Nehemiah 7
7:1 မြို့ရိုးကိုလက်စသတ်ပြီးသောအခါ ငါသည် တံခါးများကို တပ်ဆင်၍ တံခါးစောင့်များ၊ သီချင်းသည်များ၊ လေဝိအမျိုးများကို တာဝန်ခွဲဝေခန့်အပ်လေ၏။
7:2 ငါ့ညီဟာနနိနှင့် ရဲတိုက်မှူးဟာနနိယတို့အား ဂျေရုဆလင်မြို့ကို အုပ်ချုပ်ရန် ခန့်အပ်၏။ ဟာနနိယသည် သစ္စာရှိသောသူ၊ အခြားသူတို့ထက် ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်၏။
7:3 ငါက သူတို့အား “နေမမြင့်မချင်း ဂျေရုဆလင်မြို့တံခါးကို မဖွင့်နှင့်။ တံခါးစောင့်တို့သည် တာဝန်ချိန်တွင် တံခါးများကိုပိတ်၍ ချက်များကို ချထားရမည်။ ဂျေရုဆလင်မြို့သားတို့သည် ကိုယ့်အိမ်ရှေ့၊ ကိုယ့်ကင်းတဲ၌ အစောင့်များကို ချထားရမည်”ဟု မှာထား၏။
7:4 မြို့သည်ကြီးမားကျယ်ဝန်း၍ နေထိုင်သူ အနည်းငယ်သာ ရှိ၏။ အိမ်များလည်း ပြန်လည်မဆောက်ရသေး။
7:5 ခေါင်းဆောင်များ၊ ကြီးကြပ်သူများနှင့် လူများကို စုဝေး၍ မျိုးရိုးစဉ်ဆက်စာရင်းကောက်ရန် ဘုရားသခင်သည် ငါ့စိတ်ကိုနှိုးဆော်၏။ ထို့ကြောင့် ပထမဆုံးပြန်လည်ရောက်ရှိလာသူတို့၏မျိုးရိုးစဉ်ဆက်စာရင်းကို စစ်ဆေးရာ စာရင်းတွင် ဤသို့ရေးသွင်းထားသည်ကို တွေ့ရ၏။
7:6 ဤသူတို့မှာ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးက သုံ့ပန်းအဖြစ်ဖမ်းခေါ်သွားပြီးနောက် သုံ့ပန်းဘဝမှလွတ်မြောက်၍ ဘေဘီလုံပြည်မှ ယုဒပြည်၊ ဂျေရုဆလင်မြို့၊ မိမိတို့နေရပ်အသီးသီးသို့ပြန်လာကြသောသူများ ဖြစ်ကြ၏။
7:7 ဇေရုဗဗေလ၊ ယေရွှာ၊ နေဟမိ၊ အာဇရိ၊ ရာမိ၊ နာဟမာနိ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပေရက်၊ ဗိဂဝဲ၊ နေဟုံ၊ ဗာနာတို့နှင့်အတူ လိုက်ပါလာသောအစ္စရေးအမျိုးသားတို့၏အရေအတွက်ကား
7:8 ပါရုတ်သားမြေး နှစ်ထောင့်တစ်ရာခုနစ်ဆယ့်နှစ်ယောက်၊
7:9 ရှေဖတိသားမြေး သုံးရာခုနစ်ဆယ့်နှစ်ယောက်၊
7:10 အာရာသားမြေး ခြောက်ရာငါးဆယ့်နှစ်ယောက်၊
7:11 ယေရွှာနှင့် ယွာဘသားမြေးတို့မှဆင်းသက်လာသော ပါဟတ်မောဘသားမြေး နှစ်ထောင့်ရှစ်ရာတစ်ဆယ့်ရှစ်ယောက်၊
7:12 ဧလံသားမြေး တစ်ထောင့်နှစ်ရာငါးဆယ့်လေးယောက်၊
7:13 ဇတ္တုသားမြေး ရှစ်ရာလေးဆယ့်ငါးယောက်၊
7:14 ဇက္ခဲသားမြေး အယောက်ခုနစ်ရာ့ခြောက်ဆယ်၊
7:15 ဗိနွိသားမြေး ခြောက်ရာလေးဆယ့်ရှစ်ယောက်၊
7:16 ဗေဗဲသားမြေး ခြောက်ရာနှစ်ဆယ့်ရှစ်ယောက်၊
7:17 အာဇဂဒ်သားမြေး နှစ်ထောင့်သုံးရာနှစ်ဆယ့်နှစ်ယောက်၊
7:18 အဒေါနိကံသားမြေး ခြောက်ရာခြောက်ဆယ့်ခုနစ်ယောက်၊
7:19 ဗိဂဝဲသားမြေး နှစ်ထောင့်ခြောက်ဆယ့်ခုနစ်ယောက်၊
7:20 အာဒိန်သားမြေး ခြောက်ရာငါးဆယ့်ငါးယောက်၊
7:21 ဟေဇကိအမျိုးမှ ဆင်းသက်လာသော အာတာသားမြေး ကိုးဆယ့်ရှစ်ယောက်၊
7:22 ဟာရှုံသားမြေး သုံးရာနှစ်ဆယ့်ရှစ်ယောက်၊
7:23 ဗေဇဲသားမြေး သုံးရာနှစ်ဆယ့်လေးယောက်၊
7:24 ဟာရိပ်သားမြေး တစ်ရာတစ်ဆယ့်နှစ်ယောက်၊
7:25 ဂိဗောင်သားမြေး ကိုးဆယ့်ငါးယောက်၊
7:26 ဗက်လင်မြို့သားနှင့် နေတောဖမြို့သားပေါင်း တစ်ရာရှစ်ဆယ့်ရှစ်ယောက်၊
7:27 အာနသုတ်မြို့သား တစ်ရာနှစ်ဆယ့်ရှစ်ယောက်၊
7:28 ဗေသာဇမာဝက်မြို့သား လေးဆယ့်နှစ်ယောက်၊
7:29 ကိရယတ်ယာရိမ်မြို့သား၊ ခေဖိရမြို့သား၊ ဗေရုတ်မြို့သားပေါင်း ခုနစ်ရာလေးဆယ့်သုံးယောက်၊
7:30 ရာမမြို့သားနှင့် ဂေဗမြို့သားပေါင်း ခြောက်ရာနှစ်ဆယ့်တစ်ယောက်၊
7:31 မိတ်မတ်မြို့သား တစ်ရာနှစ်ဆယ့်နှစ်ယောက်၊
7:32 ဗေသလမြို့သားနှင့် အာဣမြို့သားပေါင်း တစ်ရာနှစ်ဆယ့်သုံးယောက်၊
7:33 အခြားနေဗောမြို့သား ငါးဆယ့်နှစ်ယောက်၊
7:34 အခြားဧလံသားမြေး တစ်ထောင့်နှစ်ရာငါးဆယ့်လေးယောက်၊
7:35 ဟာရိမ်သားမြေး အယောက်သုံးရာ့နှစ်ဆယ်၊
7:36 ဂျေရိခေါမြို့သား သုံးရာလေးဆယ့်ငါးယောက်၊
7:37 လောဒမြို့သား၊ ဟာဒိဒ်မြို့သားနှင့် ဩနောမြို့သားပေါင်း ခုနစ်ရာနှစ်ဆယ့်တစ်ယောက်၊
7:38 သေနာမြို့သား အယောက်သုံးထောင်ကိုးရာ့သုံးဆယ်၊
7:39 ယဇ်ပုရောဟိတ်များကား ယေရွှာအမျိုးမှဆင်းသက်လာသော ယေဒါယသားမြေး ကိုးရာခုနစ်ဆယ့်သုံးယောက်၊
7:40 ဣမေရသားမြေး တစ်ထောင့်ငါးဆယ့်နှစ်ယောက်၊
7:41 ပါရှုရသားမြေး တစ်ထောင့်နှစ်ရာလေးဆယ့်ခုနစ်ယောက်၊
7:42 ဟာရိမ်သားမြေး တစ်ထောင့်တစ်ဆယ့်ခုနစ်ယောက်၊
7:43 လေဝိအမျိုးတွင် ကပ်မျေလနှင့် ဟောဒေဝသားမြေးတို့မှ ဆင်းသက်လာသော ယေရွှာသားမြေး ခုနစ်ဆယ့်လေးယောက်၊
7:44 သီချင်းသည်တို့တွင် အာသပ်သားမြေး တစ်ရာလေးဆယ့်ရှစ်ယောက်၊
7:45 တံခါးစောင့်တို့တွင် ရှလ္လုံသားမြေး၊ အာတာသားမြေး၊ တာလမုန်သားမြေး၊ အက္ကုပ်သားမြေး၊ ဟတိတသားမြေး၊ ရှောဗဲသားမြေးပေါင်း တစ်ရာသုံးဆယ့်ရှစ်ယောက် ဖြစ်၏။
7:46 ဗိမာန်တော်အစေအပါးတို့တွင် ဇိဟသားမြေး၊ ဟသုဖသားမြေး၊ တဗ္ဗောက်သားမြေး၊
7:47 ကေရုတ်သားမြေး၊ သယသားမြေး၊ ပါဒုန်သားမြေး၊
7:48 လေဗနသားမြေး၊ ဟာဂဘသားမြေး၊ ရှာလမဲသားမြေး၊
7:49 ဟာနန်သားမြေး၊ ဂိဒ္ဒေလသားမြေး၊ ဂါဟာသားမြေး၊
7:50 ရာယသားမြေး၊ ရေဇိန်သားမြေး၊ နေကောဒသားမြေး၊
7:51 ဂဇ္ဇမ်သားမြေး၊ ဩဇသားမြေး၊ ပါသာသားမြေး၊
7:52 ဗေသဲသားမြေး၊ မဟုနိမ်သားမြေး၊ နေဖိရှေသိမ်သားမြေး၊
7:53 ဗာကဗုတ်သားမြေး၊ ဟကုဖသားမြေး၊ ဟာရဟုရသားမြေး၊
7:54 ဗာဇလိတ်သားမြေး၊ မဟိဒသားမြေး၊ ဟာရရှသားမြေး၊
7:55 ဗာရကုတ်သားမြေး၊ သိသရသားမြေး၊ တာမသားမြေး၊
7:56 နေဇိသားမြေး၊ ဟတိဖသားမြေး၊
7:57 ရှောလမုန်အစေအပါးတို့၏သားမြေးတွင် သောတဲသားမြေး၊ သောဖရက်သားမြေး၊ ပေရိဒသားမြေး၊
7:58 ယာလသားမြေး၊ ဒါကုန်သားမြေး၊ ဂိဒ္ဒေလသားမြေး၊
7:59 ရှေဖတိသားမြေး၊ ဟတ္တိလသားမြေး၊ ပေါခရက်ဇေဗိမ်သားမြေး၊ အာမုန်သားမြေး၊
7:60 ဗိမာန်တော်အစေအပါးများနှင့် ရှောလမုန်အစေအပါးတို့၏သားမြေးများ စုစုပေါင်း သုံးရာကိုးဆယ့်နှစ်ယောက် ဖြစ်၏။
7:61 မည်သည့်ဘိုးဘေးအိမ်ထောင်စုထဲမှဆင်းသက်လာသည်ကို သက်သေမပြနိုင်၊ အစ္စရေးလူမျိုးထဲမှ ဟုတ်၊ မဟုတ် မသေချာဘဲ တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒုန်မြို့၊ ဣမေရမြို့တို့မှ လိုက်ပါလာသူများမှာ
7:62 ဒေလာယသားမြေး၊ တောဘိသားမြေး၊ နေကောဒသားမြေး စုစုပေါင်း ခြောက်ရာလေးဆယ့်နှစ်ယောက် ရှိ၏။
7:63 ယဇ်ပုရောဟိတ်တို့တွင် ဟဗာယသားမြေး၊ ဟက္ကုတ်သားမြေးနှင့် ဂိလဒ်ပြည်သား ဗာဇိလဲသမီးကို စုံဖက်၍ ထိုနာမည်ကို ဆက်ခံသူ ဗာဇိလဲသားမြေးတို့လည်း လိုက်ပါလာကြ၏။
7:64 သူတို့သည် မျိုးရိုးစဉ်ဆက်စာရင်းတွင် မိမိတို့မျိုးရိုးကိုရှာသော်လည်း မတွေ့သဖြင့် ယဇ်ပုရောဟိတ်အရိုက်အရာမှ ဖယ်ရှားခြင်းခံရ၏။
7:65 ထို့ကြောင့် ဘုရင်ခံက သူတို့အား ဥရိမ်၊ သုမိမ် ဆောင်သောယဇ်ပုရောဟိတ် မပေါ်ထွန်းမီ အသန့်ရှင်းဆုံးအစာကို မစားရဟု မှာထားရ၏။
7:66 ဤသို့လိုက်ပါလာသောလူထုကြီးမှာ စုစုပေါင်း လေးသောင်းနှစ်ထောင်သုံးရာခြောက်ဆယ် ရှိ၏။
7:67 ထို့ပြင် သူတို့၏ကျွန်ယောက်ျား၊ ကျွန်မိန်းမ စုစုပေါင်း ခုနစ်ထောင့်သုံးရာသုံးဆယ့်ခုနစ်ယောက်နှင့် သီချင်းသည်ယောက်ျား၊ သီချင်းသည်မိန်းမ စုစုပေါင်း နှစ်ရာလေးဆယ့်ငါးယောက်တို့လည်း ပါ၏။
7:68 မြင်း ခုနစ်ရာသုံးဆယ့်ခြောက်ကောင်၊ လား နှစ်ရာလေးဆယ့်ငါးကောင် ၊
7:69 ကုလားအုတ် လေးရာသုံးဆယ့်ငါးကောင်၊ မြည်း အကောင်ခြောက်ထောင်ခုနစ်ရာ့နှစ်ဆယ်လည်း ပါ၏။
7:70 အိမ်ထောင်စုအကြီးအမှူးအချို့တို့သည် ပြန်လည်တည်ဆောက်မှုလုပ်ငန်းအတွက် ပေးလှူကြ၏။ ဘုရင်ခံသည်လည်း ရွှေဒင်္ဂါးပြား တစ်ထောင်၊ အင်တုံ ငါးဆယ်၊ ယဇ်ပုရောဟိတ်ဝတ်စုံ ငါးရာသုံးဆယ်တို့ကို ဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းလှူဒါန်း၏။
7:71 အိမ်ထောင်စုအကြီးအမှူးအချို့တို့သည် ရွှေဒင်္ဂါးပြားနှစ်သောင်း၊ ငွေမိနာ့နှစ်ထောင့်နှစ်ရာ ကို ဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းလှူဒါန်းကြ၏။
7:72 အခြားသူတို့ကလည်း ရွှေဒင်္ဂါးပြားနှစ်သောင်း၊ ငွေမိနာ့နှစ်ထောင် ၊ ယဇ်ပုရောဟိတ်ဝတ်စုံ ခြောက်ဆယ့်ခုနစ်စုံကို ပေးလှူကြ၏။
7:73 ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများ၊ တံခါးစောင့်များ၊ သီချင်းသည်များ၊ ပြည်သားအချို့၊ ဗိမာန်တော်အစေအပါးများနှင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ကိုယ့်မြို့ကိုယ့်ရွာသို့ ပြန်လာနေထိုင်ကြ၏။ ခုနစ်လမြောက်တွင် အစ္စရေးအမျိုးသားတို့သည် ကိုယ့်မြို့ကိုယ့်ရွာတွင် အခြေတကျဖြစ်လာကြ၏။