Psalms 82
82:1 ဘုရားသခင်သည် ဘုရားအစုအဝေး၌ နေရာယူတော်မူ၏။ ဘုရားများ၏အလယ်တွင် တရားစီရင်တော်မူ၏။
82:2 “သင်တို့သည် မည်မျှကြာအောင် မတရားသဖြင့်စီရင်၍ ဆိုးယုတ်သောသူတို့ကို မျက်နှာလိုက်ကြမည်နည်း။
82:3 ဆင်းရဲသောသူနှင့်မိဘမဲ့သူအတွက် တရားစီရင်ပေးကြလော့။ အဖိနှိပ်ခံရသောသူနှင့်ဆင်းရဲသားအတွက် ဖြောင့်မတ်စွာစီရင်ပေးကြလော့။
82:4 ဆင်းရဲသောသူနှင့် နွမ်းပါးသောသူကို ဆိုးယုတ်သောသူတို့၏လက်မှ ကယ်နုတ်၍ လွတ်မြောက်စေကြလော့။”
82:5 သူတို့သည် မည်သည့်အရာကိုမျှမသိကြ။ မည်သည့်အရာကိုမျှလည်း နားမလည်ဘဲ အမှောင်ထဲ၌ သွားလာကြ၏။ ကမ္ဘာမြေကြီး၏အခြေအမြစ်အပေါင်းတို့သည် တုန်လှုပ်ကြ၏။
82:6 ငါဆိုသည်ကား သင်တို့သည် ဘုရားများဖြစ်ကြ၏။ သင်တို့အားလုံးသည် အမြင့်ဆုံးသောအရှင်၏ သားသမီးများဖြစ်ကြ၏။
82:7 သို့သော် သင်တို့သည် သာမန်လူသားကဲ့သို့သေကြရလိမ့်မည်။ အခြားသောအကြီးအကဲများကဲ့သို့ ကျဆုံးကြရလိမ့်မည်။
82:8 အို ဘုရားသခင်၊ ထ၍ ကမ္ဘာမြေကြီးကို တရားစီရင်တော်မူပါ။ အကြောင်းမူကား လူမျိုးအပေါင်းတို့သည် ကိုယ်တော်၏အမွေတော် ဖြစ်ပါ၏။