Psalms 117
117:1 တိုင်းနိုင်ငံအပေါင်းတို့၊ ထာဝရဘုရားကိုချီးမွမ်းကြလော့။ လူအပေါင်းတို့၊ ကိုယ်တော်ကိုထောမနာပြုကြလော့။
117:2 အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ငါတို့အပေါ်၌ ကြီးမားလှပေ၏။ ထာဝရဘုရား၏သစ္စာတော်သည်လည်း အစဉ်အမြဲတည်၏။ ဟာလေလုယ။