Library · my

Joshua 12

12:1 အစ္စရေး​အမျိုးသား​တို့​တိုက်ခိုက်သိမ်းပိုက်​နိုင်​ခဲ့​သော​ပြည်​နှင့်​ဘုရင်​များ​ကား ဤသို့​ဖြစ်​၏​။ အစ္စရေး​အမျိုးသား​တို့​သည် ဂျော်ဒန်​မြစ်​အရှေ့ဘက်ခြမ်း​တွင် အာနုန်​ချောင်း​မှစ၍ ဟေရမုန်​တောင်​အထိ​၊ အရှေ့ဘက်​အရာဗ​လွင်ပြင်​တစ်ခုလုံး​၊ 12:2 ဟေရှဘုန်​မြို့​၌​စိုးစံ​သော အာမောရိ​လူမျိုး​တို့​၏​ဘုရင်​ရှိဟုန်​မင်းကြီး ပိုင်နက်​ဖြစ်​သည့် အာနုန်​ချောင်း​နံဘေး​ရှိ​အာရော်​မြို့​၊ အာနုန်​ချောင်း တစ်ဝက်​မှ ဂိလဒ်​ပြည်​တစ်ဝက်​၊ အမ္မုန်​အမျိုးသား​တို့​နယ်စပ် ယဗ္ဗုတ်​ချောင်း​အထိ အောင်နိုင်​ခဲ့​၏​။ 12:3 အရာဗ​လွင်ပြင်​မှ ဂင်နေသရက်​အိုင်​အရှေ့ဘက်​အထိ​၊ ဆား​ပင်လယ်​ဟု​ခေါ်​သော​အရာဗ​ပင်လယ်​မှ အရှေ့ဘက်​ဗက်ယေရှိမုတ်​မြို့​အထိ​၊ တောင်ဘက် ပိသဂါ​တောင်ခြေ​အထိ​၊ 12:4 အာရှတရုတ်​မြို့​နှင့်​ဧဒြိ​မြို့​တို့​၌​စိုးစံ​သော ရေဖိမ်​လူမျိုး​အကြွင်းအကျန် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး ပိုင်နက်​ဖြစ်​သည့် 12:5 ဟေရမုန်​တောင်​၊ သာလက​အရပ်​နှင့် ဗာရှန်​တစ်ပြည်လုံး​မှစ၍ ဂေရှုရိ​လူမျိုး​၊ မာခါသိ​လူမျိုး​တို့​၏​နယ်နိမိတ်​အထိ​၊ ဂိလဒ်​ပြည်​တစ်ဝက်​မှစ၍ ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​၏​နယ်နိမိတ်​အထိ သိမ်းပိုက်​နိုင်​ခဲ့​၏​။ 12:6 ထာဝရဘုရား​၏​အစေအပါး​မောရှေ​နှင့်​အစ္စရေး​အမျိုးသား​တို့​သည် ထို​ပြည်​တို့​ကို​အောင်​နိုင်​ပြီးလျှင် ထာဝရဘုရား​၏​အစေအပါး​မောရှေ​သည် ထို​ပြည်​ကို ရုဗင်​အမျိုး​၊ ဂဒ်​အမျိုး​နှင့် မနာရှေ​အမျိုး​တစ်ဝက်​အား ပိုင်ဆိုင်​ရာ​အဖြစ်​ပေး​လေ​၏​။ 12:7 ယောရှု​နှင့်​အစ္စရေး​အမျိုးသား​တို့​သည် ဂျော်ဒန်​မြစ်​အနောက်ဘက်ခြမ်း​၌ လက်ဘနွန်​ချိုင့်ဝှမ်း​ရှိ​ဗာလဂဒ်​အရပ်​မှ စိရ​ပြည်​ဘက်​သို့​တက်သွား​သော​ဟာလက်​တောင်​အထိ အောင်နိုင်​ခဲ့​၏​။ သူ​တို့​အောင်​နိုင်​ခဲ့​သော​ပြည်​မှ​ဘုရင်​များ​ကား ဤသို့​ဖြစ်​၏​။ (ယောရှု​သည် အစ္စရေး​အမျိုးအနွယ်​တို့​ကို သူ​တို့​၏​ဝေစု​အလိုက် အမွေမြေ​ခွဲဝေ​ပေး​၏​။ 12:8 ထို​နယ်မြေ​များ​မှာ တောင်ပေါ်ဒေသ​၊ မြေပြန့်ဒေသ​၊ အရာဗ​လွင်ပြင်​၊ တောင်စောင်း​တစ်လျှောက်​၊ တောကန္တာရ​နှင့် ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​နေထိုင်​ရာ နေဂေ့​အရပ် စသည်​တို့​ဖြစ်​ကြ​၏​။) 12:9 ဂျေရိခေါ​ဘုရင်​တစ်ပါး​၊ ဗေသလ​မြို့​အနီး​ရှိ အာဣ​ဘုရင်​တစ်ပါး​၊ 12:10 ဂျေရုဆလင်​ဘုရင်​တစ်ပါး​၊ ဟေဗြုန်​ဘုရင်​တစ်ပါး​၊ 12:11 ယာမုတ်​ဘုရင်​တစ်ပါး​၊ လာခိရှ​ဘုရင်​တစ်ပါး​၊ 12:12 ဧဂလုန်​ဘုရင်​တစ်ပါး​၊ ဂေဇာ​ဘုရင်​တစ်ပါး​၊ 12:13 ဒေဗိရ​ဘုရင်​တစ်ပါး​၊ ဂေဒါ​ဘုရင်​တစ်ပါး​၊ 12:14 ဟောမာ​ဘုရင်​တစ်ပါး​၊ အာရဒ်​ဘုရင်​တစ်ပါး​၊ 12:15 လိဗန​ဘုရင်​တစ်ပါး​၊ အဒုလံ​ဘုရင်​တစ်ပါး​၊ 12:16 မက္ကဒါ​ဘုရင်​တစ်ပါး​၊ ဗေသလ​ဘုရင်​တစ်ပါး​၊ 12:17 တာပွာ​ဘုရင်​တစ်ပါး​၊ ဟေဖာ​ဘုရင်​တစ်ပါး​၊ 12:18 အာဖက်​ဘုရင်​တစ်ပါး​၊ လာရှရုန်​ဘုရင်​တစ်ပါး​၊ 12:19 မာဒုန်​ဘုရင်​တစ်ပါး​၊ ဟာဇော်​ဘုရင်​တစ်ပါး​၊ 12:20 ရှိမရုန်မေရုန်​ဘုရင်​တစ်ပါး​၊ အာခရှပ်​ဘုရင်​တစ်ပါး​၊ 12:21 တာနက်​ဘုရင်​တစ်ပါး​၊ မေဂိဒ္ဒေါ​ဘုရင်​တစ်ပါး​၊ 12:22 ကေဒေရှ​ဘုရင်​တစ်ပါး​၊ ကရမေလ​မြို့​မှ ယောကနမ်​ဘုရင်​တစ်ပါး​၊ 12:23 ဒေါရ​ပြည်​မှ ဒေါရ​ဘုရင်​တစ်ပါး​၊ ဂိလဂါလ​ပြည်​မှ ဂေါအိမ်​ဘုရင်​တစ်ပါး​၊ 12:24 တိရဇာ​ဘုရင်​တစ်ပါး စုစုပေါင်း​ရှင်ဘုရင် သုံးဆယ့်​တစ်​ပါး​တို့ ဖြစ်​သတည်း​။