Library · my

Numbers 33

33:1 မောရှေ​နှင့်​အာရုန်​တို့​၏​ဦးဆောင်မှု​ဖြင့် အီဂျစ်​ပြည်​မှ​တပ်ဖွဲ့​အလိုက်​ထွက်လာ​သော အစ္စရေး​အမျိုးသား​တို့​၏​ခရီးစဉ်​ကား ဤသို့​ဖြစ်​၏​။ 33:2 မောရှေ​သည် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း သူ​တို့​၏​ခရီးစဉ်​အဆင့်ဆင့်​ကို ရေးမှတ်​ထား​၏​။ သူ​တို့​၏​ခရီးစဉ်​အဆင့်ဆင့်​ကား ဤသို့​ဖြစ်​၏​။ 33:3 အစ္စရေး​အမျိုးသား​တို့​သည် ပထမ​လ​၊ တစ်ဆယ့်​ငါး​ရက်​နေ့​တွင် ရာမသက်​အရပ်​မှ ခရီးပြု​ကြ​၏​။ သူ​တို့​သည် ပသခါပွဲ​လွန်ပြီး​နောက်တစ်နေ့​တွင် အီဂျစ်​လူမျိုး​အပေါင်း​တို့​၏​ရှေ့​မှ ဝင့်ကြွား​စွာ​ထွက်လာ​ကြ​၏​။ 33:4 ထို​အချိန်​၌ အီဂျစ်​လူမျိုး​တို့​သည် ထာဝရဘုရား​ဒဏ်ခတ်​တော်မူ​သော သူ​တို့​၏​သားဦး​အပေါင်း​တို့​ကို သင်္ဂြိုဟ်​နေ​ကြ​၏​။ ထာဝရဘုရား​သည် သူ​တို့​၏​ဘုရား​များ​ကို အပြစ်ဒဏ်​ပေး​တော်မူ​၏​။ 33:5 အစ္စရေး​အမျိုးသား​တို့​သည် ရာမသက်​အရပ်​မှ​ခရီးပြု​၍ သုကုတ်​အရပ်​၌ စခန်းချ​ကြ​၏​။ 33:6 သုကုတ်​အရပ်​မှ ခရီးပြု​၍ တောကန္တာရ​အစွန်အဖျား​ရှိ ဧသံ​အရပ်​၌ စခန်းချ​ကြ​၏​။ 33:7 ဧသံ​အရပ်​မှ ခရီးပြု​၍ ဗာလဇေဖုန်​အရပ်​အရှေ့​ဘက်​ရှိ ပိဟဟိရုတ်​အရပ်​သို့​ပြန်လှည့်​ကာ မိဂဒေါလ​အရပ်​အရှေ့​ဘက်​၌ စခန်းချ​ကြ​၏​။ 33:8 ထို​ပိဟဟိရုတ်​အရပ်​မှ ခရီးပြု​၍ ပင်လယ်​ကို​ဖြတ်​ပြီး တောကန္တာရ​သို့ ရောက်​ကြ​၏​။ ဧသံ​တောကန္တာရ​ထဲ၌ သုံး​ရက်​ခရီး​သွား​၍ မာရ​အရပ်​၌ စခန်းချ​ကြ​၏​။ 33:9 မာရ​အရပ်​မှ ခရီးပြု​၍ ဧလိမ်​အရပ်​သို့ ရောက်​ကြ​၏​။ ဧလိမ်​အရပ်​တွင် စမ်းရေတွင်း တစ်ဆယ့်​နှစ်​တွင်း​နှင့် စွန်ပလွံပင် ခုနစ်ဆယ် ရှိ​၏​။ ထို​အရပ်​၌ သူ​တို့​စခန်းချ​ကြ​၏​။ 33:10 ဧလိမ်​အရပ်​မှ ခရီးပြု​၍ ပင်လယ်နီ​အနား​၌ စခန်းချ​ကြ​၏​။ 33:11 ပင်လယ်နီ​မှ ခရီးပြု​၍ သိန်​တောကန္တာရ​၌ စခန်းချ​ကြ​၏​။ 33:12 သိန်​တောကန္တာရ​မှ ခရီးပြု​၍ ဒေါဖကာ​အရပ်​၌ စခန်းချ​ကြ​၏​။ 33:13 ဒေါဖကာ​အရပ်​မှ ခရီးပြု​၍ အာလုရှ​အရပ်​၌ စခန်းချ​ကြ​၏​။ 33:14 အာလုရှ​အရပ်​မှ ခရီးပြု​၍ ရေဖိဒိမ်​အရပ်​၌ စခန်းချ​ကြ​၏​။ ထို​အရပ်​၌ လူ​တို့​သောက်​ဖို့ ရေ​မ​ရှိ​။ 33:15 ရေဖိဒိမ်​အရပ်​မှ ခရီးပြု​၍ သိနာ​တောကန္တာရ​၌ စခန်းချ​ကြ​၏​။ 33:16 သိနာ​တောကန္တာရ​မှ ခရီးပြု​၍ ကိဗြုတ်ဟတ္တဝါ​အရပ်​၌ စခန်းချ​ကြ​၏​။ 33:17 ကိဗြုတ်ဟတ္တဝါ​အရပ်​မှ ခရီးပြု​၍ ဟာဇရုတ်​အရပ်​၌ စခန်းချ​ကြ​၏​။ 33:18 ဟာဇရုတ်​အရပ်​မှ ခရီးပြု​၍ ရိသမ​အရပ်​၌ စခန်းချ​ကြ​၏​။ 33:19 ရိသမ​အရပ်​မှ ခရီးပြု​၍ ရိမ္မုန်ဖာရက်​အရပ်​၌ စခန်းချ​ကြ​၏​။ 33:20 ရိမ္မုန်ဖာရက်​အရပ်​မှ ခရီးပြု​၍ လိဗန​အရပ်​၌ စခန်းချ​ကြ​၏​။ 33:21 လိဗန​အရပ်​မှ ခရီးပြု​၍ ရိဿ​အရပ်​၌ စခန်းချ​ကြ​၏​။ 33:22 ရိဿ​အရပ်​မှ ခရီးပြု​၍ ကေဟလာသ​အရပ်​၌ စခန်းချ​ကြ​၏​။ 33:23 ကေဟလာသ​အရပ်​မှ ခရီးပြု​၍ ရှာဖာ​တောင်​၌ စခန်းချ​ကြ​၏​။ 33:24 ရှာဖာ​တောင်​မှ ခရီးပြု​၍ ဟာရဒ​အရပ်​၌ စခန်းချ​ကြ​၏​။ 33:25 ဟာရဒ​အရပ်​မှ ခရီးပြု​၍ မက္ကလုတ်​အရပ်​၌ စခန်းချ​ကြ​၏​။ 33:26 မက္ကလုတ်​အရပ်​မှ ခရီးပြု​၍ တာဟတ်​အရပ်​၌ စခန်းချ​ကြ​၏​။ 33:27 တာဟတ်​အရပ်​မှ ခရီးပြု​၍ တေရ​အရပ်​၌ စခန်းချ​ကြ​၏​။ 33:28 တေရ​အရပ်​မှ ခရီးပြု​၍ မိသကာ​အရပ်​၌ စခန်းချ​ကြ​၏​။ 33:29 မိသကာ​အရပ်​မှ ခရီးပြု​၍ ဟာရှမောန​အရပ်​၌ စခန်းချ​ကြ​၏​။ 33:30 ဟာရှမောန​အရပ်​မှ ခရီးပြု​၍ မောသရုတ်​အရပ်​၌ စခန်းချ​ကြ​၏​။ 33:31 မောသရုတ်​အရပ်​မှ ခရီးပြု​၍ ဗင်္ယာကန်​အရပ်​၌ စခန်းချ​ကြ​၏​။ 33:32 ဗင်္ယာကန်​အရပ်​မှ ခရီးပြု​၍ ဟောရဂိဒ်ဂဒ်​အရပ်​၌ စခန်းချ​ကြ​၏​။ 33:33 ဟောရဂိဒ်ဂဒ်​အရပ်​မှ ခရီးပြု​၍ ယုပ္ဘာသ​အရပ်​၌ စခန်းချ​ကြ​၏​။ 33:34 ယုပ္ဘာသ​အရပ်​မှ ခရီးပြု​၍ ဧဗြောန​အရပ်​၌ စခန်းချ​ကြ​၏​။ 33:35 ဧဗြောန​အရပ်​မှ ခရီးပြု​၍ ဧဇယုန်ဂါဗာ​အရပ်​၌ စခန်းချ​ကြ​၏​။ 33:36 ဧဇယုန်ဂါဗာ​အရပ်​မှ ခရီးပြု​၍ ကာဒေရှ​အရပ်​ရှိ ဇိန​တောကန္တာရ​၌ စခန်းချ​ကြ​၏​။ 33:37 ကာဒေရှ​အရပ်​မှ ခရီးပြု​၍ ဧဒုံ​ပြည်​နယ်နိမိတ်​ရှိ ဟောရ​တောင်​၌ စခန်းချ​ကြ​၏​။ 33:38 အစ္စရေး​အမျိုးသား​တို့​အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီး အနှစ်​လေးဆယ်​မြောက်​သော​နှစ်​၊ ပဉ္စမ​လ​၊ ပထမ​နေ့​၌ ယဇ်ပုရောဟိတ်​အာရုန်​သည် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း ဟောရ​တောင်​ပေါ်သို့​တက်သွား​၍ ထို​နေရာ​၌ သေ​လေ​၏​။ 33:39 အာရုန်​သည် ဟောရ​တောင်​ပေါ်၌ သေ​သောအခါ အသက်​တစ်ရာ​နှစ်ဆယ့်​သုံး​နှစ်​ရှိ​၏​။ 33:40 ခါနာန်​ပြည်​၊ နေဂေ့​အရပ်​၌ စံမြန်း​သော ခါနာန်​လူမျိုး အာရဒ်​ဘုရင်​သည် အစ္စရေး​အမျိုးသား​တို့​ရောက်လာ​ကြောင်း​ကို ကြားသိ​၏​။ 33:41 အစ္စရေး​အမျိုးသား​တို့​သည် ဟောရ​တောင်​မှ ခရီးပြု​၍ ဇာလမောန​အရပ်​၌ စခန်းချ​ကြ​၏​။ 33:42 ဇာလမောန​အရပ်​မှ ခရီးပြု​၍ ပုနုန်​အရပ်​၌ စခန်းချ​ကြ​၏​။ 33:43 ပုနုန်​အရပ်​မှ ခရီးပြု​၍ ဩဗုတ်​အရပ်​၌ စခန်းချ​ကြ​၏​။ 33:44 ဩဗုတ်​အရပ်​မှ ခရီးပြု​၍ မောဘ​နယ်စပ်​ရှိ ဣဇာဗာရိမ်​အရပ်​၌ စခန်းချ​ကြ​၏​။ 33:45 ဣရိမ်​အရပ်​မှ ခရီးပြု​၍ ဒိဘုန်​ဂဒ်​အရပ်​၌ စခန်းချ​ကြ​၏​။ 33:46 ဒိဘုန်​ဂဒ်​အရပ်​မှ ခရီးပြု​၍ အာလမုန်ဒိဗလသိမ်​အရပ်​၌ စခန်းချ​ကြ​၏​။ 33:47 အာလမုန်ဒိဗလသိမ်​အရပ်​မှ ခရီးပြု​၍ နေဗော​တောင်​ရှေ့ အာဗရိမ်​တောင်​၌ စခန်းချ​ကြ​၏​။ 33:48 အာဗရိမ်​တောင်​မှ ခရီးပြု​၍ ဂျေရိခေါ​မြို့​တစ်ဖက်​၊ ဂျော်ဒန်​မြစ်​အနီး​၊ မောဘ​လွင်ပြင်​၌ စခန်းချ​ကြ​၏​။ 33:49 ဂျော်ဒန်​မြစ်​အနီး​၊ မောဘ​လွင်ပြင်​တစ်လျှောက် ဗက်ယေရှိမုတ်​မြို့​မှ အာဗေလရှိတ္တိမ်​အရပ်​တိုင်အောင် စခန်းချ​ကြ​၏​။ 33:50 ထိုအခါ ဂျေရိခေါ​မြို့​တစ်ဖက်​၊ ဂျော်ဒန်​မြစ်​အနီး​၊ မောဘ​လွင်ပြင်​၌ ထာဝရဘုရား​က မောရှေ​အား 33:51 “​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ သင်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ ခါနာန်​ပြည်​ထဲသို့​ဝင်​သောအခါ 33:52 ထို​ပြည်​၌​နေထိုင်​သော​သူ​ရှိသမျှ​တို့​ကို သင်​တို့​ရှေ့​မှ နှင်ထုတ်​၍ သူ​တို့​၏​ကျောက်ဆစ်​ရုပ်တု​ရှိသမျှ​တို့​ကို ဖျက်ဆီး​ရ​မည်​။ သူ​တို့​သွန်းလုပ်​သော​ရုပ်တု​ရှိသမျှ​တို့​ကို​လည်း ဖျက်ဆီး​၍ သူ​တို့​အထွတ်အမြတ်​ထား​ရာ​နေရာ​ရှိသမျှ​တို့​ကို ဖြိုဖျက်​ရ​မည်​။ 33:53 ထို​ပြည်​ကို သင်​တို့​အား ငါ​အပိုင်​ပေး​သောကြောင့် သိမ်းပိုက်​၍ ထို​ပြည်​၌ နေထိုင်​ကြ​လော့​။ 33:54 သင်​တို့​၏​မျိုးနွယ်စု​အလိုက် ထို​ပြည်​ကို မဲချ​၍ အမွေ​ခွဲဝေ​ပေး​ရ​မည်​။ မျိုးနွယ်စု​လူဦးရေ များ​လျှင်​များ​သည့်​အလျောက်​၊ နည်း​လျှင်​နည်း​သည့်​အလျောက် အမွေမြေ​ပေး​ရ​မည်​။ မိမိ​အတွက် မဲ​ကျ​သော​နေရာ​သည် မိမိ​၏​အမွေ​ဖြစ်​ရ​မည်​။ သင်​တို့​ဘိုးဘေး​တို့​၏​အမျိုးအနွယ်​အလိုက် အမွေဆက်ခံ​ကြ​ရ​မည်​။ 33:55 ထို​ပြည်​၌​နေထိုင်​သော​သူ​တို့​ကို သင်​တို့​ထံ​မှ အကုန်အစင်​မ​နှင်ထုတ်​လျှင် သင်​တို့​ချန်ထား​ခဲ့​သော​သူ​တို့​သည် သင်​တို့​၏​မျက်စိ​၌ ငြောင့်​ကဲ့သို့​လည်းကောင်း​၊ သင်​တို့​နံဘေး​၌ ဆူး​ကဲ့သို့​လည်းကောင်း ဖြစ်​လိမ့်မည်​။ သင်​တို့​နေထိုင်​သော​ပြည်​၌ သင်​တို့​ကို ရန်ပြု​ကြ​လိမ့်မည်​။ 33:56 ငါ​သည်​လည်း ထို​သူ​တို့​ကို​စီရင်​မည်​ဟု ကြံရွယ်​ထား​သည့်​အတိုင်း သင်​တို့​ကို ငါ​စီရင်​မည်​”​ဟု မိန့်​တော်မူ​၏​။