Library · my

Job 38

38:1 ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ဘ​စ​ကား​ကို လှန်​ပြန်၍၊ မိုး​သက်​မုန်​တိုင်း​ထဲ​က မိန့်​တော်​မူ​သည်​ကား၊ 38:2 ပ​ညာ​မ​ရှိ​ဘဲ စ​ကား​ပြော​ကာ​မျှ​နှင့် ငါ့​အ​ကြံ​ကို​မိုက်​စေ​သော ဤ​သူ​ကား အ​ဘယ်​သူ​နည်း။ 38:3 လူ​ယောက်ျား​ကဲ့​သို့ သင့်​ခါး​ကို စီး​လော့။ ငါ​မေး​မြန်း​သော ပြဿ​နာ​တို့​ကို ဖြေ​လော့။ 38:4 မြေ​ကြီး​အ​မြစ်​ကို ငါ​တည်​သော​အ​ခါ၊ သင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ နား​လည်​လျှင် ဖော်​ပြ​လော့။ 38:5 မြေ​ကြီး​အ​တိုင်း​အ​ရှည် ပ​မာ​ဏ​ကို အ​ဘယ်​သူ စီ​ရင်​သ​နည်း။ နား​လည်​လျှင် ပြော​လော့။ မျဉ်း​ကြိုး​ကို အ​ဘယ်​သူ​တန်း၍ ချ​သ​နည်း။ 38:6 မြေ​ကြီး​တိုက်​မြစ်​ကို အ​ဘယ်​အ​ရပ်၌ စွဲ​စေ​သ​နည်း။ 38:7 နံ​နက်​ကြယ်​တို့​သည် တ​ညီ​တ​ညွတ်​တည်း သီ​ချင်း​ဆို၍၊ ဘု​ရား​သ​ခင်​သား​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်​သ​ဖြင့်၊ ကြွေး​ကြော်​ကြ​စဉ်၊ တိုက်​ထောင့်​အ​ထွဋ်​ကျောက်​ကို အ​ဘယ်​သူ​တင်​ထား​သ​နည်း။ 38:8 သ​မု​ဒ္ဒ​ရာ​သည် အ​မိ​ဝမ်း​ထဲ​က ဖွား၍​ထွက်​လာ​သော​အ​ခါ၊ အ​ဘယ်​သူ​သည် တံ​ခါး​ပိတ်​နှင့် ပိတ်​ထား​သ​နည်း။ 38:9 သ​မု​ဒ္ဒ​ရာ​ကို မိုး​တိမ်​နှင့် ငါ​ခြုံ၍ ထူ​ထပ်​သော​မှောင်​မိုက်​နှင့် ထုပ်​ရစ်​သည်​ကာ​လ၌​လည်း​ကောင်း၊ 38:10 သင်​သည် ဤ​အ​ရပ်​တိုင်​အောင် လာ​ရ၏။ 38:11 တိုး၍​မ​လွန်​ရ၊ ဤ​အ​ရပ်၌ သင်၏​ထောင်​လွှား​သော လှိုင်း​တံ​ပိုး​ဆုံး​ရ၏​ဟု ပ​ညတ်​လျက်၊ သ​မု​ဒ္ဒ​ရာ​အ​ပိုင်း​အ​ခြား​ကို ငါ​စီ​ရင်၍၊ တံ​ခါး​ပိတ်​နှင့် ကန့်​လန့်​ကျင်​တို့​ကို ထား​သည်​ကာ​လ၌​လည်း​ကောင်း၊ အ​ဘယ်​သူ​သည် ဝိုင်း၍​ကူ​ညီ​သ​နည်း။ 38:12 သင်​သည် တစ်​သက်​လုံး​တွင် တစ်​ခါ​မျှ နံ​နက်​ကို မှာ​ထား​ဖူး​သ​လော။ မိုး​သောက်​လင်း​ကို နေ​ရာ​ချ​ဖူး​သ​လော။ 38:13 နံ​နက်​အ​လင်း​သည် မြေ​ကြီး​စွန်း​ကို​ကိုင်​လျက်၊ လူ​ဆိုး​တို့​ကို​ခါ၍ ပစ်​စေ​ခြင်း​ငှာ စီ​ရင်​ဖူး​သ​လော။ 38:14 မြေ​ကြီး​သည် တံ​ဆိပ်​ခတ်​သ​ကဲ့​သို့​ပုံ​ပေါ်၍ အ​ဝတ်​တန်​ဆာ​ဆင်​သ​ကဲ့​သို့ ရှိ၏။ 38:15 လူ​ဆိုး​တို့၏​အ​လင်း​သည် ကွယ်၍ ချီ​ကြွ​သော​လက်​လည်း ကျိုး​တတ်၏။ 38:16 သင်​သည် သ​မု​ဒ္ဒ​ရာ​စမ်း​ရေ​ပေါက်​ထဲ​သို့ ဝင်​ဖူး​သ​လော။ နက်​နဲ​သော အောက်​ဆုံး​အ​ရပ်၌ လှည့်​လည်​ဖူး​သ​လော။ 38:17 သေ​ခြင်း​တံ​ခါး​တို့​ကို သင့်​အား​ဖွင့်​ဖူး​သ​လော။ သေ​မင်း​အ​ရိပ်​ထဲ​သို့​ဝင်​သော လမ်း​ဝ​တို့​ကို မြင်​ဖူး​သ​လော။ 38:18 မြေ​ကြီး​မျက်​နှာ တစ်​ပြင်​လုံး​ကို ကြည့်​ရှု​ဖူး​သ​လော။ အ​လုံး​စုံ​ကို သိ​မြင်​လျှင် ဖော်​ပြ​လော့။ 38:19 အ​လင်း​နေ​ရာ​သို့ အ​ဘယ်​မည်​သော​လမ်း​ဖြင့် ရောက်​ရ​သ​နည်း။ မှောင်​မိုက်​နေ​ရာ​လည်း အ​ဘယ်​မှာ​ရှိ​သ​နည်း။ 38:20 အ​ကယ်​စင်​စစ် သင်​သည် အ​လင်း​အ​မိုက်​အ​ပိုင်း​အ​ခြား​သို့ ငါ​တို့​ကို ပို့​ဆောင်​နိုင်၏။ သူ​တို့​နေ​ရာ​အိမ်​သို့ ရောက်​သော​လမ်း​တို့​ကို သိ​လိမ့်​မည်။ 38:21 သင်​သည် ရှေး​ကာ​လ၌​ဖွား​မြင်၍ အ​လွန် အ​သက်​ကြီး​သော​ကြောင့် သိ​လိမ့်​မည်။ 38:22 သင်​သည် မိုး​ပွင့်​ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ ဝင်​ဖူး​သ​လော။ 38:23 ဘေး​ရောက်​ရာ အ​ချိန်​ကာ​လ​နှင့် စစ်​ပြိုင်၍ တိုက်​ရာ​အ​ချိန်​ကာ​လ​ဖို့၊ ငါ​သို​ထား​သော မိုး​သီး​ဘ​ဏ္ဍာ​များ​ကို မြင်​ဖူး​သ​လော။ 38:24 အ​လင်း​သည် အ​ဘယ်​သို့​သော​လမ်း​ဖြင့် နှံ့​ပြား​သ​နည်း။ အ​ရှေ့​လေ​သည် မြေ​ကြီး​ပေါ်​မှာ အ​ဘယ်​ကြောင့်​လွင့်​သ​နည်း။ 38:25 လူ​မ​ရှိ​သော​မြေ​နှင့် လူ​မ​နေ​သော​တော၌ မိုး​ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ 38:26 လွတ်​လပ်​သော​လွင်​ပြင်​ကို ရေ​နှင့်​ဝ​စေ၍၊ နု​သော​မြက်​ပင်​အ​ညှောက်​ကို ထွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ 38:27 လျှံ​သော​မိုး​ရေ​စီး​ရာ​လမ်း၊ မိုး​ကြိုး​နှင့်​ဆိုင်​သော လျှပ်​စစ်​ပြက်​ရာ​လမ်း​ကို အ​ဘယ်​သူ​ဖွင့်​သ​နည်း။ 38:28 မိုး​ရေ၏​အ​ဘ​ကား အ​ဘယ်​သူ​နည်း။ နှင်း​ပေါက်​တို့​ကို အ​ဘယ်​သူ ဖြစ်​ပွား​စေ​သ​နည်း။ 38:29 ရေ​ခဲ​သည် အ​ဘယ်​သူ၏​ဝမ်း​ထဲ​က ထွက်​လာ​သ​နည်း။ မိုး​ကောင်း​ကင်​နှင်း​ခဲ​ကို အ​ဘယ်​သူ​သည် ပ​ဋိ​သ​န္ဓေ​ပေး​သ​နည်း။ 38:30 ရေ​သည် ကျောက်​ခဲ​ကဲ့​သို့​ဖြစ်၍ ပင်​လယ်​မျက်​နှာ တင်း​မာ​လျက်​ရှိ၏။ 38:31 သင်​သည် ခိ​မ​ကြယ်​စု၏ သာ​ယာ​စွာ​ပြု​ပြင်​ခြင်း​ကို ချုပ်​တည်း​နိုင်​သ​လော။ က​သိ​လ​ကြယ်၏ ချည်​နှောင်​ခြင်း​ကို ဖြည်​နိုင်​သ​လော။ 38:32 မာ​ဇ​ရုတ်​ကြယ်​တို့​ကို အ​ချိန်​ရောက်​လျှင် ထုတ်​ဖော်​နိုင်​သ​လော။ အာ​ရှ​ကြယ်​နှင့် သူ၏​သား​တို့​ကို ပဲ့​ပြင်​နိုင်​သ​လော။ 38:33 မိုး​ကောင်း​ကင်​တ​ရား​တို့​ကို နား​လည်​သ​လော။ ထို​တ​ရား​တို့​သည် မြေ​ကြီး​ကို​အုပ်​စိုး​မည်​အ​ကြောင်း အ​ခွင့်​ပေး​နိုင်​သ​လော။ 38:34 များ​စွာ​သော​မိုး​ရေ​သည် သင့်​ကို လွှမ်း​မိုး​စေ​ခြင်း​ငှာ မိုး​တိမ်​တို့​ကို အ​သံ​လွှင့်​နိုင်​သ​လော။ 38:35 လျှပ်​စစ်​တို့​ကို လွှတ်​နိုင်​သ​လော။ သူ​တို့​က ကျွန်​တော်​တို့​ရှိ​ပါ၏​ဟု သင့်​ကို​လျှောက်​လျက် သွား​ကြ​လိမ့်​မည်​လော။ 38:36 ကိုယ်​ခ​န္ဓာ​ထဲ​သို့ ပ​ညာ​ကို အ​ဘယ်​သူ​သွင်း​သ​နည်း။ နား​လည်​နိုင်​သော​ဉာဏ်​ကို အ​ဘယ်​သူ​ပေး​သ​နည်း။ ပ​ညာ​ရှိ၍ မိုး​တိမ်​တို့​ကို အ​ဘယ်​သူ ရေ​တွက်​နိုင်​သ​နည်း။ 38:37 မြေ​မှုန့်​သည် လုံး​ထွေး၍ မြေ​စိုင်​တို့​သည် ကပ်​လျက်​နေ​သော​အ​ခါ၊ 38:38 မိုး​ကောင်း​ကင်၏ ရေ​ဘူး​တို့​ကို အ​ဘယ်​သူ​သွန်း​ချ​သ​နည်း။ 38:39 သင်​သည် ခြင်္သေ့​မ​အ​ဖို့ စား​စ​ရာ​အ​ကောင်​ကို လိုက်​ရှာ​နိုင်​သ​လော။ 38:40 ခြင်္သေ့​ပျို​တို့​သည် ခို​လှုံ​ရာ၌​ဝပ်၍၊ ချုံ​ပုတ်​အောက်၌ ချောင်း​ကြည့်​လျက်​နေ​သော​အ​ခါ၊ သူ​တို့​ကို ဝ​စွာ​ကျွေး​နိုင်​သ​လော။ 38:41 ကျီး​အ​သူ​ငယ်​တို့​သည် စား​စ​ရာ​မ​ရှိ​သော​ကြောင့် လှည့်​လည်၍ ဘု​ရား​သ​ခင်​ကို အော်​ဟစ်​သော​အ​ခါ၊ စား​စ​ရာ​ကို အ​ဘယ်​သူ​ပေး​သ​နည်း။