Library · my

Numbers 29

29:1 သတ္တမ​လ​၊ ပထမ​နေ့​တွင် သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို ပြု​ရ​မည်​။ မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။ ထို​နေ့​သည် သင်​တို့ တံပိုးမှုတ်​ရ​သော​နေ့​ဖြစ်​၏​။ 29:2 ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီးရှို့ရာယဇ်​အဖြစ် အပြစ်အနာအဆာကင်း​သော​နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​ခုနစ်​ကောင်​ကို ပူဇော်​ရ​မည်​။ 29:3 နွားထီး​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံသုံးပုံ ​၊ သိုးထီး​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ ​၊ 29:4 သိုးသငယ်​ခုနစ်​ကောင်​တွင် တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ ​ကို ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။ 29:5 သင်​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။ 29:6 လဆန်း​တစ်ရက်နေ့​၌​ပူဇော်​သော မီးရှို့ရာယဇ်​နှင့် ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​၊ ပုံမှန်​မီးရှို့ရာယဇ်​နှင့် ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​၊ ထို​ယဇ်​တို့​အတွက် သွန်းလောင်းရာပူဇော်သက္ကာ​များ​အပြင် ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​ယဇ်​ကို စီရင်ထုံးဖွဲ့ချက်​အတိုင်း ပူဇော်​ရ​မည်​။ 29:7 ဤ​သတ္တမ​လ​၊ ဆယ်​ရက်​နေ့​၌ သင်​တို့​သည် သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို ပြု​ရ​မည်​။ သင်​တို့​သည် မိမိ​တို့​၏​စိတ်ဆန္ဒ​ကို ငြင်းပယ် ​ရ​မည်​။ မည်သည့်​အလုပ်​ကို​မျှ​မ​လုပ်​ရ​။ 29:8 အပြစ်အနာအဆာကင်း​သော နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​ခုနစ်​ကောင်​ကို မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီးရှို့ရာယဇ်​အဖြစ် ထာဝရဘုရား​ထံ ပူဇော်​ရ​မည်​။ 29:9 နွားထီး​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံသုံးပုံ​၊ သိုးထီး​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ​၊ 29:10 သိုးသငယ်​ခုနစ်​ကောင်​တွင် တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ​ကို ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။ 29:11 အပြစ်ဖြေလွှတ်​ခြင်း​နှင့်ဆိုင်သော​အပြစ်ဖြေရာယဇ်​၊ ပုံမှန်​မီးရှို့ရာယဇ်​နှင့် ထို​ယဇ်​နှင့်ဆိုင်သော​ဘောဇဉ်ပူဇော်သက္ကာ​၊ အပြစ်ဖြေရာယဇ်​၊ ပုံမှန်​မီးရှို့ရာယဇ်​တို့​နှင့်ဆိုင်သော​သွန်းလောင်းရာပူဇော်သက္ကာ​တို့​အပြင် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။ 29:12 သတ္တမ​လ​၊ တစ်ဆယ့်ငါး​ရက်​နေ့​၌ သင်​တို့​သည် သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို ပြု​ရ​မည်​။ မည်သည့်​အလုပ်​ကို​မျှ​မ​လုပ်​ရ​။ ခုနစ်​ရက်​ပတ်လုံး ထာဝရဘုရား​အဖို့ ပွဲတော်​ကျင်းပ​ရ​မည်​။ 29:13 အပြစ်အနာအဆာကင်း​သော နွားထီး​ပျို​တစ်ဆယ့်သုံး​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​တစ်ဆယ့်လေး​ကောင်​ကို ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော မီးရှို့ရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။ 29:14 နွားထီး​တစ်ဆယ့်သုံး​ကောင်​တွင် တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံသုံးပုံ​၊ သိုးထီး​နှစ်​ကောင်​တွင် တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ​၊ 29:15 သိုးသငယ်​တစ်ဆယ့်လေး​ကောင်​တွင် တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ​ကို ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။ 29:16 ပုံမှန်​မီးရှို့ရာယဇ်​၊ ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​အပြင် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။ 29:17 ဒုတိယ​နေ့​၌ အပြစ်အနာအဆာကင်း​သော နွားထီး​ပျို​တစ်ဆယ့်နှစ်​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​တစ်ဆယ့်လေး​ကောင်​ကို ပူဇော်​ရ​မည်​။ 29:18 နွားထီး​၊ သိုးထီး​နှင့် သိုးသငယ်​တို့​အရေအတွက်​အလိုက် ဘောဇဉ်ပူဇော်သက္ကာ​နှင့်​သွန်းလောင်းရာပူဇော်သက္ကာ​တို့​ကို စီရင်ထုံးဖွဲ့ချက်​အတိုင်း ပူဇော်​ရ​မည်​။ 29:19 ပုံမှန်​မီးရှို့ရာယဇ်​၊ ထို​ယဇ်​အတွက်​ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​အပြင် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။ 29:20 တတိယ​နေ့​၌ အပြစ်အနာအဆာကင်း​သော နွားထီး​တစ်ဆယ့်တစ်​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​တစ်ဆယ့်လေး​ကောင်​ကို ပူဇော်​ရ​မည်​။ 29:21 နွားထီး​၊ သိုးထီး​နှင့် သိုးသငယ်​တို့​အရေအတွက်​အလိုက် ဘောဇဉ်ပူဇော်သက္ကာ​နှင့်​သွန်းလောင်းရာပူဇော်သက္ကာ​တို့​ကို စီရင်ထုံးဖွဲ့ချက်​အတိုင်း ပူဇော်​ရ​မည်​။ 29:22 ပုံမှန်​မီးရှို့ရာယဇ်​၊ ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​အပြင် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။ 29:23 စတုတ္ထ​နေ့​၌ အပြစ်အနာအဆာကင်း​သော နွားထီး​ဆယ်​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​တစ်ဆယ့်လေး​ကောင်​ကို ပူဇော်​ရ​မည်​။ 29:24 နွားထီး​၊ သိုးထီး​နှင့် သိုးသငယ်​တို့​အရေအတွက်​အလိုက် ဘောဇဉ်ပူဇော်သက္ကာ​နှင့်​သွန်းလောင်းရာပူဇော်သက္ကာ​တို့​ကို စီရင်ထုံးဖွဲ့ချက်​အတိုင်း ပူဇော်​ရ​မည်​။ 29:25 ပုံမှန်​မီးရှို့ရာယဇ်​၊ ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​အပြင် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။ 29:26 ပဉ္စမ​နေ့​၌ အပြစ်အနာအဆာကင်း​သော နွားထီး​ကိုး​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​တစ်ဆယ့်လေး​ကောင်​ကို ပူဇော်​ရ​မည်​။ 29:27 နွားထီး​၊ သိုးထီး​နှင့် သိုးသငယ်​တို့​အရေအတွက်​အလိုက် ဘောဇဉ်ပူဇော်သက္ကာ​နှင့်​သွန်းလောင်းရာပူဇော်သက္ကာ​တို့​ကို စီရင်ထုံးဖွဲ့ချက်​အတိုင်း ပူဇော်​ရ​မည်​။ 29:28 ပုံမှန်​မီးရှို့ရာယဇ်​၊ ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​အပြင် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။ 29:29 ဆဋ္ဌမ​နေ့​၌ အပြစ်အနာအဆာကင်း​သော နွားထီး​ရှစ်​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​တစ်ဆယ့်လေး​ကောင်​ကို ပူဇော်​ရ​မည်​။ 29:30 နွားထီး​၊ သိုးထီး​နှင့် သိုးသငယ်​တို့​အရေအတွက်​အလိုက် ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​ကို စီရင်ထုံးဖွဲ့ချက်​အတိုင်း ပူဇော်​ရ​မည်​။ 29:31 ပုံမှန်​မီးရှို့ရာယဇ်​၊ ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​အပြင် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။ 29:32 သတ္တမ​နေ့​၌ အပြစ်အနာအဆာကင်း​သော နွားထီး​ခုနစ်​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​တစ်ဆယ့်လေး​ကောင်​ကို ပူဇော်​ရ​မည်​။ 29:33 နွားထီး​၊ သိုးထီး​နှင့် သိုးသငယ်​တို့​အရေအတွက်​အလိုက် ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​ကို စီရင်ထုံးဖွဲ့ချက်​အတိုင်း ပူဇော်​ရ​မည်​။ 29:34 ပုံမှန်​မီးရှို့ရာယဇ်​၊ ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​အပြင် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။ 29:35 အဋ္ဌမ​နေ့​၌ သင်​တို့​သည် ဓမ္မစည်းဝေးပွဲကြီး​ကို ပြု​ရ​မည်​။ မည်သည့် အလုပ်​ကို​မျှ​မ​လုပ်​ရ​။ 29:36 အပြစ်အနာအဆာကင်း​သော နွားထီး​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​ခုနစ်​ကောင်​ကို ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော မီးရှို့ရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။ 29:37 နွားထီး​၊ သိုးထီး​နှင့် သိုးသငယ်​တို့​အရေအတွက်​အလိုက် ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​ကို စီရင်ထုံးဖွဲ့ချက်​အတိုင်း ပူဇော်​ရ​မည်​။ 29:38 ပုံမှန်​မီးရှို့ရာယဇ်​၊ ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​အပြင် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။ 29:39 ဤသည်ကား သင်​တို့​၏​ကတိသစ္စာ​အလျောက်​၊ သင်​တို့​၏​စေတနာ​အလျောက်​ပူဇော်​သော မီးရှို့ရာယဇ်​များ​၊ ဘောဇဉ်ပူဇော်သက္ကာ​များ​၊ သွန်းလောင်းရာပူဇော်သက္ကာ​များ​နှင့် မိတ်သဟာယယဇ်​များ​အပြင် သတ်မှတ်​ထား​သော​ပွဲတော်​၌ ထာဝရဘုရား​အဖို့ ပူဇော်​ရ​သော ပူဇော်သက္ကာ​များ​ဖြစ်​၏’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။ 29:40 မောရှေ​သည် မိမိ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လေ​၏​။