Library · my

1 Samuel 29

29:1 ဖိ​လိ​တ္တိ​လူ​တို့​သည် ဗိုလ်​ခြေ​အ​ပေါင်း​တို့​ကို အာ​ဖက်​မြို့​မှာ စု​ဝေး​စေ​ကြ၏။ ဣ​သ​ရေ​လ လူ​တို့​သည် ယေ​ဇ​ရေ​လ​မြို့​မှာ ရှိ​သော စမ်း​ရေ​တွင်း​အ​နား၌ တပ်​ချ​ကြ၏။ 29:2 ဖိ​လိ​တ္တိ​မင်း​တို့​သည် လူ​တစ်​ရာ​တပ်၊ တစ်​ထောင်​တပ်​အ​စဉ်​အ​တိုင်း ချီ​သွား​သ​ဖြင့်၊ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် နောက်​တပ်၌ အာ​ခိတ်​မင်း​နှင့်​အ​တူ လိုက်​ကြ၏။ 29:3 ဖိ​လိ​တ္တိ​မင်း​တို့​က​လည်း၊ သင်​နှင့်​လိုက်​သော ထို​သူ​တို့​သည် အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ အာ​ခိတ်​မင်း​က၊ ဤ​သူ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရှော​လု၏​ကျွန်​ဒါ​ဝိဒ် ဖြစ်​သည်​မ​ဟုတ်​လော။ ကြာ​မြင့်​စွာ ငါ့​ထံ​မှာ​နေ​ပြီ။ ငါ့​ထံ​သို့ ရောက်​သော​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် သူ၌​အ​ပြစ်​တင်​စ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​တွေ့​ဟု ဖိ​လိ​တ္တိ​မင်း​တို့​အား ပြော​ဆို​သော်​လည်း၊ 29:4 ဖိ​လိ​တ္တိ​မင်း​တို့​သည် စိတ်​ဆိုး​လျက် ဤ​သူ​ပြန်​ပါ​စေ။ မင်း​နေ​ရာ​ချ​သော အ​ရပ်​သို့ သွား၍​နေ​ပါ​စေ။ ငါ​တို့​နှင့်​အ​တူ စစ်​တိုက်​မ​လိုက်​စေ​နှင့်။ စစ်​တိုက်​ရာ​တွင် ငါ​တို့​ရန်​ဘက်၌ နေ​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ၏။ သူ​သည် သူ့​သ​ခင်၏​စိတ်​ကို ပြေ​စေ​ခြင်း​ငှာ အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း။ ငါ​တို့​လူ​များ၏ အ​သက်​ကို​အပ်၍ ပြု​နိုင်​သည်​မ​ဟုတ်​လော။ 29:5 ရှော​လု အ​ထောင်​ထောင်၊ ဒါ​ဝိဒ်​အ​သောင်း​သောင်း သတ်​လေ​စွ​တ​ကား​ဟု အ​လှည့်​လှည့်​က​လျက် သီ​ချင်း​ဆို​ကြ​သော​အ​ခါ၊ ဤ​ဒါ​ဝိဒ်​ကို ရည်​ဆောင်၍ သီ​ချင်း​ဆို​ကြ​သည် မ​ဟုတ်​လော​ဟု အ​ပြစ်​တင်​သော​ကြောင့်၊ 29:6 အာ​ခိတ်​မင်း​သည် ဒါ​ဝိဒ်​ကို​ခေါ်၍၊ အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မှု​သည်​အ​တိုင်း သင်​သည် ဖြောင့်​မတ်​စွာ​ပြု​ပြီ။ ငါ​နှင့်​အ​တူ တပ်​မှု​တပ်​ရေး၌ သင်​သွား​လာ​ပြု​မူ​ခြင်း​ကို ငါ​အား​ရ​ပြီ။ သင်​သည် ငါ့​ထံ​သို့​ရောက်​သော​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် သင်၌ အ​ပြစ်​ကို​မ​တွေ့။ သို့​သော် ဖိ​လိ​တ္တိ​မင်း​တို့​သည် သင့်​ကို အ​လို​မ​ရှိ​ကြ။ 29:7 သို့​ဖြစ်၍ ယ​ခု​ငြိမ်​ဝပ်​စွာ ပြန်​သွား​တော့။ ဖိ​လိ​တ္တိ​မင်း​တို့​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ပါ​နှင့်​ဟု​ဆို​သော်၊ 29:8 ဒါ​ဝိဒ်​က ကျွန်​တော်​သည် ကျွန်​တော်​သ​ခင် ရှင်​ဘု​ရင်၏​ရန်​သူ​တို့​ကို စစ်​တိုက်​မ​သွား​စေ​ခြင်း​ငှာ အ​ဘယ်​သို့ ပြု​ဘိ​သ​နည်း။ ကိုယ်​တော်​ထံ​မှာ နေ​သ​မျှ​ကာ​လ​ပတ်​လုံး ယ​နေ့​တိုင်​အောင် အ​ဘယ်​အ​ပြစ်​ကို တွေ့​တော်​မူ​သ​နည်း​ဟု အာ​ခိတ်​မင်း​အား မေး​လျှောက်​သော်၊ 29:9 အာ​ခိတ်​မင်း​က၊ သင်​သည် ငါ့​ရှေ့​မှာ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​ကဲ့​သို့ ကောင်း​သည်​ကို ငါ​သိ၏။ သို့​သော်​လည်း ငါ​တို့​နှင့်​အ​တူ စစ်​တိုက်​မ​လိုက်​စေ​နှင့်​ဟု ဖိ​လိ​တ္တိ​မင်း​တို့​သည် စီ​ရင်​ကြ​ပြီ။ 29:10 သို့​ဖြစ်၍ သင်​နှင့်​လိုက်​လာ​သော သင့်​သ​ခင်၏ ကျွန်​တို့​နှင့်​အ​တူ နံ​နက်​စော​စော​ထ၍ မိုး​လင်း​သော​အ​ခါ ပြန်​သွား​တော့​ဟု ဒါ​ဝိဒ်​အား ဆို​သည်​အ​တိုင်း၊ 29:11 ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် နံ​နက်​စော​စော​ထ၍ ဖိ​လိ​တ္တိ​ပြည်​သို့ ပြန်​သွား​ကြ၏။ ဖိ​လိ​တ္တိ လူ​တို့​သည်​လည်း၊ ယေ​ဇ​ရေ​လ​မြို့​သို့ ချီ​သွား​ကြ၏။