1 Chronicles 4
4:1 ယုဒ၏သားများမှာ ဖာရက်၊ ဟေဇရုံ၊ ကာမိ၊ ဟုရ၊ ရှောဗလ တို့ဖြစ်ကြ၏။
4:2 ရှောဗလ၏သားရာယသည် သားယာဟတ်ကိုရ၏။ ယာဟတ်သည် သားအဟုမဲနှင့်လာဟဒ် တို့ကိုရ၏။ ဤသူတို့သည် ဇောရာသိမျိုးနွယ်စုများ ဖြစ်ကြ၏။
4:3 ဧတံ၏သားများမှာ ယေဇရေလ၊ ဣရှမ၊ ဣဒဗတ် တို့ဖြစ်ကြ၍ သူတို့နှမ၏အမည်မှာ ဟာဇလေလပေါနိ ဖြစ်၏။
4:4 ပေနွေလသည် ဂေဒေါ်၏ဖခင်၊ ဧဇာသည် ဟုရှ၏ဖခင် ဖြစ်၏။ ဤသူတို့သည် ဗက်လင်၏ဖခင်၊ ဧဖရတ်၏သားဦး ဟုရ၏သားမြေးများ ဖြစ်ကြ၏။
4:5 တေကော၏ဖခင် အာရှုရတွင် ဟေလနှင့်နာရ ဟုခေါ်သောမယားနှစ်ယောက် ရှိ၏။
4:6 နာရသည် အဟုဇံ၊ ဟေဖာ၊ တေမနိ၊ ဟာဟရှတရိ တို့ကိုမွေးဖွား၏။ ဤသူတို့သည် နာရ၏သားများ ဖြစ်ကြ၏။
4:7 ဟေလ၏သားများမှာ ဇေရက်၊ ဇောဟာ ၊ ဧသနန် တို့ဖြစ်ကြ၏။
4:8 ကောဇသည် သားအာနုပ်နှင့်ဇောဗေဒ တို့ကိုရ၏။ ထိုမှ ဟာရုံ၏သား အဟာရေလမျိုးနွယ်စုတို့ ဆင်းသက်လာ၏။
4:9 ယာဗက်သည် အခြားညီအစ်ကိုတို့ထက် ထူးခြားသူဖြစ်၏။ သူ၏မိခင်သည် သူ့ကို ဖွားစဉ်အခါက “ဝေဒနာပြင်းစွာခံပြီး သူ့ကိုမွေးဖွားရသည်”ဟုဆို၍ သူ့ကို ယာဗက်ဟု အမည်မှည့်ခေါ်၏။
4:10 ယာဗက်က အစ္စရေးလူမျိုး၏ဘုရားသခင်ထံ “အကျွန်ုပ်ကို ကောင်းချီးပေးတော်မူပါ။ အကျွန်ုပ်နယ်မြေကို ကျယ်ဝန်းစေတော်မူပါ။ အကျွန်ုပ်နှင့်အတူ ပါရှိတော်မူပြီး ထိခိုက်ဒဏ်ရာရမည့်ဘေးအန္တရာယ်မှ ကွယ်ကာတော်မူပါ”ဟု အော်ဟစ်ဆုတောင်းသောအခါ သူဆုတောင်းသည့်အတိုင်း ဘုရားသခင်ပေးသနားတော်မူ၏။
4:11 ရှုအာ၏ညီ ခေလုပ်သည် သားမဟိရကိုရ၏။ မဟိရသည် သားဧရှတုန်ကိုရ၏။
4:12 ဧရှတုန်သည် သားဗက်ရာဖ၊ ပါသာ၊ တေဟိန္န တို့ကိုရ၏။ တေဟိန္နသည် သားဣရနာဟတ်ကိုရ၏။ ဤသူတို့သည် ရေခါအမျိုးသားများ ဖြစ်ကြ၏။
4:13 ကေနတ်၏သားများမှာ ဩသံယေလနှင့် စရာယ တို့ဖြစ်ကြ၏။ ဩသံယေလ၏သားများမှာ ဟာသတ်နှင့် မောနောသဲ တို့ဖြစ်ကြ၏။
4:14 မောနောသဲသည် သားဩဖရကိုရ၏။ စရာယသည် သားယွာဘကိုရ၏။ ယွာဘသည် သားဂေဟာရရှိန်ကိုရ၏။ သူတို့သည် လက်မှုပညာသည်များ ဖြစ်ကြ၏။
4:15 ယေဖုန္နာ၏မြေး၊ ကာလက်၏သားများမှာ ဣရု၊ ဧလာ၊ နာမ တို့ဖြစ်ကြ၏။ ဧလာ၏သားမှာ ကေနတ် ဖြစ်၏။
4:16 ယေဟလလေလ၏သားများမှာ ဇိဖ၊ ဇိဖာ၊ တိရိ၊ အာသရေလ တို့ဖြစ်ကြ၏။
4:17 ဧဇရာ၏သားများမှာ ယေသာ၊ မေရက်၊ ဧဖေရ၊ ယာလုန် တို့ဖြစ်ကြ၏။ မေရက်၏မယား ဖာရော၏သမီးဗိသဟာသည် မိရိအံ၊ ရှမ္မဲ၊ ဧရှတမော၏ဖခင်ဣရှဘ တို့ကိုမွေးဖွား၏။
4:18 မေရက်၏မယား ယေဟုဒိသည်လည်း ဂေဒေါ်၏ဖခင်ယေရက်၊ စောခေါ၏ဖခင်ဟေဗာနှင့် ဇာနော၏ဖခင်ယေကုသေလ တို့ကိုမွေးဖွား၏။
4:19 နာဟံ၏နှမ၊ ဟောဒိယ၏မယားမှမွေးဖွားသောသားများမှာ ဂါမိလူမျိုးကိလ၏ဖခင်နှင့် မာခါသိလူမျိုးဧရှတမော၏ဖခင် တို့ဖြစ်ကြ၏။
4:20 ရှိမုန်၏သားများမှာ အာမနုန်၊ ရိန္န၊ ဗင်္ဟာနန်၊ တိလုန် တို့ဖြစ်ကြ၏။ ဣရှိ၏သားများမှာ ဇောဟက်၊ ဗင်ဇောဟက် တို့ဖြစ်ကြ၏။
4:21 ယုဒ၏မြေး၊ ရှေလ၏သားများမှာ လေက၏ဖခင်ဧရ၊ မရေရှ၏ဖခင်လာဒ၊ ပိတ်ချောထည်ရက်လုပ်သူ အာရှဗာမျိုးနွယ်စု၊
4:22 ယောကိမ်၊ ခေါဇေဘအမျိုးသား၊ မောဘသမီးပျိုတို့နှင့်စုံဖက်သောယောရှနှင့် သာရပ်၊ ယာရှုဗိလင် တို့ဖြစ်ကြ၏။ ဤသည်ကား ရှေးမှတ်တမ်းများဖြစ်၏။
4:23 သူတို့သည် အိုးထိန်းသည်များ ဖြစ်ကြပြီး နတိမ်မြို့၊ ဂဒေရမြို့တို့တွင် နေထိုင်ကြ၏။ ရှင်ဘုရင်နှင့်အတူ ထိုအရပ်တွင်နေထိုင်ပြီး ဘုရင့်အမှုတော်ကို ထမ်းဆောင်ကြ၏။
4:24 ရှိမောင်၏သားများမှာ နေမွေလ ၊ ယာမိန်၊ ယာရိပ်၊ ဇေရ၊ ရှောလ တို့ဖြစ်ကြ၏။
4:25 ရှောလ၏သားမှာ ရှလ္လုံ၊ ရှလ္လုံ၏သားမှာ မိဗသံ၊ မိဗသံ၏သားမှာ မိရှမ ဖြစ်၏။
4:26 မိရှမ၏သားမှာ ဟမွေလ၊ ဟမွေလ၏သားမှာ ဇက္ကုရ၊ ဇက္ကုရ၏သားမှာ ရှိမိ ဖြစ်၏။
4:27 ရှိမိ၌ သားတစ်ဆယ့်ခြောက်ယောက်၊ သမီးခြောက်ယောက် ရှိသော်လည်း ကျန်သူ့ညီအစ်ကိုများမှာ သားသမီးမများပေ။ ထို့ကြောင့် သူတို့၏မျိုးနွယ်သည် ယုဒအမျိုးသားလောက် မများပေ။
4:28 သူတို့သည် ဗေရရှေဘမြို့၊ မောလဒါမြို့၊ ဟာဇာရွာလမြို့၊
4:29 ဗိလဟာမြို့၊ ဧဇင်မြို့၊ တောလဒ်မြို့၊
4:30 ဗေသွေလမြို့၊ ဟောမာမြို့၊ ဇိကလတ်မြို့၊
4:31 ဗက်မာကဗုတ်မြို့၊ ဟာဇသုသိမ်မြို့၊ ဗက်ဗိရိမြို့၊ ရှာရိမ်မြို့တို့တွင် နေထိုင်ကြ၏။ သူတို့သည် ဒါဝိဒ်မင်းကြီးလက်ထက်တိုင်အောင် ထိုမြို့တို့တွင် နေထိုင်ကြ၏။
4:32 သူတို့နေထိုင်သောမြို့ရွာများမှာ ဧတံ၊ အဣန၊ ရိမ္မုန်၊ တောခင်၊ အာရှန် စသောမြို့ငါးမြို့နှင့်
4:33 ထိုမြို့တို့၏ဝန်းကျင်ရှိရွာများမှစ၍ ဗာလမြို့နှင့်ဝန်းကျင်ရှိရွာများတိုင်အောင် နေထိုင်ကြ၏။ ဤသည်ကား သူတို့နေထိုင်ရာမြို့ရွာများနှင့် သူတို့၏မျိုးရိုးစဉ်ဆက်မှတ်တမ်းဖြစ်၏။
4:34 မေရှောဗပ်၊ ယာမလက်၊ အာမဇိသားယောရှ၊
4:35 ယောလနှင့် အာသေလ၏မြစ်၊ စရာယ၏မြေး၊ ယောရှိဘိ၏သား ယေဟု၊
4:36 ဧလိဩနဲ၊ ယာကောဘ၊ ယေရှောဟာယ၊ အသာယ၊ အဒျေလ၊ ယေသိမျေလ၊ ဗေနာယ၊
4:37 ရှေမာယ၏တွတ်၊ ရှိမရိ၏တီ၊ ယေဒါယ၏မြစ်၊ အလ္လုန်၏မြေး၊ ရှိဖိ၏သား ဇိဇ စသော
4:38 အမည်နှင့်ရေးမှတ်ထားသူတို့မှာ သူတို့၏မျိုးနွယ်စုခေါင်းဆောင်များ ဖြစ်ကြ၏။ သူတို့ဘိုးဘေးတို့၏အမျိုးအနွယ်မှာလည်း အလွန်တိုးပွားလျက် ရှိကြ၏။
4:39 သူတို့သည် ဂေဒေါ်မြို့အဝင် အရှေ့ဘက်ချိုင့်ဝှမ်းလွင်ပြင်အထိ သွား၍ သိုးအုပ်အတွက် စားကျက်မြေကို ရှာဖွေကြရာ
4:40 စားကျက်မြေပေါများ၍ စားကျက်မြေကောင်းသောနေရာ၊ မြေနေရာကျယ်ဝန်းပြီး အေးချမ်းသာယာသောနေရာကို ရှာတွေ့သွားကြ၏။ ထိုနေရာတို့သည် ယခင်က ဟာမအမျိုးသားများ နေထိုင်ခဲ့သောနေရာ ဖြစ်၏။
4:41 ထိုအမည်နှင့်ရေးမှတ်ထားသောသူတို့သည် ယုဒဘုရင် ဟေဇကိမင်းကြီးလက်ထက်တွင် ထိုနေရာသို့လာ၍ ဟာမအမျိုးတို့နေရာတဲများနှင့် ထိုအရပ်တွင်နေထိုင်ကြသောမဟုနိမ်လူမျိုးတို့ကို တိုက်ခိုက်ဖျက်ဆီးသဖြင့် လုံးလုံးပျက်စီးသွားခဲ့သည်မှာ ယနေ့တိုင်အောင် ဖြစ်၏။ ထိုနေရာတွင် သူတို့၏သိုးများအတွက် စားကျက်မြေရှိသောကြောင့် ထိုနေရာတွင် နေထိုင်ကြ၏။
4:42 ဣရှိ၏သားများဖြစ်သော ပေလတိ၊ နာရိ၊ ရေဖာယ၊ ဩဇေလတို့သည် ရှိမောင်အမျိုးသားအယောက်ငါးရာကို ဦးဆောင်ပြီး စိရတောင်ပေါ်သို့ တက်သွားကြကာ
4:43 ထိုအရပ်၌ လွတ်မြောက်၍ကြွင်းကျန်နေသောအာမလက်လူမျိုးတို့ကို သုတ်သင်ပြီး ထိုအရပ်တွင် နေထိုင်ခဲ့ကြသည်မှာ ယနေ့တိုင်အောင် ဖြစ်၏။