Library · my

1 Chronicles 2

2:1 အစ္စရေး​၏​သား​များ​မှာ ရုဗင်​၊ ရှိမောင်​၊ လေဝိ​၊ ယုဒ​၊ ဣသခါ​၊ ဇာဗုလုန်​၊ 2:2 ဒန်​၊ ယောသပ်​၊ ဗင်္ယာမိန်​၊ နဿလိ​၊ ဂဒ်​နှင့်​အာရှာ တို့​ဖြစ်​ကြ​၏​။ 2:3 ယုဒ​၏​သား​များ​မှာ ဧရ​၊ ဩနန်​နှင့်​ရှေလ တို့​ဖြစ်​ကြ​ပြီး ခါနာန်​အမျိုးသမီး ဗာသရှုအာ​သည် ထို​သား​သုံး​ဦး​ကို မွေးဖွား​၏​။ ယုဒ​၏​သားဦး​ဧရ​သည် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​သဖြင့် သူ့​ကို​ကွပ်မျက်​တော်မူ​၏​။ 2:4 ယုဒ​၏​ချွေးမ​တာမာ​သည် ဖာရက်​နှင့်​ဇေရ​တို့​ကို မွေးဖွား​၏​။ ထို့ကြောင့် ယုဒ​တွင် စုစုပေါင်း​သား​ငါး​ယောက် ရှိ​၏​။ 2:5 ဖာရက်​၏​သား​များ​မှာ ဟေဇရုန်​နှင့်​ဟာမုလ တို့​ဖြစ်​ကြ​၏​။ 2:6 ဇေရ​၏​သား​များ​မှာ ဇိမရိ​၊ ဧသန်​၊ ဟေမန်​၊ ကာလကောလ​၊ ဒါရ အားလုံး​ပေါင်း​ငါး​ယောက် ရှိ​၏​။ 2:7 ကာမိ​၏​သား​မှာ အာခါ ဖြစ်​ပြီး သူ​သည် သစ္စာမစောင့် ကျိန်​ခြင်း​ခံရ​သော​ပစ္စည်း​ကို​ယူ​ခြင်း​ဖြင့် အစ္စရေး​လူမျိုး​ကို ဒုက္ခရောက်​စေ​သော​သူ​ဖြစ်​၏​။ 2:8 ဧသန်​၏​သား​မှာ အာဇရိ ဖြစ်​၏​။ 2:9 ဟေဇရုန်​ရ​သော​သား​များ​မှာ ယေရမေလ​၊ ရာမ​၊ ကာလုဘိုင် တို့​ဖြစ်​ကြ​၏​။ 2:10 ရာမ​၏​သား​မှာ အမိနဒပ်​၊ အမိနဒပ်​၏​သား​မှာ ယုဒ​အမျိုးသား​တို့​၏​ခေါင်းဆောင်​နာရှုန် ဖြစ်​၏​။ 2:11 နာရှုန်​၏​သား​မှာ စာလမာ ​၊ စာလမာ​၏​သား​မှာ ဗောဇ ဖြစ်​၏​။ 2:12 ဗောဇ​၏​သား​မှာ​ဩဗက်​၊ ဩဗက်​၏​သား​မှာ ယေရှဲ ဖြစ်​၏​။ 2:13 ယေရှဲ​သည် သားဦး ဧလျာဘ​၊ ဒုတိယ​သား အဘိနဒပ်​၊ တတိယ​သား ရှိမာ​၊ 2:14 စတုတ္ထ​သား နာသနေလ​၊ ပဉ္စမ​သား ရဒ္ဒဲ​၊ 2:15 ဆဋ္ဌမ​သား ဩဇင်​၊ သတ္တမ​သား​ဒါဝိဒ် တို့​ကို​ရ​၏​။ 2:16 သူ​တို့​၏​နှမ​များ​မှာ ဇေရုယာ​နှင့် အဘိဂဲလ တို့​ဖြစ်​၏​။ ဇေရုယာ​၏​သား​များ​မှာ အဘိရှဲ​၊ ယွာဘ​၊ အာသဟေလ အားလုံး​ပေါင်း​သုံး​ယောက် ဖြစ်​၏​။ 2:17 အဘိဂဲလ​သည် အာမသ​ကို မွေးဖွား​၏​။ အာမသ​၏​ဖခင်​မှာ ဣရှမေလ​လူမျိုး ယေသာ ဖြစ်​၏​။ 2:18 ဟေဇရုန်​၏​သား​ကာလက်​က မယား​အဇုဘ​နှင့်​ယေရုတ်​အားဖြင့် သား​များ​ကို​ရ​၏​။ အဇုဘ​၏​သား​များ​မှာ ယေရှာ​၊ ရှောဗပ်​၊ အာဒုန် တို့​ဖြစ်​ကြ​၏​။ 2:19 အဇုဘ ကွယ်လွန်​သွား​လျှင် ကာလက်​သည် ဧဖရတ်​နှင့်​စုံဖက်​၍ သား​ဟုရ​ကို​ရ​၏​။ 2:20 ဟုရ​သည် သား​ဥရိ​ကို​ရ​၏​။ ဥရိ​သည် သား​ဗေဇလေလ​ကို​ရ​၏​။ 2:21 ဟေဇရုန်​သည် အသက်​ခြောက်ဆယ်​အရွယ်​တွင် ဂိလဒ်​၏​ဖခင်​ဖြစ်​သော​မာခိရ​၏​သမီး​ကို​ယူ​၍ သား​စေဂုပ်​ကို​ရ​၏​။ 2:22 စေဂုပ်​သည် သား​ယာဣရ​ကို​ရ​၏​။ ယာဣရ​သည် ဂိလဒ်​ပြည်​တွင် မြို့​နှစ်ဆယ့်​သုံး​မြို့​ကို ပိုင်​၏​။ 2:23 ဂေရှုရ​ပြည်သား​နှင့် ဆီးရီးယား​ပြည်သား​တို့​က ထို​မြို့​များ​ထဲမှ ဟာဝုတ်ယာဣရ​မြို့​ကို​လည်းကောင်း​၊ ကေနတ်​မြို့​နှင့်​ထို​မြို့​ပတ်ဝန်းကျင်​ရှိ​မြို့ရွာ​ပေါင်း​ခြောက်ဆယ်​ကို​လည်းကောင်း သိမ်းပိုက်​လိုက်​ကြ​၏​။ ထို​မြို့​တို့​သည် ဂိလဒ်​၏​ဖခင်​ဖြစ်​သော​မာခိရ​၏​သားမြေး​တို့​ပိုင်​သော​မြို့​များ ဖြစ်​၏​။ 2:24 ဟေဇရုန်​သည် ကာလက်ဧဖရတ်​အရပ်​၌ ကွယ်လွန်​သွား​၏​။ ဟေဇရုန်​၏​မယား​အဘိယ​သည် သား​အာရှုရ​ကို မွေးဖွား​၍ သူ​သည် တေကော​၏​ဖခင် ဖြစ်​၏​။ 2:25 ဟေဇရုန်​၏​သားဦး​ဖြစ်​သော​ယေရမေလ​၏​သား​များ​မှာ သားဦး​ရာမ​၊ ဗုန​၊ ဩရင်​၊ ဩဇင်​နှင့် အဟိယ တို့​ဖြစ်​ကြ​၏​။ 2:26 ယေရမေလ​တွင် အာတရ​ဟု​ခေါ်​သော​မယား​တစ်ဦး ရှိ​သေး​၏​။ သူ​သည် ဩနံ​၏​မိခင် ဖြစ်​၏​။ 2:27 ယေရမေလ​သားဦး​ဖြစ်​သော​ရာမ​၏​သား​များ​မှာ မာဇ​၊ ယာမိန်​၊ ဧကာ တို့​ဖြစ်​ကြ​၏​။ 2:28 ဩနံ​၏​သား​များ​မှာ ရှမ္မဲ​နှင့် ယာဒ တို့​ဖြစ်​ကြ​၏​။ ရှမ္မဲ​၏​သား​များ​မှာ နာဒပ်​နှင့် အဘိရှုရ တို့​ဖြစ်​ကြ​၏​။ 2:29 အဘိရှုရ​၏​မယား​အမည်​မှာ အဘိဟဲလ ဖြစ်​ပြီး သူ​သည် အာဗန်​နှင့်​မောလိဒ် တို့​ကို​မွေးဖွား​၏​။ 2:30 နာဒပ်​၏​သား​များ​မှာ သေလက်​နှင့်​အပ္ပိမ် တို့​ဖြစ်​ကြ​ပြီး သေလက်​သည် သားသမီး​မ​ရှိ​ဘဲ ကွယ်လွန်​သွား​၏​။ 2:31 အပ္ပိမ်​၏​သား​မှာ ဣရှိ​၊ ဣရှိ​၏​သား​မှာ ရှေရှန်​၊ ရှေရှန်​၏​သား​မှာ အာလဲ ဖြစ်​၏​။ 2:32 ရှမ္မဲ​၏​ညီ​ဖြစ်​သော​ယာဒ​၏​သား​များ​မှာ ယေသာ​နှင့်​ယောနသန် တို့​ဖြစ်​ကြ​ပြီး ယေသာ​သည် သားသမီး​မ​ရှိ​ဘဲ ကွယ်လွန်​သွား​၏​။ 2:33 ယောနသန်​၏​သား​များ​မှာ ပေလက်​နှင့်​ဇာဇ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​ကား ယေရမေလ​၏​သားမြေး​များ ဖြစ်​ကြ​၏​။ 2:34 ရှေရှန်​၌ သား​မ​ရှိ​။ သမီး​များ​သာ ရှိ​၏​။ ထို့ပြင် ရှေရှန်​၌ ယာဟ​ဟု​ခေါ်​သော အီဂျစ်​ကျွန်​တစ်​ဦး ရှိ​၏​။ 2:35 ရှေရှန်​သည် သူ့​သမီး​ကို ကျွန်​ယာဟ​နှင့်​ပေးစား​၍ သူ့​သမီး​သည် အတ္တဲ​ကို မွေးဖွား​၏​။ 2:36 အတ္တဲ​သည် သား​နာသန်​ကို​ရ​၏​။ နာသန်​သည် သား​ဇာဗဒ်​ကို​ရ​၏​။ 2:37 ဇာဗဒ်​သည် သား​ဧဖလလ​ကို​ရ​၏​။ ဧဖလလ​သည် သား​ဩဗက်​ကို​ရ​၏​။ 2:38 ဩဗက်​သည် သား​ယေဟု​ကို​ရ​၏​။ ယေဟု​သည် သား​အာဇရိ​ကို​ရ​၏​။ 2:39 အာဇရိ​သည် သား​ဟေလက်​ကို​ရ​၏​။ ဟေလက်​သည် သား​ဧလာသ​ကို​ရ​၏​။ 2:40 ဧလာသ​သည် သား​သိသမဲ​ကို​ရ​၏​။ သိသမဲ​သည် သား​ရှလ္လုံ​ကို​ရ​၏​။ 2:41 ရှလ္လုံ​သည် သား​ယေကမိ​ကို​ရ​၏​။ ယေကမိ​သည် သား​ဧလိရှမာ​ကို​ရ​၏​။ 2:42 ယေရမေလ​၏​ညီ​ဖြစ်​သော​ကာလက်​၏​သား​များ​တွင် သားဦး​မှာ​မေရှ​၊ မေရှ​၏​သား​မှာ ဇိဖ​၊ ဇိဖ​၏​သား​မှာ မရေရှ​၊ မရေရှ​၏​သား​မှာ ဟေဗြုန်​ဖြစ်​၏​။ 2:43 ဟေဗြုန်​၏​သား​များ​မှာ ကောရ​၊ တာပွာ​၊ ရေကင်​၊ ရှေမာ တို့​ဖြစ်​ကြ​၏​။ 2:44 ရှေမာ​သည် သား​ရာဟံ​ကို​ရ​၏​။ ရာဟံ​၏​သား​မှာ ယော်ကောင်​ဖြစ်​၏​။ ရေကင်​သည် သား​ရှမ္မဲ​ကို​ရ​၏​။ 2:45 ရှမ္မဲ​၏​သား​မှာ မောန​၊ မောန​၏​သား​မှာ ဗက်ဇုရ​ဖြစ်​၏​။ 2:46 ကာလက်​၏​မယားငယ်​ဧဖာ​သည် ဟာရန်​၊ မောဇ​၊ ဂါဇက် တို့​ကို​မွေးဖွား​၏​။ ဟာရန်​သည် သား​ဂါဇက်​ကို​ရ​၏​။ 2:47 ယာဒဲ​၏​သား​များ​မှာ ရေဂင်​၊ ယောသံ​၊ ဂေရှံ​၊ ပေလက်​၊ ဧဖာ​၊ ရှာဖ တို့​ဖြစ်​ကြ​၏​။ 2:48 ကာလက်​၏​မယားငယ်​မာခါ​သည် ရှေဗာ​နှင့် တိရဟာန တို့​ကို​မွေးဖွား​၏​။ 2:49 မာဒမေန​၏​ဖခင်​ရှာဖ​၊ မာခဗေန​နှင့်​ဂိဗေ​တို့​၏​ဖခင်​ရှေဝ တို့​ကို​လည်း​မွေးဖွား​၏​။ ကာလက်​၏​သမီး​မှာ အာခသ​ဖြစ်​၏​။ 2:50 ဤ​သူ​တို့​ကား ကာလက်​၏​သားမြေး​များ ဖြစ်​ကြ​၏​။ ဧဖရတ်​၏​သားဦး​ဟုရ​၏​သား​များ​ကား ကိရယတ်ယာရိမ်​၏​ဖခင်​ရှောဗလ​၊ 2:51 ဗက်လင်​၏​ဖခင်​စာလမာ​၊ ဗက်ဂါဒါ​၏​ဖခင်​ဟာရပ် တို့​ဖြစ်​ကြ​၏​။ 2:52 ကိရယတ်ယာရိမ်​၏​ဖခင်​ရှောဗလ​၏​သားမြေး​များ​မှာ ဟာရော​လူမျိုး​နှင့်​မနဟေသိ​လူမျိုး​တစ်ဝက်​ဖြစ်​၏​။ 2:53 ကိရယတ်ယာရိမ်​၏​မျိုးနွယ်စု​များ​မှာ ဣသရိ​လူမျိုး​၊ ဖုဟိ​လူမျိုး​၊ ရှုမသိ​လူမျိုး​၊ မိရှရိ​လူမျိုး တို့​ဖြစ်​ကြ​၏​။ ထို​မှတစ်ဆင့် ဇောရာသိ​လူမျိုး​၊ ဧရှတောလိ​လူမျိုး​တို့ ဆင်းသက်​လာ​၏​။ 2:54 စာလမာ​၏​သားမြေး​များ​မှာ ဗက်လင်​မြို့သား​၊ နေတောဖ​မြို့သား​၊ အတရုတ်ဗက်ယွာဘ​မြို့သား​၊ မနဟေသိ​လူမျိုး​တစ်ဝက်​နှင့် ဇောရိ​လူမျိုး​၊ 2:55 ယာဗက်​မြို့​တွင်​နေထိုင်​သော စာရေးတော်ကြီး​မျိုးနွယ်စု​များ​၊ တိရသိ​လူမျိုး​၊ ရှိမသိ​လူမျိုး​၊ စုခသိ​လူမျိုး​တို့ ဖြစ်​ကြ​၏​။ ဤ​သူ​တို့​သည် ရေခပ်​အမျိုးအနွယ်​၏​ဖခင်​ဟမ္မတ်​မှ​ဆင်းသက်​လာ​သော ကေနိ​လူမျိုး​များ​ဖြစ်​၏​။