Library · my

Psalms 131

131:1 အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ဘဝင်မြင့်​ခြင်း​မ​ရှိ​ပါ​။ မျက်နှာ​ထောင်လွှား​ခြင်း​လည်း​မ​ရှိ​ပါ​။ ကြီးမား​၍ အကျွန်ုပ်​အတွက် အံ့မခန်း​ဖြစ်​ရ​သော​အမှု​များ​နှင့် ပတ်သက်​ခြင်း​လည်း​မ​ရှိ​ပါ​။ 131:2 အကယ်စင်စစ် မိမိ​၏​မိခင်​နှင့်အတူ​ရှိ​သည့် နို့ပြတ်​ပြီး​သော​ကလေးငယ်​ကဲ့သို့ အကျွန်ုပ်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ငြိမ်သက်​တိတ်ဆိတ်​စွာ​နေ​စေ​ပါ​၏​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် အကျွန်ုပ်​အထဲ​၌ နို့ပြတ်​ပြီး​သော​ကလေးငယ်​ကဲ့သို့​ဖြစ်​ပါ​၏​။ 131:3 အို အစ္စရေး​လူမျိုး​၊ ထာဝရဘုရား​ကို ယခု​မှစ၍ ကာလ​အစဉ်အဆက်​မျှော်လင့်ကိုးစား​လော့​။