Psalms 136
136:1 ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော်အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
136:2 ဘုရားတို့၏အရှင်၊ ဘုရားသခင်၏ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
136:3 အရှင်တို့၏သခင်၊ ဘုရားရှင်၏ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
136:4 ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ်၍၊ အံ့ဖွယ်သောအမှုတို့ကို တစ်ပါးတည်းသာ ပြုတော်မူထသော၊
136:5 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ပညာတရားအတိုင်း ကောင်းကင်ကို ဖန်ဆင်းတော်မူထသော၊
136:6 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ရေပေါ်မှာ မြေကြီးကို ဖြန့်တော်မူထသော၊
136:7 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ အလင်းအိမ်ကြီးတို့ကို ဖန်ဆင်းတော်မူထသော၊
136:8 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ နေ့ကိုအုပ်စိုးရသော နေကိုလည်းကောင်း၊
136:9 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ညကိုအုပ်စိုးရသော လနှင့် ကြယ်များကိုလည်းကောင်း ဖန်ဆင်းတော်မူထသော၊
136:10 ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ်၍၊ အဲဂုတ္တုပြည်မှာ သားဦးများကို ဒဏ်ခတ်တော်မူထသော၊
136:11 ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ်၍၊ အားကြီးသောလက်၊ ဆန့်သောလက်ရုံးတော်ကို လက်နက်ပြုတော်မူထသော၊
136:12 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ဣသရေလအမျိုးကို အဲဂုတ္တုပြည်သားတို့ အထဲက ထုတ်ဆောင်တော်မူထသော၊
136:13 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ဧဒုံပင်လယ်ကို အပိုင်းပိုင်းခွဲတော်မူထသော၊
136:14 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ပင်လယ်အလယ်၌ ဣသရေလအမျိုးကို လျှောက်သွားစေတော်မူထသော၊
136:15 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ဖာရောမင်းနှင့် ဗိုလ်ခြေများကို ဧဒုံပင်လယ်ထဲ၌ လှဲချတော်မူထသော၊
136:16 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ မိမိလူစုကိုတော၌ ပို့ဆောင်တော်မူထသော၊
136:17 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ကြီးသောဘုရင်တို့ကို ဒဏ်ခတ်တော်မူထသော၊
136:18 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်းကိုလည်းကောင်း၊ ကရုဏာတော်အစဉ်အမြဲ တည်သည်ဖြစ်၍၊ ဗာရှန်ပြည်ကိုအစိုးရသော ဩဃမင်းကိုလည်းကောင်း၊ ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ဘုန်းကြီးသောဘုရင်များကိုလည်းကောင်း လုပ်ကြံတော်မူထသော၊
136:21 ကရု ဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ သူတို့နေရာမြေကို လွှဲတော်မူထသော၊
136:22 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ မိမိကျွန် ဣသရေလအမျိုးအား အမွေကိုပေးချတော်မူထသော၊
136:23 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ နှိမ့်ချလျက်နေသော ငါတို့ကို အောက်မေ့တော်မူထသော၊
136:24 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ငါတို့ကို ရန်သူတို့အထဲက ရွေးနုတ်တော်မူထသော၊
136:25 ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ခပ်သိမ်းသောသတ္တဝါတို့ကို ကျွေးမွေးတော်မူသော၊
136:26 ကောင်းကင်ဘုံ၏အရှင်ဘုရားသခင်၏ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။