1 Chronicles 24
24:1 အာရုန်၏သားမြေးများကို အုပ်စုခွဲထား၏။ အာရုန်၏သားများမှာ နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ဖြစ်ကြ၏။
24:2 နာဒပ်နှင့်အဘိဟုသည် ဖခင်မကွယ်လွန်မီ ဦးစွာကွယ်လွန်သွားကြ၏။ သူတို့၌ သားမထွန်းကားခဲ့။ ထို့ကြောင့် ဧလာဇာနှင့် ဣသမာတို့သည် ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်ကြရ၏။
24:3 ဒါဝိဒ်မင်းကြီးသည် ဧလာဇာ၏သားမြေးများထဲမှ ဇာဒုတ်၊ ဣသမာ၏သားမြေးများထဲမှ အဟိမလက်တို့အား သူတို့ထမ်းဆောင်ရမည့်တာဝန်ကို ခွဲဝေထားပေး၏။
24:4 ဧလာဇာသားမြေးတို့သည် ဣသမာသားမြေးတို့ထက် ခေါင်းဆောင်ပိုများ၏။ ခေါင်းဆောင်များကို ခွဲလိုက်သောအခါ ဧလာဇာသားမြေးတွင် ဘိုးဘေးတို့၏အိမ်ထောင်စုခေါင်းဆောင် တစ်ဆယ့်ခြောက်ယောက်ရှိပြီး ဣသမာသားမြေးတွင် ဘိုးဘေးတို့၏အိမ်ထောင်စုခေါင်းဆောင် ရှစ်ယောက်သာ ရှိ၏။
24:5 ဧလာဇာသားမြေးနှင့် ဣသမာသားမြေးတို့သည် သန့်ရှင်းရာဌာန၏အကြီးအကဲများ၊ ဘုရားသခင်အမှုတော်ဆောင်အကြီးအကဲများဖြစ်သောကြောင့် သူတို့ကို မဲချ၍ ညီတူညီမျှခွဲခန့်ထား၏။
24:6 လေဝိအမျိုး နာသနေလ၏သားစာရေးတော်ရှေမာယသည် သူတို့ကို ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်ဇာဒုတ်၊ အဗျာသာ၏သားအဟိမလက်၊ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများရှေ့မှောက်တွင် စာရင်းသွင်းရေးမှတ်၏။ ဧလာဇာ၏ဘိုးဘေးအိမ်ထောင်စုထဲမှ လူတစ်ဦး၊ ဣသမာ၏ဘိုးဘေးအိမ်ထောင်စုထဲမှ လူတစ်ဦးကို ရွေးကောက်ပြီးလျှင်
24:7 မဲချရာ ပထမမဲကျသူမှာ ယောယရိပ်၊ ဒုတိယမြောက်မဲကျသူမှာ ယေဒါယ၊
24:8 တတိယမြောက်မဲကျသူမှာ ဟာရိမ်၊ စတုတ္ထမြောက်မဲကျသူမှာ စောရိမ်၊
24:9 ပဉ္စမမြောက်မဲကျသူမှာ မာလခိယ၊ ဆဋ္ဌမမြောက်မဲကျသူမှာ မိယာမိန်၊
24:10 သတ္တမမြောက်မဲကျသူမှာ ဟက္ကုတ်၊ အဋ္ဌမမြောက်မဲကျသူမှာ အဘိယ၊
24:11 နဝမမြောက်မဲကျသူမှာ ယေရွှာ၊ ဒသမမြောက်မဲကျသူမှာ ရှေခနိ၊
24:12 တစ်ဆယ့်တစ်ယောက်မြောက်မဲကျသူမှာ ဧလျာရှိပ်၊ တစ်ဆယ့်နှစ်ယောက်မြောက်မဲကျသူမှာ ယာကိမ်၊
24:13 တစ်ဆယ့်သုံးယောက်မြောက်မဲကျသူမှာ ဟုပ္ပ၊ တစ်ဆယ့်လေးယောက်မြောက်မဲကျသူမှာ ယေရှေဗပ်၊
24:14 တစ်ဆယ့်ငါးယောက်မြောက်မဲကျသူမှာ ဗိလဂ၊ တစ်ဆယ့်ခြောက်ယောက်မြောက်မဲကျသူမှာ ဣမေရ၊
24:15 တစ်ဆယ့်ခုနစ်ယောက်မြောက်မဲကျသူမှာ ဟေဇိရ၊ တစ်ဆယ့်ရှစ်ယောက်မြောက်မဲကျသူမှာ အပ်ဇဇ်၊
24:16 တစ်ဆယ့်ကိုးယောက်မြောက်မဲကျသူမှာ ပေသဟိ၊ အယောက်နှစ်ဆယ်မြောက်မဲကျသူမှာ ယေဟဇေလ၊
24:17 နှစ်ဆယ့်တစ်ယောက်မြောက်မဲကျသူမှာ ယာခိန်၊ နှစ်ဆယ့်နှစ်ယောက်မြောက်မဲကျသူမှာ ဂါမုလ၊
24:18 နှစ်ဆယ့်သုံးယောက်မြောက်မဲကျသူမှာ ဒေလာယ၊ နှစ်ဆယ့်လေးယောက်မြောက်မဲကျသူမှာ မာဇိ တို့ဖြစ်ကြ၏။
24:19 ဤသူတို့သည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူခဲ့သည့်အတိုင်း၊ ဘိုးဘေးအာရုန်အားဖြင့် မိန့်မှာထားခဲ့သောစီရင်ထုံးဖွဲ့ချက်အတိုင်း ထာဝရဘုရား၏အိမ်တော်တွင် ဝင်ရောက်အမှုတော်ထမ်းဆောင်ရန် ခန့်ထားခြင်းခံရသူများ ဖြစ်ကြ၏။
24:20 ကျန်လေဝိသားမြေးများဖြစ်သော အာမရံ၏သားရှုဗွေလ၊ ရှုဗွေလ၏သားယေဒေယ၊
24:21 ရေဟဘိအမျိုးမှ ရေဟဘိ၏သားဦး ဣရှိယ၊
24:22 ဣဇဟာအမျိုးမှ ရှေလောမုတ်၊ ရှေလောမုတ်၏သားများထဲမှ ယာဟတ်၊
24:23 ဟေဗြုန်၏သားများမှာ သားဦးယေရိ၊ ဒုတိယသား အာမရိ၊ တတိယသား ယဟာဇေလ၊ စတုတ္ထသား ယေကမံ၊
24:24 ဩဇေလ၏သားများမှာ မိက္ခာ၊ မိက္ခာ၏သား ရှမိရ၊
24:25 မိက္ခာ၏ညီ ဣရှိယ၊ ဣရှိယ၏သား ဇာခရိ တို့ဖြစ်ကြ၏။
24:26 မေရာရိ၏သားများမှာ မဟာလိနှင့် မုရှိ တို့ဖြစ်ကြ၏။ ယာဇိ၏သားမှာ ဗေနော ဖြစ်၏။
24:27 မေရာရိ၏သားမြေးများမှာ ယာဇိမှဆင်းသက်လာသောသား ဗေနော၊ ရှောဟံ၊ ဇက္ကုရ၊ ဣဗရိ တို့ဖြစ်ကြ၏။
24:28 မဟာလိ၏သားမှာ ဧလာဇာဖြစ်၍ သူ၌ သားမထွန်းကားချေ။
24:29 ကိရှအမျိုးမှ ကိရှ၏သားမှာ ယေရမေလ ဖြစ်၏။
24:30 မုရှိ၏သားများမှာ မဟာလိ၊ ဧဒေ၊ ယေရိမုတ် တို့ဖြစ်ကြ၏။ ဤသူတို့သည် ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် လေဝိအမျိုးသားများ ဖြစ်ကြ၏။
24:31 သူတို့သည်လည်း ဆွေမျိုးသားချင်းအာရုန်၏သားမြေးများကဲ့သို့ပင် ဒါဝိဒ်မင်းကြီး၊ ဇာဒုတ်၊ အဟိမလက်နှင့် ယဇ်ပုရောဟိတ်တို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူး၊ လေဝိအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးတို့ရှေ့တွင် ညီအစ်ကိုကြီးငယ်မရွေးမဲချကြ၏။