Library · my

Job 25

25:1 ထိုအခါ ရှုအာ​အမျိုးသား ဗိလဒဒ်​က 25:2 “​အထက်ကောင်းကင်ဘုံ​၌ ငြိမ်သက်​ခြင်း​ကို ရှိ​စေ​တော်မူ​သော​အရှင်​သည် အုပ်စိုး​ခြင်း​အရှင်​၊ ကြောက်ရွံ့ရိုသေဖွယ်​အရှင် ဖြစ်​တော်မူ​၏​။ 25:3 ကိုယ်တော်​၏​စစ်သည်​တော်​များ​ကို ရေတွက်​နိုင်​သလော​။ ကိုယ်တော့်​ထံမှ​အလင်း​တော်​ကို မ​ခံယူ​ရ​သူ ရှိ​သလော​။ 25:4 လူ​သည် ဘုရားသခင်​ရှေ့​တွင် မည်သို့​ဖြောင့်မတ်​နိုင်​မည်နည်း​။ မိန်းမ​မှ​မွေး​သော​လူ​သည် မည်သို့​သန့်ရှင်းစင်ကြယ်​နိုင်​မည်နည်း​။ 25:5 ကိုယ်တော့်​ရှေ့​တွင် လ​သည်​ပင် တောက်ပ​သည်​မ​ဟုတ်​။ ကြယ်​များ​လည်း စင်ကြယ်​သည်​မ​ဟုတ်​။ 25:6 သို့ဖြစ်၍ လောက်ကောင်​၊ ပိုးကောင်​နှင့်တူသော​လူသား​မှာ အဘယ်​ဆိုဖွယ်​ရှိ​သနည်း”​ဟု ဆို​လေ​၏​။