Psalms 125
125:1 ထာဝရဘုရားကို ယုံကြည်ကိုးစားသောသူတို့သည် မတုန်မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ဖြစ်ကြ၏။
125:2 တောင်များသည် ဂျေရုဆလင်မြို့ကိုဝန်းရံထားသကဲ့သို့ ထာဝရဘုရားသည် မိမိ၏လူမျိုးတော်ကို ယခုမှစ၍ ကာလအစဉ်အဆက်ဝန်းရံထားတော်မူ၏။
125:3 ဖြောင့်မတ်သောသူတို့သည် မိမိတို့လက်ကို မကောင်းမှုအတွက်အသုံးမပြုမိစေရန် ဆိုးယုတ်သောသူ၏ရာဇလှံတံသည် ဖြောင့်မတ်သောသူတို့၏ဝေစုနယ်မြေပေါ်၌ မတည်မနေရ။
125:4 အို ထာဝရဘုရား၊ သူတော်ကောင်းနှင့် စိတ်နှလုံးဖြောင့်မှန်သောသူတို့ကို ကောင်းစားစေတော်မူပါ။
125:5 မိမိတို့၏ကောက်ကျစ်သောလမ်းများဘက်သို့ လှည့်သွားသောသူတို့ကိုကား ထာဝရဘုရားသည် အပြစ်ဒုစရိုက်ပြုသောသူတို့နှင့်အတူ နှင်ထုတ်တော်မူလိမ့်မည်။ အစ္စရေးလူမျိုး၌ ငြိမ်သက်ခြင်းရှိပါစေသော။