Library · my

2 Chronicles 35

35:1 တစ်​ဖန် ယော​ရှိ​မင်း​သည် ယေ​ရု​ရှ​လင်​မြို့၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပ​သ​ခါ​ပွဲ​ကို​ခံ​တော်​မူ၍ ပ​ထ​မ​လ တစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်​ကြ၏။ 35:2 ယဇ်​ပု​ရော​ဟိတ်​တို့​ကို မိ​မိ​တို့​အ​ရာ၌​ခန့်​ထား၍၊ ဗိ​မာန်​တော်​အ​မှု​ကို စောင့်​စေ​ခြင်း​ငှာ နှိုး​ဆော်​တော်​မူ၏။ 35:3 ဣ​သ​ရေ​လ​အ​မျိုး ရှိ​သ​မျှ​ကို​သွန်​သင်၍၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော လေ​ဝိ​သား​တို့​ကို​ခေါ်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​သား ရှော​လ​မုန်​တည်​ဆောက်​သော​အိမ်၌ သန့်​ရှင်း​သော​သေ​တ္တာ​တော်​ကို သွင်း​ထား​ကြ​လော့။ နောက်​တစ်​ဖန် သေ​တ္တာ​တော်​ကို​မ​ထမ်း​ဘဲ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု၊ ဘု​ရား​သ​ခင်၏​လူ ဣ​သ​ရေ​လ​အ​မျိုး၏​အ​မှု​ကို ထမ်း​ကြ​လော့။ 35:4 ဣ​သ​ရေ​လ ရှင်​ဘု​ရင်​ဒါ​ဝိဒ်​မှတ်​စာ၊ သား​တော်​ရှော​လ​မုန်​မှတ်​စာ​နှင့်​အ​ညီ သင်း​ဖွဲ့​သည်​အ​တိုင်း၊ အ​ဆွေ​အ​မျိုး​အ​လိုက် ကိုယ်​ကို​ပြင်​ဆင်၍၊ 35:5 ပြည်​သူ​ပြည်​သား​ဖြစ်​သော သင်​တို့​ညီ​အစ်​ကို အ​ဘ​တို့​အ​ဆွေ​အ​မျိုး​နှင့် လေ​ဝိ​သား​အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး နေ​ရာ​ရှိ​သည်​အ​တိုင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ ရပ်​နေ​ကြ​လော့။ 35:6 ထို​သို့ ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်၍ ကိုယ်​ကို သန့်​ရှင်း​စေ​ကြ​လော့။ သင်​တို့​ညီ​အစ်​ကို​တို့​သည် မော​ရှေ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည် အ​တိုင်း​ပြု​စေ​ခြင်း​ငှာ၊ သူ​တို့​ကို​လည်း ပြင်​ဆင်​ကြ​လော့​ဟု မိန့်​တော်​မူ၏။ 35:7 စည်း​ဝေး​သော​သူ​အ​ပေါင်း​တို့​သည် ပ​သ​ခါ​ပွဲ​ခံ​စ​ရာ​ဖို့၊ ယော​ရှိ​မင်း​သည် မိ​မိ​ဥ​စ္စာ၊ သိုး​သ​ငယ်၊ ဆိတ်​သ​ငယ်​သုံး​သောင်း​နှင့် နွား​သုံး​ထောင်​ကို ပေး​တော်​မူ၏။ 35:8 မှူး​မတ်​တို့​သည်​လည်း၊ စေ​တ​နာ​စိတ်​ရှိ၍ လူ​များ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​အား​ပေး​ကြ၏။ ဗိ​မာန်​တော်​မှူး​ဟိ​လ​ခိ၊ ဇာ​ခ​ရိ၊ ယေ​ဟေ​လ​သည်​လည်း၊ ပ​သ​ခါ​ပွဲ ခံ​စ​ရာ​ဖို့ သိုး​ဆိတ် နှစ်​ထောင်​ခြောက်​ရာ​နှင့် နွား​သုံး​ရာ​ကို ယဇ်​ပု​ရော​ဟိတ်​တို့​အား ပေး​ကြ၏။ 35:9 လေ​ဝိ​သား​အ​ကြီး​အ​ကဲ၊ ကော​န​နိ၊ ရှေ​မာ​ယ၊ ဟာ​ရှ​ဘိ၊ ယေ​ယေ​လ၊ ယော​ဇ​ဗဒ်၊ နာ​သ​နေ​လ​နှင့် သူ၏​ညီ​များ​တို့​သည်​လည်း၊ ပ​သ​ခါ​ပွဲ​ခံ​စ​ရာ​ဖို့ သိုး​ဆိတ်​ငါး​ထောင်​နှင့် နွား​ငါး​ရာ​ကို လေ​ဝိ​သား​တို့​အား ပေး​ကြ၏။ 35:10 ထို​သို့ ရှင်​ဘု​ရင်​အ​မိန့်​တော်​အ​တိုင်း၊ ဝတ်​ပြု​စ​ရာ​ပြင်​ဆင်၍ ယဇ်​ပု​ရော​ဟိတ်​တို့​သည် မိ​မိ​တို့​နေ​ရာ၌​ရပ်၍၊ လေ​ဝိ​သား​တို့​သည် မိ​မိ​တို့​အ​မှု​ကို ဆောင်​ရွက်​ကြ၏။ 35:11 ပ​သ​ခါ​သိုး​သ​ငယ်​ကို​သတ်၍၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​သွေး​ကို လက်​နှင့်​ဖျန်း​လျက်၊ လေ​ဝိ​သား​တို့​သည် အ​ရေ​ကို​ခွာ​လျက် ပြု​ကြ၏။ 35:12 မော​ရှေ​ကျမ်း​စာ၌ ရေး​ထား​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​စ​ရာ​ဖို့ လူ​များ​အ​ဆွေ​အ​မျိုး​အ​လိုက် အ​သီး​အ​သီး​တို့​အား ပေး​ဝေ​ခြင်း​ငှာ၊ မီး​ရှို့​ရာ​ယဇ်​များ​နှင့် နွား​များ​ကို ခွဲ​ထား​ကြ၏။ 35:13 ထုံး​ဖွဲ့​တော်​မူ​သည်​အ​တိုင်း၊ ပ​သ​ခါ​သိုး​သ​ငယ်​ကို မီး​နှင့်​ကင်​ကြ၏။ သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ အ​ခြား​တို့​ကို မြေ​အိုး၊ သံ​အိုး၊ သံ​က​ရား၌​ပြုတ်၍ လူ​အ​ပေါင်း​တို့​အား အ​လျင်​အ​မြန် ဝေ​ဖန်​ကြ၏။ 35:14 ထို​နောက်​မှ ကိုယ်​အ​ဖို့​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ဖို့​ကို ပြင်​ဆင်​ကြ၏။ အာ​ရုန်​သား​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ညဥ့်​ဦး​တိုင်​အောင် မီး​ရှို့​ရာ​ယဇ်​နှင့် ဆီ​ဥ​ကို ပူ​ဇော်​လျက်​နေ​ရ​သော​ကြောင့်၊ လေ​ဝိ​သား​တို့​သည် ကိုယ်​အ​ဖို့​ကို​လည်း​ကောင်း၊ အာ​ရုန်​သား ယဇ်​ပု​ရော​ဟိတ် အ​ဖို့​ကို​လည်း​ကောင်း ပြင်​ဆင်​ကြ၏။ 35:15 ဒါ​ဝိဒ်​နှင့် ရှင်​ဘု​ရင်၏​ပ​ရော​ဖက် အာ​သပ်၊ ဟေ​မန်၊ ယေ​ဒု​သုန်​တို့ စီ​ရင်​သည်​အ​တိုင်း၊ အာ​သပ်​အ​မျိုး​သား သီ​ချင်း​သည်​တို့​သည် မိ​မိ​တို့​နေ​ရာ၌ ရှိ​ကြ၏။ တံ​ခါး​စောင့်​တို့​သည် မိ​မိ​တို့​အ​မှု​ကို​မ​ရှောင်၊ တံ​ခါး​ရှိ​သ​မျှ​တို့​ကို စောင့်​ကြ၏။ သူ​တို့​ညီ​အစ်​ကို လေ​ဝိ​သား​တို့​သည် သူ​တို့​အ​ဖို့ ပြင်​ဆင်​ကြ၏။ 35:16 ထို​သို့ ယော​ရှိ​မင်း​ကြီး မိန့်​တော်​မူ​သည်​အ​တိုင်း ပ​သ​ခါ​ပွဲ​ကို​ခံ၍ ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​တို့​ကို ပူ​ဇော်​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​အား ပြု​ရ​သော​ဝတ်​အ​လုံး​စုံ​ကို၊ ထို​နေ့​ချင်း​တွင် ပြင်​ဆင်​ကြ၏။ 35:17 စည်း​ဝေး​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ထို​အ​ခါ ပ​သ​ခါ​ပွဲ​ကို​လည်း​ကောင်း၊ အ​ဇု​မ​ပွဲ​ကို​လည်း​ကောင်း၊ ခု​နစ်​ရက်​ပတ်​လုံး ခံ​ကြ၏။ 35:18 ယော​ရှိ​မင်း​နှင့် ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ စည်း​ဝေး​သော ယု​ဒ​ပြည်၊ ဣ​သ​ရေ​လ​ပြည်​သား၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​ခံ​သော ထို​ပ​သ​ခါ​ပွဲ​ကဲ့​သို့​သော​ပွဲ​ကို ပ​ရော​ဖက်​ရှ​မွေ​လ​လက်​ထက်​မှ​စ၍ ဣ​သ​ရေ​လ​နိုင်​ငံ၌​မ​ခံ။ ထို​သို့​သော​ပ​သ​ခါ​ပွဲ​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင် တစ်​ယောက်​မျှ​မ​ခံ။ 35:19 ယော​ရှိ​မင်း​နန်း​စံ ဆယ်​ရှစ်​နှစ်​တွင်၊ ထို​ပ​သ​ခါ​ပွဲ​ကို ခံ​ကြ၏။ 35:20 ထို​နောက်​မှ၊ ယော​ရှိ​သည် ဗိ​မာန်​တော်​ကို ပြင်​ဆင်​ပြီး​မှ၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​နေ​ခေါ​သည် ဥ​ဖ​ရတ်​မြစ်​နား၊ ခါ​ခေ​မိတ်​မြို့​သို့ စစ်​ချီ​သည်​တွင်၊ ယော​ရှိ​မင်း​သည် ဆီး​တား​ခြင်း​ငှာ ထွက်​လေ၏။ 35:21 အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​က၊ အို​ယု​ဒ​ရှင်​ဘု​ရင်၊ သင်​သည် ငါ​နှင့်​အ​ဘယ်​သို့ ဆိုင်​သ​နည်း။ သင့်​ကို ယ​နေ့ ငါ​စစ်​ချီ​သည်​မ​ဟုတ်။ ငါ​နှင့် စစ်​တိုက်​ဖက် ဖြစ်​သော​အ​မျိုး​ကို စစ်​ချီ၏။ ငါ​အ​လျင်​အ​မြန် ပြု​မည်​အ​ကြောင်း ဘု​ရား​သ​ခင် မှာ​ထား​တော်​မူ​ပြီ။ ငါ့​ဘက်၌​ရှိ​သော ဘု​ရား​သ​ခင်​ကို ဆန့်​ကျင်​ဘက်​မ​ပြု​ဘဲ နေ​လော့။ သို့​မ​ဟုတ် သင့်​ကို ဖျက်​ဆီး​တော်​မူ​မည်​ဟု သံ​တ​မန်​ကို​စေ​လွှတ်၍ မှာ​လိုက်​လေ၏။ 35:22 သို့​ရာ​တွင် ယော​ရှိ​သည် မ​လွှဲ​မ​ရှောင်၊ နေ​ခေါ​ဆင့်​ဆို​သော ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ကို နား​မ​ထောင်၊ စစ်​တိုက်​ခြင်း​ငှာ ခြား​နား​သော​အ​ယောင်​ကို ဆောင်​လျက်၊ မေ​ဂိ​ဒ္ဒေါ​ချိုင့်၌ စစ်​ပွဲ​ထဲ​သို့ ဝင်​လေ၏။ 35:23 လေး​သူ​ရဲ​တို့​သည် ယော​ရှိ​မင်း​ကြီး​ကို​ပစ်၍ မှန်​သ​ဖြင့်၊ မင်း​ကြီး​က ငါ့​ကို​ဆောင်​သွား​လော့။ ပြင်း​စွာ အ​ထိ​အ​ခိုက်​ခံ​ရ​သည်​ဟု ကျွန်​တို့​အား​ဆို​လျှင်၊ 35:24 ကျွန်​တို့​သည် ရ​ထား​တော်​ပေါ်​က​ချ၍၊ ဒု​တိ​ယ​ရ​ထား​တော်​ပေါ်၌ တင်​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​သွား​သော​အ​ခါ၊ အ​နိ​စ္စ​ရောက်၍ ဘိုး​ဘေး​တို့​သင်္ချိုင်း၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​သည်၊ ယော​ရှိ​မင်း အ​နိ​စ္စ​ရောက်​သော​ကြောင့် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။ 35:25 ယေ​ရ​မိ​သည်​လည်း မြည်​တမ်း​သော​စ​ကား​ကို စီ​ရင်၍ သီ​ချင်း​သည် ယောက်ျား​မိန်း​မ​ရှိ​သ​မျှ​တို့​သည်၊ ယ​နေ့​တိုင်​အောင် ယော​ရှိ​မင်း​ကို အောက်​မေ့​လျက်၊ ထို​မြည်​တမ်း​သော​စ​ကား​ကို သုံး​ဆောင်​သ​ဖြင့်၊ ဣ​သ​ရေ​လ​ထုံး​စံ ဖြစ်​လေ၏။ ထို​စ​ကား​သည် မြည်​တမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သ​တည်း။ 35:26 ယော​ရှိ​ပြု​မူ​သော အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ​တို့​နှင့် ထာ​ဝ​ရ​ဘု​ရား၏​ပ​ည​တ္တိ​ကျမ်း၌ ရေး​ထား​သည်​အ​တိုင်း ကျေး​ဇူး​ပြု​ခြင်း၊ 35:27 အ​ကျင့်​ကျင့်​ခြင်း​အ​ရာ အ​စ​အ​ဆုံး​တို့​သည်၊ ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​နှင့် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။