Library · my

Psalms 130

130:1 အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် နက်ရှိုင်း​ရာ​နေရာ​မှ ကိုယ်တော်​ကို​ခေါ်​ပါ​၏​။ 130:2 အို ဘုရားရှင်​၊ အကျွန်ုပ်​၏​အသံ​ကို နားထောင်​တော်မူ​ပါ​။ အကျွန်ုပ်​အသနားခံ​သော​အသံ​ကို နားစွင့်​တော်မူ​ပါ​။ 130:3 အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ဒုစရိုက်​များ​ကို မှတ်​ထား​တော်မူ​လျှင် မည်သူ​သည်​ခံရပ်​နိုင်​ပါ​မည်နည်း​။ 130:4 သို့သော် ကိုယ်တော်​သည် ခွင့်လွှတ်​တော်မူ​သောကြောင့် လူ​တို့​သည် ကိုယ်တော်​ကို ကြောက်ရွံ့ရိုသေ​ကြ​ပါ​၏​။ 130:5 ငါ​သည် ထာဝရဘုရား​ကို စောင့်မျှော်​၏​။ ငါ​၏​စိတ်ဝိညာဉ်​သည် စောင့်မျှော်​၏​။ ငါ​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မျှော်လင့်ကိုးစား​၏​။ 130:6 ကင်းစောင့်​တို့​သည် နံနက်အချိန်​ကို​စောင့်မျှော်​ကြ​သည်​ထက် အကယ်စင်စစ် ကင်းစောင့်​တို့​သည် နံနက်အချိန်​ကို​စောင့်မျှော်​ကြ​သည်​ထက် ငါ​၏​စိတ်ဝိညာဉ်​သည် ဘုရားရှင်​ကို စောင့်မျှော်​၏​။ 130:7 အို အစ္စရေး​လူမျိုး​၊ ထာဝရဘုရား​ကို မျှော်လင့်ကိုးစား​လော့​။ အကြောင်းမူကား ထာဝရဘုရား​၌ မေတ္တာကရုဏာ​တော်​ရှိ​၏​။ ကြွယ်ဝ​သော​ရွေးနုတ်ကယ်တင်​ခြင်း​လည်း ကိုယ်တော်​၌​ရှိ​၏​။ 130:8 ကိုယ်တော်​သည် အစ္စရေး​လူမျိုး​တို့​ကို သူ​တို့​၏​ဒုစရိုက်​ရှိသမျှ​တို့​ထဲမှ ရွေးနုတ်ကယ်တင်​တော်မူ​လိမ့်မည်​။