Library · my

1 Chronicles 3

3:1 ဟေဗြုန်​မြို့​၌ ဒါဝိဒ်​မင်းကြီး​ရ​သော​သား​များ​တွင် သားဦး​မှာ ယေဇရေလ​မြို့သူ​အဟိနောင်​နှင့်​ရ​သော​အာမနုန်​၊ ဒုတိယ​သား​မှာ ကရမေလ​မြို့သူ​အဘိဂဲလ​နှင့်​ရ​သော​ဒံယေလ​၊ 3:2 တတိယ​သား​မှာ ဂေရှုရ​ဘုရင်​တာလမဲ​မင်းကြီး​၏​သမီး​တော် မာခါ​နှင့်​ရ​သော​အဗရှလုံ​၊ စတုတ္ထ​သား​မှာ ဟဂ္ဂိတ်​နှင့်​ရ​သော​အဒေါနိယ​၊ 3:3 ပဉ္စမ​သား​မှာ အဘိတလ​နှင့်​ရ​သော​ရှေဖတိ​၊ ဆဋ္ဌမ​သား​မှာ မိဖုရား​ဧဂလာ​နှင့်​ရ​သော​ဣသရံ တို့​ဖြစ်​ကြ​၏​။ 3:4 ဤ​သား​ခြောက်​ဦး​မှာ ဟေဗြုန်​မြို့​တွင် ရ​သော​သား​များ​ဖြစ်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​သည် ဟေဗြုန်​မြို့​တွင် ခုနစ်​နှစ်​နှင့်​ခြောက်​လ​၊ ဂျေရုဆလင်​မြို့​တွင် သုံးဆယ့်​သုံး​နှစ်​စိုးစံ​ခဲ့​၏​။ 3:5 ဂျေရုဆလင်​မြို့​တွင် ရ​သော​သား​များ​မှာ အမျေလ​၏​သမီး​ဗာသရှုအာ ​နှင့်​ရ​သော​ရှိမာ​၊ ရှောဗပ်​၊ နာသန်​၊ ရှောလမုန် ပေါင်း​လေး​ယောက်​အပြင် 3:6 ဣဗဟာ​၊ ဧလိရှမာ​၊ ဧလိဖလက်​၊ 3:7 နောဂ​၊ နေဖက်​၊ ယာဖျာ​၊ 3:8 ဧလိရှမာ​၊ ဧလျာဒ​၊ ဧလိဖလက် ပေါင်း သား​ကိုး​ယောက်​လည်း ရှိ​သေး​၏​။ 3:9 ဤ​သား​များ​အပြင် မောင်းမ​များ​နှင့်​ရ​သော ဒါဝိဒ်​မင်းကြီး​၏​သား​များ​လည်း ရှိ​သေး​၏​။ သူ​တို့​တွင် တာမာ​ဟူသော​နှမ​တော်​တစ်​ဦး​လည်း ရှိ​၏​။ 3:10 ရှောလမုန်​၏​သား​မှာ ရောဗောင်​၊ ရောဗောင်​၏​သား​မှာ အဘိယ​၊ အဘိယ​၏​သား​မှာ အာသ​၊ အာသ​၏​သား​မှာ ယောရှဖတ်​၊ 3:11 ယောရှဖတ်​၏​သား​မှာ ယောရံ​၊ ယောရံ​၏​သား​မှာ အာခဇိ​၊ အာခဇိ​၏​သား​မှာ ယောရှ​၊ 3:12 ယောရှ​၏​သား​မှာ အာမဇိ​၊ အာမဇိ​၏​သား​မှာ အာဇရိ ​၊ အာဇရိ​၏​သား​မှာ ယောသံ​၊ 3:13 ယောသံ​၏​သား​မှာ အာခတ်​၊ အာခတ်​၏​သား​မှာ ဟေဇကိ​၊ ဟေဇကိ​၏​သား​မှာ မနာရှေ​၊ 3:14 မနာရှေ​၏​သား​မှာ အာမုန်​၊ အာမုန်​၏​သား​မှာ ယောရှိ ဖြစ်​၏​။ 3:15 ယောရှိ​၏​သား​များ​မှာ သားဦး​ယောဟနန်​၊ ဒုတိယ​သား​ယောယကိမ်​၊ တတိယ​သား​ဇေဒကိ​၊ စတုတ္ထ​သား​ရှလ္လုံ တို့​ဖြစ်​ကြ​၏​။ 3:16 ယောယကိမ်​၏​သား​မှာ ယေခေါနိ​၊ ယေခေါနိ​၏​သား​မှာ ဇေဒကိ ဖြစ်​၏​။ 3:17 အကျဉ်းစံ​ယေခေါနိ​၏​သားမြေး​များ​မှာ သား​တော် ရှာလသေလ​၊ 3:18 မာလခိရံ​၊ ပေဒါယ​၊ ရှေနဇာ​၊ ယေကမိ​၊ ဟောရှမ​၊ နေဒဘိ တို့​ဖြစ်​ကြ​၏​။ 3:19 ပေဒါယ​၏​သား​များ​မှာ ဇေရုဗဗေလ​နှင့် ရှိမိ တို့​ဖြစ်​ကြ​၏​။ ဇေရုဗဗေလ​၏​သား​များ​မှာ မေရှုလံ​၊ ဟာနနိယ​နှင့် သူ​တို့​၏​နှမ​ရှေလောမိတ် တို့​ဖြစ်​ကြ​၏​။ 3:20 ထို့ပြင် ဟရှုဘ​၊ ဩဟေလ​၊ ဗေရခိ​၊ ဟသဒိ​၊ ယုရှသေသက် ပေါင်း​ငါး​ယောက်​လည်း ရှိ​သေး​၏​။ 3:21 ဟာနနိယ​၏​သား​များ​မှာ ပေလတိ​၊ ယေရှာယ တို့​ဖြစ်​ကြ​၏​။ ယေရှာယ​၏​သား​မှာ ရေဖာယ​၊ ရေဖာယ​၏​သား​မှာ အာနန်​၊ အာနန်​၏​သား​မှာ ဩဗဒိ​၊ ဩဗဒိ​၏​သား​မှာ ရှေခနိ တို့​ဖြစ်​ကြ​၏​။ 3:22 ရှေခနိ​၏​သား​မှာ ရှေမာယ​၊ ရှေမာယ​၏​သား​များ​မှာ ဟတ္တုတ်​၊ ဣဂါလ​၊ ဗာရိ​၊ နာရိ​၊ ရှာဖတ် ပေါင်း​ခြောက်​ယောက် ရှိ​၏​။ 3:23 နာရိ​၏​သား​များ​မှာ ဧလိဩနဲ​၊ ဟေဇကိ​၊ အာဇရိကံ ပေါင်း​သုံး​ယောက် ရှိ​၏​။ 3:24 ဧလိဩနဲ​၏​သား​များ​မှာ ဟောဒါယ​၊ ဧလျာရှိပ်​၊ ပေလာယ​၊ အက္ကုပ်​၊ ယောဟနန်​၊ ဒေလာယ​၊ အာနနိ ပေါင်း​ခုနစ်​ယောက် ရှိ​၏​။