Library · my

Ezekiel 22

22:1 တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 22:2 အ​ချင်း​လူ​သား၊ လူ​အ​သက်​ကို သတ်​တတ်​သော​မြို့​ကို သင်​သည် စစ်​ကြော​လော့။ စစ်​ကြော​လော့။ သူ၌ ပြု​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို​ပြ​လော့။ 22:3 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ မိ​မိ​အ​ချိန်​ရောက်​စေ​ခြင်း​ငှာ၊ မိ​မိ​အ​လယ်၌ လူ​အ​သက်​ကို​သတ်၍၊ မိ​မိ​ကို​ညစ်​ညူး​စေ​ဖို့ မိ​မိ​တစ်​ဖက်၌ ရုပ်​တု​တို့​ကို​လုပ်​တတ်​သော​မြို့၊ 22:4 သင်​သည် လူ​အ​သက်​ကို သတ်​သော​အား​ဖြင့် အ​ပြစ်​ရောက်၏။ လုပ်​သော​ရုပ်​တု​အား​ဖြင့် ညစ်​ညူး​ခြင်း​ရှိ၏။ သင်၏ နေ့​ရက်​ကာ​လ​အ​ချိန်​ကို ကိုယ်​တိုင်​ရောက်​စေ​ပြီ။ ထို​ကြောင့်၊ ငါ​သည် သင့်​ကို အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​တွင် ကဲ့​ရဲ့​ရာ၊ ပျက်​ချော်​ရာ​ဖြစ်​စေ​မည်။ 22:5 အို အ​သ​ရေ​ပျက်၍ နှောင့်​ယှက်​ခြင်း​ကို​ခံ​ရ​သော​သင်​ကို၊ အ​ဝေး​အ​နီး၌​နေ​သော သူ​တို့​သည် ပျက်​ချော်​ကြ​လိမ့်​မည်။ 22:6 ဣ​သ​ရေ​လ​မင်း​သား​တို့​သည် အ​သီး​အ​သီး အ​ခွင့်​တန်​ခိုး​ရှိ​သည်​အ​တိုင်း၊ သင့်​အ​လယ်၌ လူ​အ​သက်​ကို သတ်​တတ်​ကြ၏။ 22:7 သင့်​အ​လယ်၌ မိ​ဘ​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ၏။ တစ်​ပါး​အ​မျိုး​သား​တို့​ကို အ​နိုင်​အ​ထက်​ပြု​ကြ၏။ မိ​ဘ​မ​ရှိ​သော​သူ​နှင့် မု​ဆိုး​မ​တို့​ကို ညှဉ်း​ဆဲ​ကြ၏။ 22:8 သင်​သည် ငါ၏​သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​ပြီ။ ငါ၏ ဥ​ပုသ်​နေ့​တို့​ကို ရှုတ်​ချ​ပြီ။ 22:9 သင့်​အ​လယ်၌ လူ​အ​သက်​ကို သတ်​လို၍ ကုန်း​တိုက်​သော​သူ၊ တောင်​ပေါ်​မှာ စား​သော​သူ၊ အ​ဓ​မ္မ​အ​မှု​ကို​ပြု​သော​သူ ရှိ​ကြ၏။ 22:10 သင့်​အ​လယ်၌ အ​ဘ၏​မ​ယား​ကို ပြစ်​မှား​ကြ၏။ ဥ​တု​ရောက်​သော​မိန်း​မ​နှင့် မှား​ယွင်း​ကြ၏။ 22:11 သင့်​အ​လယ်၌ အ​ချို့​တို့​သည် အိမ်​နီး​ချင်း​မ​ယား​ကို ပြစ်​မှား​ကြ၏။ အ​ချို့​တို့​သည် မိ​မိ​ချွေး​မ​နှင့် ဆိုး​ညစ်​သော​အ​ဓ​မ္မ​အ​မှု​ကို ပြု​ကြ၏။ အ​ချို့​တို့​သည် မိ​မိ​နှ​မ၊ မိ​မိ​အ​ဘ၏​သ​မီး​ကို ရှုတ်​ချ​ကြ၏။ 22:12 သင့်​အ​လယ်၌​လည်း လူ​အ​သက်​သတ်​ခ​ကို​ခံ​ကြ၏။ အ​တိုး​စား၍ ငွေ​ကို​ချေး​ကြ၏။ အိမ်​နီး​ချင်း၏​ဥ​စ္စာ​ကို လု​ယူ​ကြ၏။ ငါ့​ကို​လည်း မေ့​လျော့​ကြ၏။ 22:13 သို့​ဖြစ်၍၊ သင်​ဆည်း​ပူး​သော​ဥ​စ္စာ၊ သင့်​အ​လယ်၌​သွန်း​သော အ​သွေး​ကြောင့် ငါ​လက်​ခုပ်​တီး၏။ 22:14 သင့်​ကို ငါ​စီ​ရင်​သော​အ​ခါ၊ သင်၏​နှ​လုံး​သည် ခိုင်​ခံ့​နိုင်​သ​လော။ သင်၏​လက်​သည်​လည်း အား​ကြီး​နိုင်​သ​လော။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ပြု​မည်။ 22:15 သင့်​ကို​လည်း အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​တွင်၊ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​မည်။ သင်၏​အ​ညစ်​အ​ကြေး​ကို​လည်း ပယ်​ရှင်း​မည်။ 22:16 လူ​အ​မျိုး​မျိုး​တို့​ရှေ့​မှာ၊ သင်​သည် ကိုယ်​တိုင် အ​သ​ရေ​ရှုတ်​ချ​ခြင်း​ကို ခံ​ရ၍၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 22:17 တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 22:18 အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ငါ့​ရှေ့​မှာ​ချော်​ဖြစ်​လေ​ပြီ။ ထို​သူ​အ​ပေါင်း​တို့​သည် မိုက်​ထဲ၌ ထည့်​သော ကြေး​နီ၊ ကြေး​ဖြူ၊ သံ၊ ခဲ​ကဲ့​သို့​ငွေ​နှင့်​ကွာ​သော ချော်​ဖြစ်​ကြ၏။ 22:19 ထို​ကြောင့် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​အ​ပေါင်း​သည် ချော်​ဖြစ်​သော​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​ထဲ၌ ငါ​စု​ဝေး​စေ​မည်။ 22:20 ငွေ၊ ကြေး​နီ၊ ကြေး​ဖြူ၊ သံ၊ ခဲ​တို့​ကို မီး​မှုတ်၍ အ​ရည်​ကျို​ခြင်း​ငှာ မိုက်​ထဲ၌​စု​ထား​သ​ကဲ့​သို့၊ ထို​အ​တူ ငါ​သည် ပြင်း​စွာ​အ​မျက်​ထွက်​လျက်၊ သင်​တို့​ကို ထို​မြို့​ထဲ၌ စု​ထား၍ အ​ရည်​ကျို​မည်။ 22:21 အ​ကယ်​စင်​စစ် စု​ထား​ပြီး​မှ ငါ့​အ​မျက်​မီး​ကို​မှုတ်၍၊ သင်​တို့​သည် မြို့​ထဲ​မှာ အ​ရည်​ကျို​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ 22:22 ငွေ​ကို မိုက်​ထဲ၌ အ​ရည်​ကျို​သ​ကဲ့​သို့၊ သင်​တို့​သည် မြို့​ထဲ​မှာ အ​ရည်​ကျို​ခြင်း​ကို ခံ​ရ​သ​ဖြင့်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ပေါ်​သို့၊ ငါ၏​ဒေါ​သ​အ​ရှိန်​ကို သွန်း​လောင်း​သည်​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ 22:23 တစ်​ဖန်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 22:24 အ​ချင်း​လူ​သား၊ သင်​ဆင့်​ဆို​ရ​မည်​မှာ၊ အ​မျက်​ထွက်​သော​နေ့၌​မိုး​မ​ရွာ၊ သင်​သည် မိုး​ရေ​ကို မ​ခံ​ရ​သော​ပြည်​ဖြစ်၏။ 22:25 ထို​ပြည်​အ​လယ်၌ ပ​ရော​ဖက်​တို့​သည် သင်း​ဖွဲ့​ခြင်း​ကို ပြု​ကြ​ပြီ။ ဟောက်၍ အ​ကောင်​ကို​ကိုက်​ဖြတ်​သော ခြင်္သေ့​ကဲ့​သို့ လူ​တို့​ကို ကိုက်​စား​ကြ၏။ ဘ​ဏ္ဍာ​များ​နှင့် အ​ဖိုး​ထိုက်​သော​ဥ​စ္စာ​များ​ကို လု​ယူ​ကြ၏။ ပြည်​အ​လယ်၌ မု​ဆိုး​မ​တို့​ကို များ​ပြား​စေ​ကြ၏။ 22:26 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ငါ၏​တ​ရား​ကို​ဖျက်၍၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို​လည်း ညစ်​ညူး​စေ​ကြ၏။ သန့်​ရှင်း​သော​အ​ရာ၊ မ​သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​ပိုင်း​ခြား၊ စင်​ကြယ်​သော​အ​ရာ၊ မ​စင်​ကြယ်​သော​အ​ရာ​တို့​ကို ရော​နှော​ကြ၏။ ငါ၏​ဥ​ပုသ်​နေ့​တို့​မှ​လည်း မျက်​နှာ​လွှဲ​ကြ၏။ သူ​တို့​အ​လယ်၌ ငါ​သည် ရှုတ်​ချ​ခြင်း​ကို​ခံ​ရ၏။ 22:27 မင်း​တို့​သည်​လည်း အ​ကောင်​ကို ကိုက်​ဖြတ်​သော​တော​ခွေး​ကဲ့​သို့ ပြည်​အ​လယ်၌​ဖြစ်၍၊ မ​တ​ရား​သော စီး​ပွား​ကို ရှာ​လို​သော​ငှာ လူ​အ​သက်​ကို​သတ်၍၊ သူ​တစ်​ပါး​တို့​ကို သုတ်​သင်​ပယ်​ရှင်း​တတ်​ကြ၏။ 22:28 ပ​ရော​ဖက်​တို့​က​လည်း၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မ​မူ​ဘဲ၊ အ​ချည်း​နှီး​သော​အ​ရာ​ကို မြင်၍၊ မု​သား​စ​ကား​ကို ဟော​ပြော​လျက်၊ သူ​တို့​ကို အင်္ဂ​တေ​နှင့် မွမ်း​မံ​ကြ၏။ 22:29 ပြည်​သူ​ပြည်​သား​တို့​သည်​လည်း ညှဉ်း​ဆဲ​ခြင်း၊ ဓား​ပြ​တိုက်​ခြင်း၊ ဆင်း​ရဲ​ငတ်​မွတ်​သော​သူ​တို့​ကို နှိပ်​စက်​ခြင်း၊ တစ်​ပါး​အ​မျိုး​သား​တို့​အား မ​တ​ရား​သ​ဖြင့် ညှဉ်း​ဆဲ​ခြင်း​ကို ပြု​ကြ၏။ 22:30 ထို​ပြည်​ကို ငါ​မ​ဖျက်​ဆီး​စေ​ခြင်း​ငှာ ကွယ်​ကာ​သော​သူ၊ မြို့​ရိုး​ပျက်​ပေါ်​မှာ​ရပ်၍ ဆီး​တား​သော​သူ တစ်​ယောက်​ကို​မျှ ငါ​ရှာ၍​မ​တွေ့။ 22:31 ထို​ကြောင့်၊ ငါ​အ​မျက်​ကို ငါ​သွန်း​လောင်း​လျက်၊ ငါ့​ဒေါ​သ​မီး​ဖြင့် သူ​တို့​ကို​ရှို့၍၊ သူ​တို့​အ​ပြစ်​ကို သူ​တို့​ခေါင်း​ပေါ်​သို့ ရောက်​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။