Numbers 7
7:1 မောရှေသည် တဲတော်ကိုထူထောင်၍၊ တဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကိုလည်းကောင်း၊ ယဇ်ပလ္လင်နှင့် ယဇ်ပလ္လင်တန်ဆာရှိသမျှတို့ကိုလည်းကောင်း၊ ဆီလူး၍ သန့်ရှင်းစေခြင်းအမှုကို လက်စသတ်သောနေ့၌၊
7:2 စာရင်းဝင်သောသူတို့ကိုအုပ်၍ ဣသရေလအမျိုးအနွယ်အသီးအသီးတို့၌ မင်းဖြစ်သောသူ၊ အဆွေအမျိုးသူကြီးမင်းတို့သည်၊
7:3 မင်းတစ်ပါးနွားထီးတစ်ကောင်စီ၊ မင်းနှစ်ပါး အမိုးပါသောရထားတစ်ခုစီ၊ ရထားခြောက်ခု၊ နွားဆယ်နှစ်ကောင်တို့ကို တဲတော်ရှေ့သို့ဆောင်ခဲ့၍ ထာဝရဘုရားအား ပူဇော်သကာပြုကြ၏။
7:4 ထာဝရဘုရားကလည်း သင်သည် ပရိသတ်စည်းဝေးရာ တဲတော်အမှုဆောင်ရွက်စရာဖို့ခံယူ၍ အမှုကိုဆောင်ရွက်ရသည်အတိုင်း လေဝိသား အသီးအသီးတို့အားပေးလော့ဟု မိန့်တော်မူ၏။
7:6 မောရှေသည် ရထားနှင့်နွားတို့ကိုခံယူ၍ လေဝိသားတို့အားပေးသဖြင့်
7:7 အမှုဆောင်ရွက်စရာရှိသည်အတိုင်း၊ ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာအုပ်သောဂေရရှုန်သားတို့အား ရထားနှစ်ခုနှင့် နွားလေးကောင်တို့ကိုလည်းကောင်း၊
7:8 မေရာရိသားတို့အား ရထားလေးခုနှင့် နွားရှစ်ကောင်တို့ကိုလည်းကောင်း ပေးလေ၏။
7:9 သန့်ရှင်းရာဌာနတော်အမူကို စောင့်ရသော ကောဟတ်သားတို့သည် မိမိတို့ပခုံး၌ ထမ်းရွက်ရသောကြောင့်၊ သူတို့အား ရထားနှင့်နွားတို့ကိုမပေး။
7:10 ယဇ်ပလ္လင်ကိုဆီလူးသောနေ့၌ အနုမောဒနာပြုစရာဖို့ ယဇ်ပလ္လင်ရှေ့မှာ အခြားသောပူဇော်သကာကို ပြုကြ၏။
7:11 ထာဝရဘုရားကလည်း၊ ယဇ်ပလ္လင်ကို အနုမောဒနာပြုစရာဖို့၊ မင်းအသီးအသီးတို့သည် နေ့ရက်အစဉ်အတိုင်း မိမိပူဇော်သကာကိုပြုရကြမည်ဟု မောရှေအားမိန့်တော်မူ၏။
7:12 ထိုသို့နှင့်အညီ၊ ပထမနေ့၌ ယုဒအမျိုး၊ အမိနဒပ်သားနာရှုန်သည် ဆက်သော ပူဇော်သကာဟူမူကား၊
7:13 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
7:14 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊
7:15 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
7:16 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
7:17 မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို အမိနဒပ်သားနာရှုန်သည် ပူဇော်လေ၏။
7:18 ဒုတိယနေ့၌ ဣသခါအမျိုးတွင်မင်းဖြစ်သော ဇုအာသား နာသနေလဆက်သော ပူဇော်သကာဟူမူကား၊
7:19 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
7:20 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း
7:21 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
7:22 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
7:23 မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဇုအာသားနာသနေလသည် ပူဇော်လေ၏။
7:24 တတိယနေ့၌ ဇာဗုလုန်အမျိုးတွင်မင်းဖြစ်သော ဟေလုန်သားဧလျာဘဆက်သော ပူဇော်သကာဟူမူကား၊
7:25 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
7:26 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊
7:27 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
7:28 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
7:29 မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဟေလုန်သားဧလျာဘသည် ပူဇော်လေ၏။
7:30 စတုတ္ထနေ့၌ ရုဗင်အမျိုးတွင်မင်းဖြစ်သော ရှေဒုရသားဧလိဇုရဆက်သော ပူဇော်သကာဟူမူကား၊
7:31 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
7:32 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊
7:33 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
7:34 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
7:35 မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ရှေဒုရသားဧလိဇုရသည် ပူဇော်လေ၏။
7:36 ပဉ္စမနေ့၌ ရှိမောင်အမျိုးတွင်မင်းဖြစ်သော ဇုရိရှဒ္ဒဲသား၊ ရှေလုမျေလဆက်သော ပူဇော်သကာဟူမူကား၊
7:37 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
7:38 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊
7:39 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
7:40 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
7:41 မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဇုရိရှဒ္ဒဲသားရှေလုမျေလသည် ပူဇော်လေ၏။
7:42 ဆဋ္ဌမနေ့၌ ဂဒ်အမျိုးတွင်မင်းဖြစ်သော ဒွေလသား၊ ဧလျာသပ်ဆက်သော ပူဇော်သကာဟူမူကား၊
7:43 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
7:44 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊
7:45 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
7:46 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
7:47 မိတ်သဟာယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဒွေလသား ဧလျာသပ်သည် ပူဇော်လေ၏။
7:48 သတ္တမနေ့၌ ဧဖရိမ်အမျိုးတွင်မင်းဖြစ်သော အမိဟုဒ်သားဧလိရှမာဆက်သော ပူဇော်သကာဟူမူကား၊
7:49 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
7:50 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊
7:51 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
7:52 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
7:53 မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို၊ အမိဟုဒ်သားဧလိရှမာသည် ပူဇော်လေ၏။
7:54 အဋ္ဌမနေ့၌ မနာရှေအမျိုးတွင် မင်းဖြစ်သောပေဒါဇုရသား ဂါမလျေလဆက်သော ပူဇော်သကာဟူမူကား၊
7:55 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
7:56 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊
7:57 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
7:58 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
7:59 မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ပေဒါဇုရသားဂါမလျေလသည် ပူဇော်လေ၏။
7:60 နဝမနေ့၌ ဗင်္ယာမိန်အမျိုးတွင်မင်းဖြစ်သော ဂိဒေါနိသားအဘိဒန်ဆက်သော ပူဇော်သကာဟူမူကား
7:61 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
7:62 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း
7:63 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
7:64 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
7:65 မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဂိဒေါနိသားအဘိဒန်သည် ပူဇော်လေ၏၊
7:66 ဒသမနေ့၌ ဒန်အမျိုးတွင်မင်းဖြစ်သော အမိရှဒ္ဒဲသားအဟေဇာဆက်သော ပူဇော်သကာဟူမူကား၊
7:67 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
7:68 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊
7:69 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
7:70 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
7:71 မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို အမိရှဒ္ဒသားအဟေဇာသည် ပူဇော်လေ၏။
7:72 ဧကာဒသမနေ့၌ အာရှာအမျိုးတွင်မင်းဖြစ်သော ဩကရန်သား ပါဂျေလဆက်သောပူဇော်သကာဟူမူကား၊
7:73 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်၊
7:74 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊
7:75 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
7:76 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
7:77 မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဩကရန်သားပါဂျေလသည် ပူဇော်လေ၏။
7:78 ဒွါဒသမနေ့၌ နဿလိအမျိုးတွင်မင်းဖြစ်သော ဧနန်သားအဟိရဆက်သော ပူဇော်သကာဟူမူကား၊
7:79 အကျပ်တော်အလိုက် တစ်ပိဿာသုံးဆယ်အချိန်ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သကာဖို့ ထိုအင်တုံ၊ ဖလား၌ဆီနှင့်ရော၍ အပြည့်ထည့်သောမုန့်ညက်။
7:80 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း၊
7:81 မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်သော သိုးသငယ်တစ်ကောင်၊
7:82 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
7:83 မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဧနန်သားအဟိရသည် ပူဇော်လေ၏။
7:84 ထိုသို့ဣသရေလအမျိုးတို့၌ မင်းဖြစ်သောသူတို့သည်၊ ယဇ်ပလ္လင်ကို ဆီလူးသောနေ့၌ အနုမောဒနာပြုစရာဖို့ ဆက်သော ငွေအင်တုံပေါင်းဆယ်နှစ်လုံး၊ ငွေဖလားပေါင်းဆယ်နှစ်လုံး၊ ရွှေဇွန်းပေါင်းဆယ်နှစ်စင်းတည်း။
7:85 ငွေအင်တုံအချိန်ကား တစ်လုံးလျှင် တစ်ပိဿာသုံးဆယ်စီ၊ ငွေဖလားအချိန်ကား တစ်လုံးလျှင် ခုနစ်ဆယ်စီရှိ၍၊ ငွေချိန်ပေါင်းကား အကျပ်တော်အလိုက်၊ အခွက်နှစ်ဆယ်လေးပိဿာ ရှိသတည်း။
7:86 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်သော ရွှေဇွန်းဆယ်နှစ်စင်းအချိန်ကား အကျပ်တော်အလိုက် ဆယ်ကျပ်စီရှိ၍၊ ရွှေချိန်ပေါင်းကား တစ်ပိဿာနှစ်ဆယ်ရှိသတည်း။
7:87 မီးရှို့ရာယဇ်ဖို့ ဘောဇဉ်ပူဇော်သကာနှင့်တကွ နွားပေါင်းဆယ်နှစ်ကောင်၊ သိုးထီးဆယ်နှစ်ကောင်၊ အခါလည်သော သိုးသငယ်ဆယ်နှစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်ပေါင်း ဆယ်နှစ်ကောင်၊
7:88 မိတ်သဟာယယဇ်ဖို့နွားပေါင်း နှစ်ဆယ်လေးကောင်၊ သိုးထီးခြောက်ဆယ်၊ ဆိတ်ထီးခြောက်ဆယ်၊ အခါလည်သော သိုးသငယ်ခြောက်ဆယ် ရှိသတည်း။ ဤရွေ့ကား၊ ယဇ်ပလ္လင်ကိုဆီလူးသောနောက်၊ အနုမောဒနာပြုဖို့ ဆက်သောပူဇော်သကာပေတည်း။
7:89 မောရှေသည် ဘုရားသခင်ကိုလျှောက်ခြင်းငှာ ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ဝင်သောအခါ၊ ခေရုဗိမ်နှစ်ပါးကြားမှာ၊ သက်သေခံချက်သေတ္တာအပေါ်၌ တင်သော အဖုံးအထက်က၊ ဘုရားသခင်ခေါ်တော်မူသံကို မောရှေသည်ကြား၍ ထူးလေ၏။