တစ်ယောက်၏အမည်မှာ ယုတ္တန် ဖြစ်၏။
1:20 ယုတ္တန်သည် သားအာလမောဒဒ်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊
1:21 ဟဒေါရံ၊ ဥဇလ၊ ဒိကလ၊
1:22 ဧဗလ၊ အဘိမေလ၊ ရှေဘ၊
1:23 ဩဖိရ၊ ဟဝိလနှင့် ယောဗပ် တို့ကိုရ၏။ သူတို့သည် ယုတ္တန်၏သားများ ဖြစ်ကြ၏။
1:24 ရှေမ၊ အာဖာဇဒ်၊ ရှာလ၊
1:25 ဧဗာ၊ ဖာလက်၊ ရီဦး၊
1:26 စေရောက်၊ နာခေါ်၊ တေရ၊
1:27 အာဗြံ ဟုခေါ်သော အာဗြဟံ။
1:28 အာဗြဟံ၏သားများမှာ ဣဇက်၊ ဣရှမေလ တို့ဖြစ်ကြ၏။
1:29 သူတို့၏သားစဉ်မြေးဆက်များမှာ ဣရှမေလ၏သားဦး နဗာယုတ်၊ ကေဒါ၊ အာဒဗေလ၊ မိဗသံ၊
1:30 မိရှမ၊ ဒုမာ၊ မာစ၊ ဟာဒဒ် ၊ တေမ၊
1:31 ယေတုရ၊ နာဖိရှ၊ ကေဒမာ တို့ဖြစ်ကြ၏။ သူတို့သည် ဣရှမေလ၏သားများ ဖြစ်ကြ၏။
1:32 အာဗြဟံ၏မယားငယ် ကေတုရမွေးဖွားသောသားများမှာ ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်၊ ရှုအာတို့ ဖြစ်ကြ၏။ ယုတ်ရှန်သားများမှာ ရှေဘနှင့် ဒေဒန် တို့ဖြစ်ကြ၏။
1:33 မိဒျန်၏သားများမှာ ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒနှင့်ဧလဒါ တို့ဖြစ်ကြ၏။ သူတို့အားလုံးသည် ကေတုရ၏သားမြေးများ ဖြစ်ကြ၏။
1:34 အာဗြဟံသည် သားဣဇက်ကို ရ၏။ ဣဇက်၏သားများမှာ ဧသောနှင့် အစ္စရေး တို့ဖြစ်ကြ၏။
1:35 ဧသော၏သားများမှာ ဧလိဖတ်၊ ရွေလ၊ ယုရှ၊ ယာလံနှင့်ကောရ တို့ဖြစ်ကြ၏။
1:36 ဧလိဖတ်၏သားများမှာ တေမန်၊ ဩမရ၊ ဇေဖိ ၊ ဂါတံ၊ ကေနတ်၊ တိမနနှင့်အာမလက် တို့ဖြစ်ကြ၏။
1:37 ရွေလ၏သားများမှာ နာဟတ်၊ ဇေရ၊ ရှမ္မနှင့်မိဇ္ဇ တို့ဖြစ်ကြ၏။
1:38 စိရ၏သားများမှာ လောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာနှင့်ဒိရှန် တို့ဖြစ်ကြ၏။
1:39 လောတန်၏သားများမှာ ဟောရိ၊ ဟောမံ တို့ဖြစ်ကြ၏။ လောတန်၏နှမမှာ တိမနဖြစ်၏။
1:40 ရှောဗလ၏သားများမှာ အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖောနှင့်ဩနံ တို့ဖြစ်ကြ၏။ ဇိဘောင်၏သားများမှာ အာယနှင့်အာန တို့ဖြစ်ကြ၏။
1:41 အာန၏သားမှာ ဒိရှုန်၊ ဒိရှုန်၏သားများမှာ ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်နှင့်ခေရန် တို့ဖြစ်ကြ၏။
1:42 ဧဇာ၏သားများမှာ ဗိလဟန်၊ ဇာဝန်နှင့်အာကန် တို့ဖြစ်ကြ၏။ ဒိရှုန်၏သားများမှာ ဥဇနှင့်အာရန် တို့ဖြစ်ကြ၏။
1:43 အစ္စရေးအမျိုးသားတို့ကိုစိုးစံသောဘုရင် မရှိမီ ဧဒုံပြည်ကို စိုးစံသောဘုရင်များမှာ ဤသူတို့တည်း။ ဗောရ၏သားဗေလသည် ဒိန္နာဗာအမည်ရှိသောမြို့တွင် နန်းထိုင်၏။
1:44 ဗေလမင်းကြီး အနိစ္စရောက်သောအခါ ဗောဇရမြို့မှ ဇေရ၏သားယောဗပ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
1:45 ယောဗပ်မင်းကြီး အနိစ္စရောက်သောအခါ တေမန်အမျိုးသားဟုရှံသည် သူ့အရိုက်အရာကို ဆက်ခံ၏။
1:46 ဟုရှံမင်းကြီး အနိစ္စရောက်သောအခါ မောဘပြည်တွင် မိဒျန်လူမျိုးတို့ကို နှိမ်နင်းနိုင်ခဲ့သော ဗေဒဒ်၏သားဟာဒဒ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။ သူနန်းထိုင်သောမြို့၏အမည်မှာ အာဝိတ် ဖြစ်၏။
1:47 ဟာဒဒ်မင်းကြီး အနိစ္စရောက်သောအခါ မာသရက်အရပ်သားစာမလသည် သူ့အရိုက်အရာကို ဆက်ခံ၏။
1:48 စာမလမင်းကြီး အနိစ္စရောက်သောအခါ ယူဖရေးတီးမြစ် နားရှိ ရဟောဘုတ်အရပ်သားရှောလသည် သူ့အရိုက်အရာကို ဆက်ခံ၏။
1:49 ရှောလမင်းကြီး အနိစ္စရောက်သောအခါ အာခဗော်၏သားဗာလဟာနန်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
1:50 ဗာလဟာနန်မင်းကြီး အနိစ္စရောက်သောအခါ ဟာဒဒ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။ ဟာဒဒ်မင်းကြီးနန်းထိုင်သောမြို့၏အမည်မှာ ပေါ ဖြစ်၏။ သူ့မိဖုရားကား မာတရက်၏မြေး၊ မေဇဟပ်၏သမီး မဟေတဗေလ အမည်ရှိ၏။
1:51 ဟာဒဒ်မင်းကြီး အနိစ္စရောက်ပြီးနောက်ပိုင်း ဧဒုံပြည်၏သူကြီးများမှာ သူကြီးတိမန၊ သူကြီးအာလဝ၊ သူကြီးယေသက်၊
1:52 သူကြီးအဟောလိဗာမ၊ သူကြီးဧလာ၊ သူကြီးပိနုန်၊
1:53 သူကြီးကေနတ်၊ သူကြီးတေမန်၊ သူကြီးမိဗဇာ၊
1:54 သူကြီးမာဂဒေလ၊ သူကြီးဣရံ တို့ဖြစ်ကြ၏။ သူတို့သည် ဧဒုံပြည်၏သူကြီးများ ဖြစ်ကြ၏။