Numbers 7
7:1 မောရှေသည် ကိန်းဝပ်တော်မူရာတဲတော်ကို တည်ပြီးသောနေ့၌ ကိန်းဝပ်တော်မူရာတဲတော်နှင့် ထိုတဲတော်၏တန်ဆာပလာရှိသမျှကို ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။ ယဇ်ပလ္လင်နှင့် ထိုယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှကိုလည်း ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။
7:2 အစ္စရေးလူမျိုးတို့၏ခေါင်းဆောင်များ၊ ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများဖြစ်သည့် စာရင်းဝင်သူတို့ကို ကြီးကြပ်ရသော အမျိုးအနွယ်တို့၏ခေါင်းဆောင်များသည် လှူဖွယ်ဝတ္ထုများကို ပူဇော်ကြ၏။
7:3 ခေါင်းဆောင်နှစ်ယောက်လျှင် ပေါင်းမိုးပါလှည်းအိမ်တစ်ခု၊ တစ်ယောက်လျှင် နွားတစ်ကောင်၊ စုစုပေါင်း လှည်းအိမ်ခြောက်ခုနှင့် နွားတစ်ဆယ့်နှစ်ကောင်စသည့် ပူဇော်သက္ကာတို့ကို ထာဝရဘုရားရှေ့တော်သို့ ယူဆောင်ခဲ့ကြပြီး ကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ ပူဇော်ကြ၏။
7:4 ထာဝရဘုရားက မောရှေအား
7:5 “တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုတော်၌ အသုံးပြုရန်အတွက် သူတို့ထံမှ ထိုလှူဖွယ်ဝတ္ထုတို့ကို ခံယူလော့။ သင်သည် ထိုအရာတို့ကို လေဝိအမျိုးအသီးသီးတို့ ထမ်းဆောင်ရသည့်တာဝန်အလိုက် ပေးအပ်ရမည်”ဟု မိန့်တော်မူ၏။
7:6 မောရှေသည်လည်း လှည်းအိမ်နှင့်နွားတို့ကိုခံယူပြီး လေဝိအမျိုးတို့အား ပေးအပ်လေ၏။
7:7 ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာဦးဆောင်မှုအောက်၌တာဝန်ထမ်းဆောင်သော ဂေရရှုန်သားမြေးတို့အား သူတို့ထမ်းဆောင်ရသည့်တာဝန်အလိုက် လှည်းအိမ်နှစ်ခုနှင့်နွားလေးကောင်၊
7:8 မေရာရိသားမြေးတို့အား သူတို့ထမ်းဆောင်ရသည့်တာဝန်အလိုက် လှည်းအိမ်လေးခုနှင့်နွားရှစ်ကောင်ကိုပေးအပ်လေ၏။
7:9 ကောဟတ်သားမြေးတို့ကိုမူကား မပေးအပ်ချေ။ အကြောင်းမှာ သူတို့သည် သန့်ရှင်းသောအရာတို့ကို တာဝန်ယူရ၍ ၎င်းတို့ကို ပခုံးဖြင့် ထမ်းရသောကြောင့်ဖြစ်၏။
7:10 ယဇ်ပလ္လင်ကို ဘိသိက်သွန်းသောနေ့၌ ခေါင်းဆောင်တို့သည် ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် ပူဇော်သက္ကာများကို ယူဆောင်လာ၍ မိမိတို့၏ပူဇော်သက္ကာကို ယဇ်ပလ္လင်ရှေ့၌ ပူဇော်ကြ၏။
7:11 အကြောင်းမှာ ထာဝရဘုရားက မောရှေအား “ခေါင်းဆောင်တို့သည် ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် တစ်နေ့လျှင်တစ်ယောက် မိမိတို့၏ပူဇော်သက္ကာကို ယူဆောင်လာရမည်”ဟု မိန့်တော်မူခဲ့၏။
7:12 ပထမနေ့၌ ယုဒအမျိုးအနွယ်မှ အမိနဒပ်၏သား နာရှုန်သည် ပူဇော်သက္ကာကို ယူဆောင်လာ၏။
7:13 သူ၏ပူဇော်သက္ကာများမှာ ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ် ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ် ရှိသော ငွေဇလုံတစ်လုံး၊
7:14 နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ် ရှိသော ရွှေခွက်တစ်လုံး၊
7:15 မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
7:16 အပြစ်ဖြေရာယဇ်အတွက် ဆိတ်သငယ်အထီးတစ်ကောင်၊
7:17 မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား အမိနဒပ်၏သား နာရှုန်၏ပူဇော်သက္ကာများ ဖြစ်၏။
7:18 ဒုတိယနေ့၌ ဣသခါသားမြေးတို့၏ခေါင်းဆောင်၊ ဇုအာ၏သားနာသနေလသည် ပူဇော်သက္ကာကို ယူဆောင်လာ၏။
7:19 သူယူဆောင်လာသောပူဇော်သက္ကာများမှာ ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
7:20 နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေခွက်တစ်လုံး၊
7:21 မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
7:22 အပြစ်ဖြေရာယဇ်အတွက် ဆိတ်သငယ်အထီးတစ်ကောင်၊
7:23 မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား ဇုအာ၏သား နာသနေလ၏ပူဇော်သက္ကာများ ဖြစ်၏။
7:24 တတိယနေ့၌ ဇာဗုလုန်သားမြေးတို့၏ခေါင်းဆောင်၊ ဟေလုန်၏သား ဧလျာဘ ယူဆောင်လာသော ပူဇော်သက္ကာများမှာ
7:25 ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
7:26 နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေခွက်တစ်လုံး၊
7:27 မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
7:28 အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီးကလေးတစ်ကောင်၊
7:29 မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား ဟေလုန်၏သား ဧလျာဘ၏ပူဇော်သက္ကာများ ဖြစ်၏။
7:30 စတုတ္ထနေ့၌ ရုဗင်သားမြေးတို့၏ခေါင်းဆောင်၊ ရှေဒုရ၏သား ဧလိဇုရ ယူဆောင်လာသော ပူဇော်သက္ကာများမှာ
7:31 ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
7:32 နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေခွက်တစ်လုံး၊
7:33 မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
7:34 အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီးကလေးတစ်ကောင်၊
7:35 မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား ရှေဒုရ၏သား ဧလိဇုရ၏ပူဇော်သက္ကာများ ဖြစ်၏။
7:36 ပဉ္စမနေ့၌ ရှိမောင်သားမြေးတို့၏ခေါင်းဆောင်၊ ဇုရိရှဒ္ဒဲ၏သား ရှေလုမျေလ ယူဆောင်လာသော ပူဇော်သက္ကာများမှာ
7:37 ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
7:38 နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေခွက်တစ်လုံး၊
7:39 မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
7:40 အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီးကလေးတစ်ကောင်၊
7:41 မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား ဇုရိရှဒ္ဒဲ၏သား ရှေလုမျေလ၏ပူဇော်သက္ကာများ ဖြစ်၏။
7:42 ဆဋ္ဌမနေ့၌ ဂဒ်သားမြေးတို့၏ခေါင်းဆောင်၊ ဒွေလ၏သား ဧလျာသပ် ယူဆောင်လာသော ပူဇော်သက္ကာများမှာ
7:43 ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
7:44 နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေခွက်တစ်လုံး၊
7:45 မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
7:46 အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီးကလေးတစ်ကောင်၊
7:47 မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား ဒွေလ၏သား ဧလျာသပ်၏ပူဇော်သက္ကာများ ဖြစ်၏။
7:48 သတ္တမနေ့၌ ဧဖရိမ်သားမြေးတို့၏ခေါင်းဆောင်၊ အမိဟုဒ်၏သားဧလိရှမာ ယူဆောင်လာသော ပူဇော်သက္ကာများမှာ
7:49 ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
7:50 နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေခွက်တစ်လုံး၊
7:51 မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
7:52 အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီးကလေးတစ်ကောင်၊
7:53 မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား အမိဟုဒ်၏သား ဧလိရှမာ၏ပူဇော်သက္ကာများ ဖြစ်၏။
7:54 အဋ္ဌမနေ့၌ မနာရှေသားမြေးတို့၏ခေါင်းဆောင်၊ ပေဒါဇုရ၏သား ဂါမလျေလ ယူဆောင်လာ သော ပူဇော်သက္ကာများမှာ
7:55 ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
7:56 နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေခွက်တစ်လုံး၊
7:57 မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
7:58 အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီးကလေးတစ်ကောင်၊
7:59 မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား ပေဒါဇုရ၏သား ဂါမလျေလ၏ပူဇော်သက္ကာများ ဖြစ်၏။
7:60 နဝမနေ့၌ ဗင်္ယာမိန်သားမြေးတို့၏ခေါင်းဆောင်၊ ဂိဒေါနိ၏သား အဘိဒန် ယူဆောင်လာသော ပူဇော်သက္ကာများမှာ
7:61 ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
7:62 နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေခွက်တစ်လုံး၊
7:63 မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
7:64 အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီးကလေးတစ်ကောင်၊
7:65 မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား ဂိဒေါနိ၏သား အဘိဒန်၏ပူဇော်သက္ကာများ ဖြစ်၏။
7:66 ဒသမနေ့၌ ဒန်သားမြေးတို့၏ခေါင်းဆောင်၊ အမိရှဒ္ဒဲ၏သား အဟေဇာ ယူဆောင်လာသော ပူဇော်သက္ကာများမှာ
7:67 ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
7:68 နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေခွက်တစ်လုံး၊
7:69 မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
7:70 အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီးကလေးတစ်ကောင်၊
7:71 မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား အမိရှဒ္ဒဲ၏သား အဟေဇာ၏ပူဇော်သက္ကာများ ဖြစ်၏။
7:72 ဧကာဒသမနေ့၌ အာရှာသားမြေးတို့၏ခေါင်းဆောင်၊ ဩကရန်၏သား ပါဂျေလ ယူဆောင်လာသော ပူဇော်သက္ကာများမှာ
7:73 ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
7:74 နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေခွက်တစ်လုံး၊
7:75 မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
7:76 အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီးကလေးတစ်ကောင်၊
7:77 မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား ဩကရန်၏သား ပါဂျေလ၏ပူဇော်သက္ကာများ ဖြစ်၏။
7:78 ဒွါဒသမနေ့၌ နဿလိသားမြေးတို့၏ခေါင်းဆောင်၊ ဧနန်၏သား အဟိရ ယူဆောင်လာသော ပူဇော်သက္ကာများမှာ
7:79 ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
7:80 နံ့သာပေါင်းအပြည့်ပါသည့် ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေခွက်တစ်လုံး၊
7:81 မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
7:82 အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီးကလေးတစ်ကောင်၊
7:83 မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား ဧနန်၏သား အဟိရ၏ပူဇော်သက္ကာများ ဖြစ်၏။
7:84 ယဇ်ပလ္လင်ကို ဘိသိက်သွန်းသောနေ့၌ ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် အစ္စရေးခေါင်းဆောင်တို့ယူဆောင်လာသောပူဇော်သက္ကာမှာ ငွေလင်ပန်း တစ်ဆယ့်နှစ်ခု၊ ငွေဇလုံ တစ်ဆယ့်နှစ်လုံး၊ ရွှေခွက် တစ်ဆယ့်နှစ်လုံး ဖြစ်၏။
7:85 ငွေလင်ပန်းတစ်ခု၏အလေးချိန်မှာ တစ်ရာ့သုံးဆယ်ရှယ်ကယ်၊ ငွေဇလုံတစ်လုံး၏အလေးချိန်မှာ ခုနစ်ဆယ်ရှယ်ကယ် ရှိ၏။ ထိုတန်ဆာပလာတို့၏အလေးချိန်ပေါင်းကား သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ရှယ်ကယ်နှစ်ထောင့်လေးရာ ရှိ၏။
7:86 နံ့သာပေါင်းအပြည့်ပါသောရွှေခွက် တစ်ဆယ့်နှစ်လုံးတွင် တစ်လုံး၏အလေးချိန်မှာ သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ရှယ်ကယ်တစ်ဆယ် ဖြစ်၏။ ရွှေခွက်အားလုံး၏အလေးချိန်မှာတစ်ရာ့နှစ်ဆယ်ရှယ်ကယ် ဖြစ်၏။
7:87 မီးရှို့ရာယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာနှင့်တကွ တိရစ္ဆာန်စုစုပေါင်းမှာ နွားထီးတစ်ဆယ့်နှစ်ကောင်၊ သိုးထီးတစ်ဆယ့်နှစ်ကောင်၊ တစ်နှစ်သားအရွယ်သိုးသငယ်တစ်ဆယ့်နှစ်ကောင်၊ အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီးကလေးတစ်ဆယ့်နှစ်ကောင်၊
7:88 မိတ်သဟာယယဇ်အတွက် တိရစ္ဆာန်စုစုပေါင်းမှာ နွားထီးနှစ်ဆယ့်လေးကောင်၊ သိုးထီးအကောင်ခြောက်ဆယ်၊ ဆိတ်ထီးအကောင်ခြောက်ဆယ်၊ တစ်နှစ်သားအရွယ်သိုးသငယ် အကောင်ခြောက်ဆယ် ဖြစ်၏။ ဤသည်ကား ယဇ်ပလ္လင်ကို ဘိသိက်သွန်းပြီးနောက် ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် ပူဇော်သက္ကာများ ဖြစ်၏။
7:89 မောရှေသည် ထာဝရဘုရားနှင့်စကားပြောရန် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ သက်သေခံချက်သေတ္တာတော်ပေါ်ရှိ ကရုဏာတော်ပလ္လင် အထက် ခေရုဗိမ် နှစ်ပါးအကြားမှ သူ့အား ပြောသောစကားသံကို ကြားရ၏။ ထာဝရဘုရားသည် သူနှင့်စကားပြောတော်မူ၏။