Psalms 20
20:1 ဘေးအန္တရာယ်ရောက်သောကာလ၌၊ ထာဝရဘုရားသည် ကိုယ်တော်စကားကိုနားထောင်၍၊ ယာကုပ်၏ ဘုရားသခင်နာမတော်သည် ချီးမြှောက်တော်မူပါစေသော။
20:2 သန့်ရှင်းရာဌာနတော်ထဲကကူညီ၍၊ ဇိအုန်တောင်ပေါ်က ထောက်ပင့်တော်မူပါစေသော။
20:3 ကိုယ်တော်၏ပူဇော်သကာအလုံးစုံတို့ကို အောက်မေ့၍၊ မီးရှို့သောယဇ်ကို လက်ခံတော်မူပါစေသော။
20:4 ကိုယ်တော်၏စိတ်အလိုရှိသည်အတိုင်း ပေးသနား၍၊ အကြံအစည်တော်ရှိသမျှတို့ကို ပြည့်စုံစေခြင်းငှာ ပြုတော်မူပါစေသော။
20:5 ကိုယ်တော်၏ကယ်တင်ခြင်းကြောင့် အကျွန်ုပ်တို့သည်ဝမ်းမြောက်၍၊ အကျွန်ုပ်တို့ ဘုရားသခင်၏အခွင့်နှင့် အလံကိုထူကြလိမ့်မည်။ ထာဝရဘုရားသည် ကိုယ်တော်ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါစေသော။
20:6 ထာဝရဘုရားပေးတော်မူ၍ ဘိသိက်ခံသောသူအား၊ ကယ်တင်တော်မူကြောင်းကိုလည်းကောင်း၊ လက်ယာလက်တော် ကယ်တင်ခြင်းအစွမ်းနှင့် ထိုသူ၏စကားကို သန့်ရှင်းသော ကောင်းကင်ပေါ်မှာ နားထောင်တော်မူကြောင်းကိုလည်းကောင်း ယခုငါသိ၏။
20:7 အချို့သောသူတို့သည် ရထားကိုလည်းကောင်း၊ အချို့တို့သည် မြင်းကိုလည်းကောင်း၊ ချီးမွမ်းတတ်ကြ၏။ ငါတို့မူကား၊ ငါတို့ဘုရားသခင်တည်းဟူသော ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြလိမ့်မည်။
20:8 သူတို့သည်နှိမ့်ချ၍ လဲလျက်ရှိကြ၏။ ငါတို့မူကား၊ ထ၍ မတ်တတ်နေကြ၏။ အိုထာဝရဘုရား၊ မင်းကြီးကို ကယ်တင်တော်မူပါ။
20:9 အကျွန်ုပ်တို့ခေါ်သောအခါ နားထောင်တော်မူပါ။