Library · my

Psalms 126

126:1 ထာဝရဘုရား​သည် ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော ဇိအုန်​သား​တို့​ကို ပြန်လာ​စေ​တော်မူ​သောအခါ ငါ​တို့​သည် အိပ်မက်မက်​နေ​သူ​ကဲ့သို့​ဖြစ်​ကြ​၏​။ 126:2 ထိုအခါ ငါ​တို့​နှုတ်​သည် ရယ်မော​ခြင်း​နှင့်​လည်းကောင်း​၊ ငါ​တို့​လျှာ​သည် ရွှင်လန်း​စွာ ကြွေးကြော်​ခြင်း​နှင့်​လည်းကောင်း ပြည့်ဝ​၏​။ လူ​တို့​က​လည်း “​ထာဝရဘုရား​သည် သူ​တို့​အတွက် ကြီးမြတ်​သော​အမှု​ကို ပြု​တော်မူ​ပြီ​”​ဟု တိုင်းနိုင်ငံ​တို့​အလယ်​တွင်​ပြောဆို​ကြ​၏​။ 126:3 ထာဝရဘုရား​သည် ငါ​တို့​အတွက် ကြီးမြတ်​သော​အမှု​ကို​ပြု​တော်မူ​ပြီ​။ ငါ​တို့​သည် ဝမ်းမြောက်​ကြ​၏​။ 126:4 အို ထာဝရဘုရား​၊ ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​အကျွန်ုပ်​တို့​ကို နေဂေ့​အရပ်​မှ​ချောင်းရေ​များ​ကဲ့သို့ ပြန်လာ​စေ​တော်မူ​ပါ ​။ 126:5 မျက်ရည်​ဖြင့် မျိုးစေ့ကြဲ​သော​သူ​တို့​သည် ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​ဖြင့် ရိတ်သိမ်း​ရ​ကြ​လိမ့်မည်​။ 126:6 မျက်ရည်ကျ​လျက် ကြဲစရာ​မျိုးစေ့​ကို​သယ်ဆောင်​၍ ထွက်သွား​သော​သူ​သည် မိမိ​၏​ကောက်လှိုင်း​များ​ကို​သယ်ဆောင်​၍ ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​ဖြင့် မုချ​ပြန်လာ​လိမ့်မည်​။