Library · my

Psalms 114

114:1 အစ္စရေး​လူမျိုး​သည် အီဂျစ်​ပြည်​မှ​၊ ယာကုပ်​၏​အမျိုးအနွယ်​သည် တိုင်းတစ်ပါး​ဘာသာ​စကား​ပြောဆို​သော​လူမျိုး​ထံမှ ထွက်လာ​သောအခါ 114:2 ယုဒ​သည် ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​၊ အစ္စရေး​သည် ကိုယ်တော်​အုပ်စိုး​သော နိုင်ငံ​တော်​ဖြစ်လာ​၏​။ 114:3 ပင်လယ်​သည် မြင်​၍​ထွက်ပြေး​လေ​၏​။ ဂျော်ဒန်​မြစ်​သည် နောက်​သို့​ပြန်လှည့်​လေ​၏​။ 114:4 တောင်​တို့​သည် သိုးထီး​ကဲ့သို့​လည်းကောင်း​၊ တောင်ကုန်း​တို့​သည် သိုးသငယ်​ကဲ့သို့​လည်းကောင်း ခုန်ပေါက်​ကြ​၏​။ 114:5 အချင်း​ပင်လယ်​၊ သင်​သည် အဘယ်ကြောင့်​ထွက်ပြေး​ရ​သနည်း​။ အချင်း​ဂျော်ဒန်​မြစ်​၊ သင်​သည် အဘယ်ကြောင့် နောက်​သို့​ပြန်လှည့်​ရ​သနည်း​။ 114:6 အချင်း​တောင်​တို့​၊ သင်​တို့​သည် အဘယ်ကြောင့် သိုးထီး​ကဲ့သို့​လည်းကောင်း​၊ အချင်း​တောင်ကုန်း​တို့​၊ သင်​တို့​သည် အဘယ်ကြောင့် သိုးသငယ်​ကဲ့သို့​လည်းကောင်း ခုန်ပေါက်​ကြ​သနည်း​။ 114:7 အချင်း​မြေကြီး​၊ အရှင်​၏​ရှေ့​တော်​တည်းဟူသော ယာကုပ်​၏​ဘုရားသခင့်​ရှေ့​တော်​၌ တုန်လှုပ်​လျက်​နေ​လော့​။ 114:8 ကိုယ်တော်​သည် ကျောက်ဆောင်​ကို ရေအိုင်​အဖြစ်​သို့​လည်းကောင်း​၊ မာကျော​သော​ကျောက်​ကို စမ်းရေတွင်း​အဖြစ်​သို့​လည်းကောင်း ပြောင်းလဲ​စေ​တော်မူ​၏​။