Leviticus 15
15:1 တစ်ဖန် မောရှေနှင့်အာရုန်အား ထာဝရဘုရားက၊
15:2 သင်တို့သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ရိနာစွဲသောယောက်ျားသည် မစင်ကြယ်။
15:3 အစဉ်ယိုသည်ဖြစ်စေ၊ တစ်ခါတလေရပ်သည်ဖြစ်စေ၊ ထိုသူသည် မစင်ကြယ်။
15:4 အိပ်သမျှ ထိုင်သမျှသော အိပ်ရာထိုင်ရာတို့သည်လည်း မစင်ကြယ်။
15:5 သူ၏အိပ်ရာကိုထိသောသူ၊ သူ့ထိုင်ရာအပေါ်မှာထိုင်သောသူ၊ သူ၏ကိုယ်ကိုထိသောသူ၊ သူ၏တံတွေးထိမိသောသူသည်၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေးချိုးရမည်။ ညဥ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
15:9 ရိနာစွဲသောသူစီးသော ကုန်းနှီးလည်းမစင်ကြယ်။
15:10 သူ့အောက်၌ရှိသောအရာကို ထိသောသူသည် ညဥ့်ဦးတိုင်အောင်မစင်ကြယ်။ ထိုအရာတစ်စုံတစ်ခုကို ဆောင်သောသူသည်၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ညဥ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
15:11 ရိနာစွဲသောသူသည်၊ လက်မဆေးဘဲ သူတစ်ပါးကိုလက်နှင့်ထိလျှင်၊ ထိုသူသည် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ညဥ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
15:12 ရိနာစွဲသောသူထိသော မြေတန်ဆာကို ခွဲရမည်။ သစ်သားတန်ဆာကို ရေနှင့်ဆေးရမည်။
15:13 ရိနာစွဲသောသူသည် အနာပျောက်သောအခါ၊ ပျောက်သောနေ့ကစ၍၊ ခုနစ်ရက်လွန်မှ မိမိအဝတ်ကိုလျှော်၍၊ စီးသောရေနှင့် ကိုယ်ကိုချိုးသဖြင့် စင်ကြယ်ရ၏။
15:14 အဋ္ဌမနေ့၌လည်း၊ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တစ်ခုခုကို ထာဝရဘုရားရှေ့တော်၌ ပရိသတ်စည်းဝေးရာတံခါးနားသို့ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်အားပေးရမည်။
15:15 ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ဖို့တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့တစ်ကောင်ကို ပူဇော်၍၊ ရိနာစွဲသောသူအဖို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကိုပြုရမည်။
15:16 ယောက်ျားသည် သုက်ရည်ထွက်လျှင် တစ်ကိုယ်လုံးရေချိုးရမည်။ ညဥ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
15:17 သုက်ရည်ထိသောအဝတ်၊ သားရေရှိသမျှတို့ကို ရေနှင့်လျှော်ရမည်။
15:18 ညဥ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ယောက်ျားသည် မိန်းမနှင့်သံဝါသပြုလျှင်၊ နှစ်ယောက်စလုံး ရေချိုးရမည်။ ညဥ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
15:19 မိန်းမသည်ဥတုရောက်လျှင်၊ ခုနစ်ရက်ပတ်လုံး ဥတုမစင်ကြယ်ရာ၌ နေရမည်။ သူ့ကိုထိသောသူသည် ညဥ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
15:20 ဥတုမစင်ကြယ်လျက်အိပ်သမျှ၊ ထိုင်သမျှတို့သည် မစင်ကြယ်ဖြစ်၏။
15:21 သူ၏အိပ်ရာ၊ သူ၏ထိုင်ရာကိုထိသောသူသည် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ညဥ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
15:23 သူ၏နေရာထိုင်ရာစွန်းလျှင်၊ ထိုနေရာထိုင်ရာကို ထိသောသူသည် ညဥ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
15:24 ဥတုရောက်သောမိန်းမနှင့် သံဝါသပြုသောသူသည် ခုနစ်ရက်ပတ်လုံး မစင်ကြယ်၊ အိပ်ရာရှိသမျှလည်း မစင်ကြယ်ဖြစ်၏။
15:25 ဥတုမစင်ကြယ်ရာကာလလွန်မှ၊ သွေးယိုနာမပျောက်လျှင်၊ အနာမပျောက်မီတိုင်အောင် ဥတုမစင်ကြယ်လျက် နေရသကဲ့သို့ မစင်ကြယ်ဖြစ်၏။
15:26 အနာမပျောက်မီတိုင်အောင် သူ၏အိပ်ရာသည် ဥတုမစင်ကြယ်ရာ အိပ်ရာကဲ့သို့လည်းကောင်း၊ ထိုင်ရာသည်လည်းကောင်း မစင်ကြယ်ဖြစ်၏။
15:27 ထိုအရာတို့ကို ထိသောသူသည်လည်း မစင်ကြယ်သောကြောင့်၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ညဥ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
15:28 ထိုမိန်းမသည် သွေးယိုနာပျောက်၍ ခုနစ်ရက်လွန်လျှင် စင်ကြယ်လိမ့်မည်။
15:29 အဋ္ဌမနေ့၌ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တစ်ခုခုကို ပရိသတ်စည်းဝေးရာတဲတော်တံခါးနား၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။
15:30 ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ဖို့တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့တစ်ကောင်ကို ပူဇော်၍၊ ဥတုမစင်ကြယ်သောမိန်းမအဖို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကိုပြုရမည်။
15:31 ထိုသို့ ဣသရေလအမျိုးသားတို့သည် မိမိတို့တွင်ရှိသော ငါ့တဲတော်ကို ညစ်ညူးစေ၍၊ မိမိတို့မစင်ကြယ်ရာ၌ မသေစေခြင်းငှာ၊ သူတို့ကို မစင်ကြယ်ခြင်းနှင့် ကင်းစင်စေရမည်။
15:32 ဤရွေ့ကား၊ ရိနာစွဲသောသူ၊
15:33 သုက်ရည်ထွက်၍ညစ်ညူးသောသူ၊ ဥတုရောက်သောမိန်းမ၊ သံဝါသပြုသော ယောက်ျားမိန်းမ၊ မစင်ကြယ်သောမိန်းမနှင့် သံဝါသပြုသောယောက်ျား စောင့်ရသောတရားဖြစ်သတည်းဟု မိန့်တော်မူ၏။