2 Chronicles 3
3:1 ယေရုရှလင်မြို့တွင်၊ မောရိတောင်ပေါ်မှာ ခမည်းတော်ဒါဝိဒ်အား ထာဝရဘုရား ထင်ရှားတော်မူရာအရပ်၊ ယေဗုသိလူအရောန၏ကောက်နယ်တလင်းကို ဒါဝိဒ်ပြင်ဆင်ခဲ့ပြီးသောအရပ်၌ ရှောလမုန်သည် နန်းစံလေးနှစ်၊ ဒုတိယလ၊ နှစ်ရက်နေ့တွင် ထာဝရဘုရား၏အိမ်တော်ကို တည်စပြုတော်မူ၏။
3:3 ရှောလမုန်သည် ဘုရားသခင်၏အိမ်တော်ကို တည်ဆောက်ခြင်းအမှု၌ သွန်သင်ခြင်းကို ခံသည်နှင့်အညီ၊ သံတောင်အားဖြင့် အလျားသည် အတောင်ခြောက်ဆယ်၊ အနံအတောင်နှစ်ဆယ် ရှိ၏။
3:4 အိမ်တော်ဦးသည်လည်း အိမ်တော်အနံနှင့်ညီ၍ အလျား အတောင်နှစ်ဆယ်၊ အမြင့် အတောင်တစ်ရာနှစ်ဆယ် ရှိ၏။ ရွှေစင်နှင့် မွမ်းမံလျက်ရှိ၏။
3:5 အိမ်တော်အတွင်းအမိုးကို ထင်းရှူးပျဉ်ပြားဖြင့် ပြီးစေလျက် စွန်ပလွံပင်များနှင့် ကြိုးများတို့ကိုထု၍ ရွှေစင်နှင့်မွမ်းမံလေ၏။
3:6 အိမ်တော်၌ အသရေတင့်တယ်စေခြင်းငှာ ကျောက်မြတ်တို့ကို စီချယ်၏။ မွမ်းမံသောရွှေသည် ပါရဝိမ်ရွှေဖြစ်၏။
3:7 အိမ်တော်၏ထုပ်၊ လျောက်၊ တိုင်၊ ထရံ၊ တံခါးရွက်တို့ကို ရွှေနှင့်မွမ်းမံ၍ ထရံပေါ်မှာ ခေရုဗိမ်အရုပ်များကို ထုလေ၏။
3:8 အလွန်သန့်ရှင်းရာ ဌာနတော်ကိုလည်း အိမ်တော်အနံနှင့်ညီစွာ အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်လုပ်၍ ရွှေစင်အခွက် ခြောက်ထောင်နှင့် မွမ်းမံလေ၏။
3:9 ရွှေမှိုအချိန်ကား အကျပ်ငါးဆယ်ရှိ၏။ အထက်ခန်းတို့ကိုလည်း ရွှေနှင့်မွမ်းမံ၏။
3:10 အလွန်သန့်ရှင်းသောအခန်း၌ ခေရုဗိမ်နှစ်ပါးကို ထုလုပ်၍ ရွှေနှင့်မွမ်းမံ၏။
3:11 ခေရုဗိမ်အတောင်တို့သည် အတောင်နှစ်ဆယ်ရှည်၏။
3:12 အတောင်တစ်ဖက်လျှင် အလျားငါးတောင်စီရှိ၍၊ ခေရုဗိမ်နှစ်ပါးတို့သည် အတောင်ချင်းထိလျက်၊ အတောင်တစ်ဖက်စီ အိမ်တော်ထရံကို မှီလျက်ရှိကြ၏။
3:13 ထိုခေရုဗိမ်တို့သည် အတွင်းသို့ မျက်နှာပြုလျက်၊ မတ်တတ်နေ၍ အတောင်တို့ကိုဖြန့်သဖြင့် အတောင်နှစ်ဆယ်ကျယ်၏။
3:14 ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ကုလားကာကိုလည်း လုပ်လေ၏။
3:15 အရှည်သုံးဆယ်ငါးတောင်ရှိသော တိုင်နှစ်တိုင်ကိုလည်း လုပ်၍ အိမ်တော်ရှေ့မှာ စိုက်ထားလေ၏။ တိုင်အပေါ်မှာတင်သော တိုင်ထိပ်သည် အမြင့်ငါးတောင်စီရှိ၏။
3:16 ဗျာဒိတ်ဌာနတော်၌ ရှိသကဲ့သို့ ကြိုးများကိုလည်းလုပ်၍ တိုင်ထိပ်အပေါ်မှာထား၏။ သလဲသီးအလုံးတစ်ရာတို့ကိုလည်းလုပ်၍ ကြိုးပေါ်မှာ ဆွဲထား၏။
3:17 ထိုထိုင်တို့ကို ဗိမာန်တော်ရှေ့မှာ လက်ယာဘက် လက်ဝဲဘက်၌ စိုက်ထား၍၊ လက်ယာတိုင်ကို ယာခိန်၊ လက်ဝဲတိုင်ကို ဗောဇအမည်ဖြင့် မှည့်လေ၏။