Library · my

1 Samuel 13

13:1 ရှော​လု​သည် တစ်​နှစ်​ကျော် နှစ်​နှစ်​ခန့်​လောက် ဣ​သ​ရေ​လ​အ​မျိုး၌​မင်း​ပြု​ပြီး​မှ၊ ဣ​သ​ရေ​လ​အ​မျိုး​သား သုံး​ထောင်​တို့​ကို ရွေး​ကောက်​ပြီး​လျှင်၊ ကိုယ်​တိုင်​နေ​သော မိတ်​မတ်​မြို့​နှင့် ဗေ​သ​လ​တောင်​ပေါ်​မှာ လူ​နှစ်​ထောင်၊ ဗင်္ယာ​မိန်​ခ​ရိုင်၊ ဂိ​ဗာ​မြို့၊ ယော​န​သန်​ထံ​မှာ တစ်​ထောင်​ကို​ထား၍၊ အ​ခြား​သော​သူ​တို့​ကို မိ​မိ​တို့ အ​သီး​အ​သီး​နေ​ရာ​အ​ရပ်​သို့ လွှတ်​လိုက်​လေ၏။ 13:3 ယော​န​သန်​သည် ဂိ​ဗာ​မြို့၌​ရှိ​သော ဖိ​လိ​တ္တိ​တပ်​ကို​လုပ်​ကြံ​သ​ဖြင့် ဖိ​လိ​တ္တိ​လူ​တို့​သည် သ​တင်း​ကြား၏။ ရှော​လု​က​လည်း မြစ်​တစ်​ဖက်၌ နေ​သော​သူ​တို့​သည် ကြား​သိ​စေ​ဟု တစ်​ပြည်​လုံး တံ​ပိုး​မှုတ်​စေ၏။ 13:4 ရှော​လု​သည် ဖိ​လိ​တ္တိ​တပ်​ကို လုပ်​ကြံ​ကြောင်း​နှင့် ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ကို​ရွံ​ရှာ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည် ကြား​သိ၍၊ လူ​များ​တို့​သည် ရှော​လု​နောက် ဂိ​လ​ဂါ​လ​မြို့၌ စည်း​ဝေး​ကြ၏။ 13:5 ဖိ​လိ​တ္တိ​လူ​တို့​သည်​လည်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​စစ်​တိုက်​ခြင်း​ငှာ၊ ရ​ထား​သုံး​သောင်း​နှင့် မြင်း​ခြောက်​ထောင်​ကို​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ​ရှိ​သော​လူ​များ​ကို​လည်း​ကောင်း စု​ဝေး​စေ​ပြီး​လျှင်၊ စစ်​ချီ​ဗေ​သ​ဝင် မြို့​အ​ရှေ့၊ မိတ်​မတ်​မြို့၌ တပ်​ချ​ကြ၏။ 13:6 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​လွန်​ဆင်း​ရဲ​ခံ​ရ​သ​ဖြင့်၊ မိ​မိ​တို့​ကျဉ်း​မြောင်း​လျက်​ရှိ​သည်​ကို သိ​မြင်​သော​အ​ခါ၊ ဥ​မင်၊ တော​အုံ၊ ကျောက်​ကြား၊ တောင်​ထိပ်၊ မြေ​တွင်း​တို့၌ ပုန်း​ရှောင်၍​နေ​ကြ၏။ 13:7 ယော်​ဒန်​မြစ်​တစ်​ဖက်၌ နေ​သော​သူ​အ​ချို့​တို့​သည် ကူး​ပြန်၍၊ ဂဒ်​ပြည်၊ ဂိ​လဒ်​ပြည်​သို့ သွား​ကြ၏။ ရှော​လု​သည် ဂိ​လ​ဂါ​လ​မြို့၌ နေ​သေး၍၊ လူ​အ​ပေါင်း​တို့​သည် သူ့​နောက်၌ တုန်​လှုပ်​လျက်​ရှိ​ကြ၏။ 13:8 ရှ​မွေ​လ ချိန်း​ချက်​သည်​အ​တွင်း ရှော​လု​သည် ခု​နစ်​ရက်​ငံ့​လင့်၍၊ ရှ​မွေ​လ​သည် ဂိ​လ​ဂါ​လ​မြို့​သို့ မ​ရောက်၊ လူ​များ​တို့​လည်း​ထွက်​ပြေး​ကြ၏။ 13:9 ရှော​လု​က​လည်း၊ မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​တို့​ကို ငါ့​ထံ​သို့ ယူ​ခဲ့​ကြ​ဟု​ဆို​သ​ဖြင့်၊ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​လေ၏။ 13:10 မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ပြီး​သည်​အ​ဆုံး၌ ရှ​မွေ​လ​သည်​လာ၏။ ရှော​လု​သည် ကောင်း​ချီး​ပေး၍ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ထွက်​သွား​လျှင်၊ 13:11 ရှ​မွေ​လ​က၊ သင်​သည် အ​ဘယ်​သို့​ပြု​သ​နည်း​ဟု​မေး​သော်၊ ရှော​လု​က၊ လူ​များ​တို့​သည် အ​ကျွန်ုပ်​ထံ​မှ ထွက်​ပြေး​ကြောင်း၊ ကိုယ်​တော်​သည် ချိန်း​ချက်​သော​အ​ချိန်၌ မ​ရောက်​ကြောင်း၊ ဖိ​လိ​တ္တိ​လူ​တို့​သည် မိတ်​မတ်​မြို့၌ စု​ဝေး​ကြောင်း​များ​ကို သိ​မြင်​သော​အ​ခါ၊ 13:12 ဖိ​လိ​တ္တိ​လူ​တို့​သည် ငါ​ရှိ​ရာ ဂိ​လ​ဂါ​လ​မြို့​သို့ စစ်​ချီ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ငါ​မ​တောင်း​ပန်​သေး​ဟု အ​ကျွန်ုပ်​အောက်​မေ့​သ​ဖြင့်၊ ကိုယ်​ကို​အ​နိုင်​ပြု၍ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​မိ​ပြီ​ဟု ပြန်​ပြော၏။ 13:13 ရှ​မွေ​လ​က​လည်း သင်​သည် မှား​ပြီ။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ညတ်​တ​ရား​ကို မ​စောင့်​ပါ​တ​ကား။ စောင့်​မိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌​သင်၏​အာ​ဏာ​ကို ယ​ခု​မှ​စ၍ အ​စဉ်​အ​မြဲ တည်​စေ​တော်​မူ​ပြီ။ 13:14 ယ​ခု​မူ​ကား သင်၏ အာ​ဏာ​မ​တည်​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် စိတ်​နှ​လုံး​တော်​နှင့် ညီ​ညွတ်​သော​သူ​ကို ရှာ​တော်​မူ၏။ ထို​သူ​သည် လူ​မျိုး​တော်​အ​ပေါ်​မှာ​မင်း​ဖြစ်​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း​မ​ကျင့်​ဟု ရှော​လု​အား​ဆို​ပြီး​လျှင်၊ 13:15 ထ၍ ဂိ​လ​ဂါ​လ​မြို့​မှ ဗင်္ယာ​မိန်​ခ​ရိုင်၊ ဂိ​ဗာ​မြို့​သို့ သွား၏။ ရှော​လု​သည် မိ​မိ၌​ရှိ​သော​လူ​တို့​ကို​ရေ​တွက်၍ ခြောက်​ရာ​ခန့်​မျှ ရှိ၏။ 13:16 သူ​နှင့် သား​တော်​ယော​န​သန်၊ သူ​တို့၌​ရှိ​သော လူ​အ​ပေါင်း​တို့​သည် ဗင်္ယာ​မိန်​ခ​ရိုင်၊ ဂိ​ဗာ​မြို့​တွင် နေ​ကြ၏။ ဖိ​လိ​တ္တိ​လူ​တို့​သည် မိတ်​မတ်​မြို့​တွင် တပ်​ချ​ကြ၏။ 13:17 လု​ယူ​သော တပ်​သုံး​တပ်​တို့​သည်၊ ဖိ​လိ​တ္တိ​တပ်​မ​ထဲ​က​ထွက်၍ တစ်​တပ်​သည် ရွာ​လ​ပြည် ဩ​ဖ​ရ​မြို့​လမ်း​သို့ လိုက်၏။ 13:18 တစ်​တပ်​သည် ဗေ​သော​ရုန်​မြို့​လမ်း​သို့ လိုက်၏။ တစ်​တပ်​သည် တော​ဘက်​မှာ ဇေ​ဘိုင်​ချိုင့်​ကို မျက်​နှာ​ပြု​သော ပြည်​စွန်း​လမ်း​သို့​လိုက်၏။ 13:19 ဖိ​လိ​တ္တိ​လူ​တို့​က၊ ဟေ​ဗြဲ​လူ​တို့​သည် ဓား​လှံ​တို့​ကို မ​လုပ်​စေ​နှင့်​ဟု စီ​ရင်​မြဲ​ရှိ​သော​ကြောင့်၊ ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက်​လုံး​တွင် ပန်း​ပဲ​တစ်​ယောက်​မျှ မ​ရှိ။ 13:20 ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် ထွန်​သွား၊ ပေါက်​တူး၊ ပု​ဆိန်၊ တူး​ရွင်း​ကို​ထက်​စေ​ခြင်း​ငှာ၊ ဖိ​လိ​တ္တိ​လူ​တို့​ရှိ​ရာ​သို့ သွား​ရ​ကြ၏။ 13:21 နောက်​တစ်​ဖန် ထွန်​သွား၊ ပေါက်​တူး၊ သုံး​ခွ​ခက်​ရင်း၊ ပု​ဆိန်၊ ထိုး​တံ​ချွန် တုံး​လျက်​ရှိ​ကြ၏။ 13:22 သို့​ဖြစ်၍ စစ်​တိုက်​ရာ​ကာ​လ ရှော​လု​နှင့် သား​တော်​ယော​န​သန်​မှ​တစ်​ပါး အ​ဘယ်​သူ၌​မျှ ဓား​လှံ​မ​ရှိ။ 13:23 တစ်​ဖန် ဖိ​လိ​တ္တိ​တပ်​သား​တို့​သည် မိတ်​မတ်​မြို့ လမ်း​ဝ​သို့ ထွက်၍​နေ​ကြ​စဉ်​တွင်၊