Nehemiah 11
11:1 လူထုအကြီးအကဲတို့သည် ဂျေရုဆလင်မြို့၌ နေထိုင်ကြ၏။ ကျန်သောသူတို့မူကား မဲချဆုံးဖြတ်သည့်အတိုင်း လူဆယ်ယောက်တွင် တစ်ယောက်သည် သန့်ရှင်းရာအရပ်ဂျေရုဆလင်မြို့တွင် နေထိုင်ရမည်ဖြစ်ပြီး ကျန်ကိုးယောက်ကား အခြားသောမြို့ရွာများတွင် နေထိုင်ရမည်ဖြစ်သည်။
11:2 မိမိတို့ဆန္ဒအလျောက် ဂျေရုဆလင်မြို့၌နေထိုင်လိုသောသူအပေါင်းတို့ကို လူတို့သည် ကောင်းချီးပေးကြ၏။
11:3 ဤသို့ဖြင့် နယ်မြေခေါင်းဆောင်များသည် ဂျေရုဆလင်မြို့တွင်နေထိုင်ကြပြီး အစ္စရေးလူထုများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများ၊ ဗိမာန်တော်အစေအပါးများနှင့် ရှောလမုန်အစေအပါးတို့၏သားမြေးများသည် ယုဒပြည်ရှိ ကိုယ့်နေရင်းမြို့ရွာများတွင် နေထိုင်ကြ၏။
11:4 ဂျေရုဆလင်မြို့တွင် ယုဒအမျိုးသားအချို့နှင့် ဗင်္ယာမိန်အမျိုးသားအချို့တို့ နေထိုင်ကြ၏။ ထိုသူတို့မှာ ယုဒအမျိုးသားတွင် ဖာရက်သားမြေးမှဆင်းသက်လာသောမဟာလေလ၏တွတ်၊ ရှေဖတိ၏တီ၊ အာမရိ၏မြစ်၊ ဇာခရိ၏မြေး၊ ဩဇိ၏သားအသာယနှင့်
11:5 ရှိလောသားမြေးမှဆင်းသက်လာသော ရှိလော၏ဆက်၊ ဇာခရိ၏ကျွတ်၊ ယောယရိပ်၏တွတ်၊ အဒါယ၏တီ၊ ဟဇာယ၏မြစ်၊ ကောလဟောဇ၏မြေး၊ ဗာရုတ်၏သား မာသေယ တို့ဖြစ်ကြ၏။
11:6 ဂျေရုဆလင်မြို့၌နေထိုင်သော ဖာရက်သားမြေးမှာ စုစုပေါင်းလေးရာခြောက်ဆယ့်ရှစ်ယောက် ဖြစ်၏။ သူတို့သည် ရဲစွမ်းသတ္တိရှိသူများ ဖြစ်၏။
11:7 ဗင်္ယာမိန်အမျိုးအနွယ်တွင် ယေရှာယ၏ဆက်၊ ဣသေလ၏ကျွတ်၊ မာသေယ၏တွတ်၊ ကောလာယ၏တီ၊ ပေဒါယ၏မြစ်၊ ယောဒ၏မြေး၊ မေရှုလံ၏သား သလ္လုနှင့်
11:8 သူ့နောက်မှရောက်လာသော ဂဗ္ဗဲအမျိုး၊ သလ္လဲအမျိုး တို့အပါအဝင် စုစုပေါင်း ကိုးရာနှစ်ဆယ့်ရှစ်ယောက်ဖြစ်၏။
11:9 ထိုသူတို့ကို ဇိခရိ၏သား ယောလက ကြီးကြပ်၍ ဟာသေနွာ၏သား ယုဒက မြို့ကိုကြီးကြပ်သူ၏လက်ထောက်ဖြစ်၏။
11:10 ယဇ်ပုရောဟိတ်တို့တွင် ယောယရိပ်၏သား ယေဒါယ၊ ယာခိန်၊
11:11 အဟိတုပ်၏တွတ်၊ မေရာယုတ်၏တီ၊ ဇာဒုတ်၏မြစ်၊ မေရှုလံ၏မြေး၊ ဟိလခိ၏သား ဘုရားသခင်၏အိမ်တော်အုပ်စရာယ၊
11:12 အိမ်တော်အမှုကိုထမ်းဆောင်သော သူတို့၏ညီအစ်ကိုရှစ်ရာနှစ်ဆယ့်နှစ်ယောက်အပါအဝင် မာလခိယ၏ကျွတ်၊ ပါရှုရ၏တွတ်၊ ဇာခရိ၏တီ၊ အံဇိ၏မြစ်၊ ပေလလိ၏မြေး၊ ယေရောဟံ၏သား အဒါယနှင့်
11:13 သူ၏ညီအစ်ကိုဖြစ်သောဘိုးဘေးခေါင်းဆောင်ပေါင်း နှစ်ရာလေးဆယ့်နှစ်ယောက်အပါအဝင် ဣမေရ၏တီ၊ မေရှိလမုတ်၏မြစ်၊ အဟာသဲ၏မြေး၊ အာဇရေလ၏သား အာမရှဲနှင့်
11:14 သူတို့၏ညီအစ်ကိုဖြစ်သောစစ်သူရဲတစ်ရာနှစ်ဆယ့်ရှစ်ယောက် ဖြစ်၏။ သူတို့ကိုကြီးကြပ်သူမှာ ဟဂဒေါလိမ်၏သား ဇာဗဒေလ ဖြစ်၏။
11:15 လေဝိအမျိုးတို့တွင် ဗုန္နိ၏တီ၊ ဟာရှဘိ၏မြစ်၊ အာဇရိကံ၏မြေး၊ ဟာရှုပ်၏သား ရှေမာယ၊
11:16 ဘုရားသခင်၏အိမ်တော်အပြင်ဘက်အမှုထမ်းရသူ လေဝိအမျိုး အကြီးအမှူး ရှဗ္ဗေသဲ၊ ယောဇဗဒ်၊
11:17 အာသပ်၏မြစ်၊ ဇာဗဒိ၏မြေး၊ မိက္ခာ၏သားဖြစ်သည့် ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဆုတောင်းခြင်းတို့၌ ပထမခေါင်းဆောင် မတ္တနိနှင့် ညီအစ်ကိုများတွင် လက်ထောက်ဖြစ်သည့် ဗာကဗုကိအပါအဝင် ယေဒုသုန်၏မြစ်၊ ဂလာလ၏မြေး၊ ရှမွာ၏သား အာဗဒနှင့်
11:18 သန့်ရှင်းသောမြို့တွင်နေထိုင်သောလေဝိအမျိုးပေါင်း နှစ်ရာရှစ်ဆယ့်လေးယောက်ဖြစ်၏။
11:19 တံခါးစောင့်များတွင် တံခါးစောင့်အက္ကုပ်၊ တာလမုန်နှင့် သူတို့၏ညီအစ်ကိုပေါင်း တစ်ရာခုနစ်ဆယ့်နှစ်ယောက်ဖြစ်၏။
11:20 ကျန်သောအစ္စရေးလူထုများ၊ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးများသည် ယုဒပြည်ရှိ ကိုယ့်နေရင်းမြို့ရွာများတွင် နေထိုင်ကြ၏။
11:21 ဗိမာန်တော်အစေအပါးတို့သည် ဩဖေလအရပ်၌နေထိုင်ကြ၏။ ထိုဗိမာန်တော်အစေအပါးတို့ကို ဇိဟနှင့်ဂိသပတို့က အုပ်ချုပ်၏။
11:22 ဘုရားသခင်၏အိမ်တော်အမှုကိုစီမံရသော သီချင်းသည်များဖြစ်သည့် အာသပ်သားမြေးမှဆင်းသက်သော မိက္ခာ၏တီ၊ မတ္တနိ၏မြစ်၊ ဟာရှဘိ၏မြေး၊ ဗာနိ၏သား ဩဇိသည် ဂျေရုဆလင်မြို့ရှိ လေဝိအမျိုးကို အုပ်ချုပ်၏။
11:23 ရှင်ဘုရင်သည် သီချင်းသည်များနေ့စဉ်နေ့တိုင်းပုံမှန်ပြုရမည့်အမှုကို စီရင်ချမှတ်ထား၏။
11:24 ယုဒ၏သား ဇေရသားမြေးမှ ဆင်းသက်လာသောမေရှဇဗေလ၏သား ပေသဟိသည် ပြည်သူပြည်သားတို့၏အမှုကိစ္စအားလုံးကို စီမံရသော ရှင်ဘုရင်၏လက်ရုံးဖြစ်၏။
11:25 ယုဒအမျိုးအနွယ်အချို့သည် ကိရယအာဘမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဒိဘုန်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ယေကပ်ဇေလမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများတွင် မိမိတို့အပိုင်မြို့ရွာလယ်မြေများအဖြစ် အခြေချနေထိုင်ကြ၏။
11:26 ထို့ပြင် ယေရွှာမြို့၊ မောလဒါမြို့၊ ဗက်ပါလက်မြို့၊
11:27 ဟာဇာရွာလမြို့၊ ဗေရရှေဘမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊
11:28 ဇိကလတ်မြို့၊ မေကောနမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊
11:29 အင်ရိမ္မုန်မြို့၊ ဇောရာမြို့၊ ယာမုတ်မြို့၊
11:30 ဇာနောမြို့၊ အဒုလံမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ လာခိရှမြို့နှင့် လယ်ယာမြေများ၊ အဇေကာမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများစသည်ဖြင့် ဗေရရှေဘမြို့မှ ဟိန္နုံချိုင့်ဝှမ်းတိုင်အောင် နေထိုင်ကြ၏။
11:31 ဗင်္ယာမိန်အမျိုးအနွယ်တို့မူကား ဂေဗမြို့မှမိတ်မတ်မြို့၊ အာဣမြို့၊ ဗေသလမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊
11:32 အာနသုတ်မြို့၊ နောဗမြို့၊ အာနနိမြို့၊
11:33 ဟာဇော်မြို့၊ ရာမမြို့၊ ဂိတ္တိမ်မြို့၊
11:34 ဟာဒိဒ်မြို့၊ ဇေဘိုင်မြို့၊ နေဗလ္လတ်မြို့၊
11:35 လောဒမြို့၊ ဩနောမြို့နှင့် လက်မှုပညာသည်ချိုင့်ဝှမ်းတို့၌လည်း နေထိုင်ကြ၏။
11:36 ယုဒပြည်ရှိ လေဝိအမျိုးအချို့တို့သည် ဗင်္ယာမိန်ပြည်၌ နေထိုင်ကြ၏။