Library · my

Nehemiah 10

10:1 တံဆိပ်ခတ်​ရာ​တွင် ပါဝင်​သော​သူ​များ​မှာ ဟာခလိ​၏​သား ဘုရင်ခံ​နေဟမိ​နှင့် ဇေဒကိ​၊ 10:2 စရာယ​၊ အာဇရိ​၊ ယေရမိ​၊ 10:3 ပါရှုရ​၊ အာမရိ​၊ မာလခိယ​၊ 10:4 ဟတ္တုတ်​၊ ရှေဗနိ​၊ မလ္လုတ်​၊ 10:5 ဟာရိမ်​၊ မေရမုတ်​၊ ဩဗဒိ​၊ 10:6 ဒံယေလ​၊ ဂိန္နေသုန်​၊ ဗာရုတ်​၊ 10:7 မေရှုလံ​၊ အဘိယ​၊ မိယာမိန်​၊ 10:8 မာဇိ​၊ ဗိလဂဲ​၊ ရှေမာယ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​သည် ယဇ်ပုရောဟိတ်​များ​ဖြစ်​ကြ​၏​။ 10:9 ထို့ပြင် လေဝိ​အမျိုး​ဖြစ်​သော အာဇနိ​၏​သား ယေရွှာ​၊ ဟေနဒဒ်​အမျိုးအနွယ်​မှ ဗိနွိ​၊ ကပ်မျေလ တို့​လည်း​ပါ​၏​။ 10:10 သူ​တို့​၏​ညီအစ်ကို​များ​ဖြစ်​သော ရှေဗနိ​၊ ဟောဒိယ​၊ ကေလိတ​၊ ပေလာယ​၊ ဟာနန်​၊ 10:11 မိက္ခာ​၊ ရဟောဘ​၊ ဟာရှဘိ​၊ 10:12 ဇက္ကုရ​၊ ရှေရဘိ​၊ ရှေဗနိ​၊ 10:13 ဟောဒိယ​၊ ဗာနိ​၊ ဗေနိနု တို့​လည်း​ပါဝင်​၏​။ 10:14 လူထု​အကြီးအမှူး​များ​ဖြစ်​သော ပါရုတ်​၊ ပါဟတ်မောဘ​၊ ဧလံ​၊ ဇတ္တု​၊ ဗာနိ​၊ 10:15 ဗုန္နိ​၊ အာဇဂဒ်​၊ ဗေဗဲ​၊ 10:16 အဒေါနိယ​၊ ဗိဂဝဲ​၊ အာဒိန်​၊ 10:17 အာတာ​၊ ဟေဇကိ​၊ အဇ္ဇုရ​၊ 10:18 ဟောဒိယ​၊ ဟာရှုံ​၊ ဗေဇဲ​၊ 10:19 ဟာရိပ်​၊ အာနသုတ်​၊ နေဗဲ​၊ 10:20 မာဂပျာရှ​၊ မေရှုလံ​၊ ဟေဇိရ​၊ 10:21 မေရှဇဗေလ​၊ ဇာဒုတ်​၊ ယာဒွါ​၊ 10:22 ပေလတိ​၊ ဟာနန်​၊ အနာယ​၊ 10:23 ဟောရှေ​၊ ဟာနနိယ​၊ ဟာရှုပ်​၊ 10:24 ဟာလောဟက်​၊ ပိလဟ​၊ ရှောဗက်​၊ 10:25 ရေဟုံ​၊ ဟာရှဗန​၊ မာသေယ​၊ 10:26 အဟိယ​၊ ဟာနန်​၊ အာနန် 10:27 မလ္လုတ်​၊ ဟာရိမ်​နှင့် ဗာနာ တို့​လည်း​ပါဝင်​၏​။ 10:28 ကျန်​ပြည်သူပြည်သား​များ​၊ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​၊ တံခါးစောင့်​များ​၊ သီချင်းသည်​များ​၊ ဗိမာန်တော်​အစေခံ​များ​၊ ဘုရားသခင်​၏​ပညတ်တရား​အတွက် ထို​ပြည်သူပြည်သား​တို့​နှင့်​ကင်းရှင်း​စွာ​နေ​သော​သူ​အပေါင်း​နှင့် သူ​တို့​၏​မယား​များ​၊ သား​သမီး​များ​၊ သိ​နားလည်​သော​သူ​အပေါင်း​တို့​သည် 10:29 သူ​တို့​၏​ဆွေမျိုးသားချင်း​ခေါင်းဆောင်​များ​နှင့်အတူ ဘုရားသခင်​၏​အစေအပါး​မောရှေ​အားဖြင့်​ပေးအပ်​တော်မူ​သော ဘုရားသခင်​၏​ပညတ်တရား​ကို လိုက်နာ​ပါ​မည်​။ ဘုရားရှင်​ထာဝရဘုရား​၏​ပညတ်တော်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​၊ ပြဋ္ဌာန်းချက်​အားလုံး​တို့​ကို လိုက်နာ​စောင့်ထိန်း​ပါ​မည်​။ 10:30 ငါ​တို့​၏​သမီးပျို​များ​ကို ထို​ပြည်သား​တို့​နှင့်​မ​ပေးစား​။ သူ​တို့​၏​သမီးပျို​များ​ကို​လည်း ငါ​တို့​၏​သား​များ​နှင့်​မ​စုံဖက်​စေ​ပါ​။ 10:31 ထို​ပြည်သား​တို့​သည် ဥပုသ်နေ့​တွင် ကုန်ပစ္စည်း​များ​နှင့် အစားအစာ​များ​ကို လာရောက်​ရောင်းချ​ပါက ဥပုသ်နေ့​ဖြစ်စေ​၊ သန့်ရှင်း​သော​နေ့​ဖြစ်စေ ထို​နေ့​တို့​တွင် သူ​တို့​ထံမှ ငါ​တို့​ဝယ်​မည်​မ​ဟုတ်​။ ငါ​တို့​သည် ခုနစ်​နှစ်​မြောက်​သော​နှစ်​၌ သီးနှံ​မ​စိုက်​၊ လက်ဝယ်​ရှိ အကြွေး​အားလုံး​ကို​လည်း လျှော်ပစ်​မည်​ဟု အတူတကွ တိုင်တည်​ကျိန်ဆို​ကြ​၏​။ 10:32 ထို့ပြင် ငါ​တို့​ဘုရားသခင့်​အိမ်​တော်​၏​အမှု​တော်​လုပ်ငန်း​အတွက် တစ်​နှစ်​လျှင် တစ်​ယောက်​ကို တစ်​ရှယ်ကယ်​၏​သုံးပုံတစ်ပုံ ​ပေးလှူ​ပါ​မည်​။ 10:33 ရှေ့တော်မုန့်​၊ ပုံမှန်​ဘောဇဉ်ပူဇော်သက္ကာ​၊ ပုံမှန်​မီးရှို့ရာယဇ်​၊ ဥပုသ်နေ့​၊ လဆန်းနေ့​၊ သတ်မှတ်​ထား​သော​ဓမ္မ​ပွဲတော်​၊ သန့်ရှင်း​သော​အသုံးအဆောင်​များ​၊ အစ္စရေး​လူမျိုး​တို့​အပြစ်ဖြေ​ရန်​အတွက် အပြစ်ဖြေရာယဇ်​များ​နှင့် ဘုရားသခင့်​အိမ်​တော်​၏​အမှု​အလုံးစုံ​တို့​အတွက် ပေးလှူ​ပါ​မည်​ဟူသော ပညတ်ချက်​ကို ချမှတ်​၏​။ 10:34 ပညတ်တရား​တွင် ရေး​ထား​သည့်​အတိုင်း နှစ်စဉ်​သတ်မှတ်​ထား​သော​အချိန်​များ​၌ ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​၏​ယဇ်ပလ္လင်​ပေါ်တွင် ပူဇော်သက္ကာ​ကို​မီးရှို့​ဖို့ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​နှင့် ပြည်သူပြည်သား​တို့​က ငါ​တို့​ဘိုးဘေး​တို့​၏​မိသားစု​အလိုက် ဘုရားသခင်​၏​အိမ်​တော်​သို့​ယူဆောင်​လာ​ရ​မည့်​ထင်း​ကို ငါ​တို့​မဲချ​ဆုံးဖြတ်​ကြ​၏​။ 10:35 မြေ​ထွက်​ကောက်ပဲသီးနှံ​၏​အသီးဦး​များ​နှင့် သီးစားပင်​ရှိသမျှ​တို့​မှ အသီးဦး​ရှိသမျှ​တို့​ကို​လည်း ထာဝရဘုရား​၏​အိမ်​တော်​သို့ နှစ်စဉ် ယူဆောင်​လာ​ပါ​မည်​။ 10:36 ပညတ်တရားကျမ်း​တွင် ရေးထား​သည့်​အတိုင်း အကျွန်ုပ်​တို့​၏​သားဦး​များ​နှင့် တိရစ္ဆာန်​သားဦး​များ​၊ သိုးအုပ်​နွားအုပ်​ထဲမှ အဦးဆုံး​မွေး​သော​အကောင်​တို့​ကို ဘုရားသခင်​၏​အိမ်​တော်​၌​အမှု​တော်​ဆောင်ရွက်​သော​သူ​များ​ဖြစ်​သည့် ယဇ်ပုရောဟိတ်​တို့​ရှိ​ရာ ဘုရားသခင်​၏​အိမ်​တော်​သို့ ယူဆောင်​လာ​ပါ​မည်​။ 10:37 အဦးဆုံး​မုန့်ညက်​၊ အလှူပစ္စည်း​၊ သစ်သီး​အမျိုးမျိုး​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​တို့​ကို​လည်း ဘုရားသခင်​၏​အိမ်​တော်​ခန်း​ရှိ ယဇ်ပုရောဟိတ်​ထံသို့​ယူဆောင်​လာ​ပါ​မည်​။ လေဝိ​အမျိုး​တို့​သည် မြို့ရွာ​တိုင်း​မှာ စိုက်ပျိုး​သော​သီးနှံ​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို ရထိုက်​သူ​များ​ဖြစ်​သောကြောင့် မြေ​ထွက်​သီးနှံ​၏​ဆယ်ဖို့တစ်ဖို့​ကို​လည်း လေဝိ​အမျိုး​တို့​ထံ ယူဆောင်​လာ​ပါ​မည်​။ 10:38 လေဝိ​အမျိုး​တို့​သည် ဆယ်ဖို့တစ်ဖို့​ကို​လက်ခံ​သောအခါ အာရုန်​အမျိုးအနွယ်​ယဇ်ပုရောဟိတ်​သည် လေဝိ​အမျိုး​တို့​နှင့်အတူ​ရှိ​ရ​မည်​။ လေဝိ​အမျိုး​တို့​သည် ဆယ်ဖို့တစ်ဖို့​ထဲမှ ဆယ်ဖို့တစ်ဖို့​ကို ဘုရားသခင်​၏​အိမ်​တော် သိုလှောင်တိုက်​အခန်း​များ​ထဲသို့ ယူဆောင်​လာ​ရ​မည်​။ 10:39 အစ္စရေး​လူမျိုး​တို့​နှင့် လေဝိ​အမျိုး​တို့​သည် အလှူပစ္စည်း​များ​ဖြစ်​သည့် ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​တို့​ကို သိုလှောင်တိုက်​သို့ ယူဆောင်​လာ​ရ​မည်​။ ထို​နေရာ​တွင် သန့်ရှင်းရာဌာန​၏​တန်ဆာပလာ​များ ထားရှိ​၍ အမှု​တော်​ထမ်းဆောင်​သော​ယဇ်ပုရောဟိတ်​များ​၊ တံခါးစောင့်​များ​၊ သီချင်းသည်​များ နေ​ကြ​၏​။ ငါ​တို့​ဘုရားသခင်​၏​အိမ်​တော်​ကို ငါ​တို့​စွန့်ပစ်​ထား​မည်​မ​ဟုတ်​ဟု ဝန်ခံ​ကတိပြု​ကြ​၏​။