Library · my

2 Chronicles 14

14:1 အ​ဘိ​ယ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​အာ​သ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။ ထို​မင်း​လက်​ထက်၊ ပြည်​တော်​သည် ဆယ်​နှစ်​ပတ်​လုံး ငြိမ်း​ချမ်း​သာ​ယာ၏။ 14:2 အာ​သ​မင်း​သည် မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကောင်း​သော​အ​မှု၊ ဖြောင့်​မတ်​သော အ​မှု​တို့​ကို ပြု​လေ၏။ 14:3 တစ်​ပါး​အ​မျိုး​သား​ဘု​ရား၏ ယဇ်​ပ​လ္လင်​တို့​ကို​လည်း​ကောင်း၊ မြင့်​သော​အ​ရပ်​တို့​ကို​လည်း​ကောင်း ပယ်​ရှား၏။ ရုပ်​တု​ဆင်း​တု​တို့​ကို ဖြို​ဖျက်၍၊ အာ​ရှ​ရ​ပင်​တို့​ကို ခုတ်​လှဲ၏။ 14:4 ယု​ဒ​လူ​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ၍၊ ပ​ညတ်​တ​ရား​ကို စောင့်​ရှောက်​မည်​အ​ကြောင်း မိန့်​တော်​မူ၏။ 14:5 ယု​ဒ​မြို့​ရွာ အ​ရပ်​ရပ်​တို့၌​ရှိ​သော​ကုန်း​နှင့် ရုပ်​တု​ဆင်း​တု​တို့​ကို ပယ်​ရှား၍၊ နိုင်​ငံ​တော်​ရေး သာ​ယာ​လျက်​ရှိ၏။ 14:6 ထို​ကာ​လ၌ ငြိမ်​သက်​သော​အ​ခွင့်​ကို ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သ​ဖြင့်၊ ယု​ဒ​ပြည်​သည်​ငြိမ်၍၊ စစ်​မှု​နှင့် လွတ်​သော​ကြောင့်၊ အာ​သ​မင်း​သည် တစ်​ပြည်​လုံး​တွင် ခိုင်​ခံ့​သော​မြို့​တို့​ကို တည်​လေ၏။ 14:7 ငါ​တို့​သည် ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကြိုး​စား​ရှာ၍၊ ထို​ဘု​ရား​သည် အ​ရပ်​ရပ်၌ ငြိမ်​သက်​သော​အ​ခွင့်​ကို ပေး​တော်​မူ​သော​ကြောင့်၊ တစ်​ပြည်​လုံး​ကို အ​စိုး​ရ​စဉ်​အ​ခါ၊ ဤ​မည်​သော​မြို့​တို့​ကို ပြု​စု၍ မြို့​ရိုး၊ ပြ​အိုး၊ တံ​ခါး၊ ကန့်​လန့်​ကျင်​တို့​ကို လုပ်​ကြ​ကုန်​အံ့​ဟု ယု​ဒ​လူ​တို့​အား မိန့်​တော်​မူ၏။ 14:8 အာ​သ​မင်း၌ ကိ​ဒုန်​နှင့်​လှံ​ကို​ကိုင်​သော ယု​ဒ​အ​မျိုး​သူ​ရဲ သုံး​သိန်း၊ ဒိုင်း​လွှား​နှင့်​လေး​ကို​ကိုင်​သော ဗင်္ယာ​မိန်​အ​မျိုး​သူ​ရဲ နှစ်​သိန်း​ရှစ်​သောင်း​ရှိ၍၊ ထို​သူ​အ​ပေါင်း​တို့​သည် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​ဖြစ်​ကြ၏။ 14:9 တစ်​ဖန် ကု​ရှ​ရှင်​ဘု​ရင်​ဇေ​ရ​သည် စစ်​သူ​ရဲ​တစ်​သန်း၊ ရ​ထား​သုံး​ရာ​နှင့်​တ​ကွ ချီ​လာ၍၊ မ​ရေ​ရှ​မြို့​သို့ ရောက်​သော​အ​ခါ၊ 14:10 အာ​သ​သည် ဆီး​ကြို၍၊ မ​ရေ​ရှ​မြို့​နား​မှာ ဇေ​ဖ​သ​ချိုင့်၌ စစ်​ပြိုင်​ကြ၏။ 14:11 အာ​သ​သည် မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ဟစ်​ခေါ်၍၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် လူ​များ​တို့​တွင် အား​နည်း​သော​သူ​ကို ကယ်​တင်​ခြင်း​ငှာ တတ်​နိုင်​တော်​မူ​သည်​ဖြစ်၍၊ အို​အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို​ခို​လှုံ၍ နာ​မ​တော်​ကို​အ​မှီ​ပြု​လျက်၊ ဤ​အ​လုံး​အ​ရင်း​ကြီး​ကို တိုက်​ခြင်း​ငှာ သွား​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ လူ​သည် ကိုယ်​တော်​ကို​နိုင်​သော​အ​ခွင့် ရှိ​စေ​တော်​မ​မူ​ပါ​နှင့်​ဟု ဆု​တောင်း​သည်​ဖြစ်၍၊ 14:12 ထာ​ဝ​ရ​ဘု​ရား​သည် ကု​ရှ​လူ​တို့​ကို အာ​သ​နှင့် ယု​ဒ​လူ​တို့​ရှေ့​မှာ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ပြေး​ကြ၏။ 14:13 အာ​သ​နှင့် သူ၏​လူ​တို့​သည် ဂေ​ရာ​မြို့​တိုင်​အောင်​လိုက်​သ​ဖြင့်၊ ကု​ရှ​လူ​တို့​သည် ပြန်၍​မ​တိုက်​ဝံ့​သော​ကြောင့် အ​ရှုံး​ခံ​ရ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​နှင့် ဗိုလ်​ခြေ​တော်​ရှေ့​မှာ ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​ကြ၏။ ယု​ဒ​လူ​တို့​သည် လက်​ရ​ဥ​စ္စာ​အ​များ​ကို သိမ်း​ယူ​ကြ၏။ 14:14 ဂေ​ရာ​မြို့ ပတ်​ဝန်း​ကျင်​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​စိတ်​ရှိ​သ​ဖြင့်၊ ယု​ဒ​လူ​တို့​သည် ထို​မြို့​ရှိ​သ​မျှ​တို့​ကို လုပ်​ကြံ၍၊ သို​ထား​နှင့်​သော ဘ​ဏ္ဍာ​ဥ​စ္စာ​အ​များ​တို့​ကို သိမ်း​ယူ​ကြ၏။ 14:15 တိ​ရ​စ္ဆာန်​တင်း​ကုပ်​များ​ကို​လည်း တိုက်​ဖျက်​လျက်၊ သိုး​နှင့် ကု​လား​အုတ်​အ​များ​တို့​ကို သိမ်း​ယူ၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​ကြ၏။