Library · my

Psalms 122

122:1 “​ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​ကြ​ကုန်စို့​”​ဟု ငါ့​ကို​ပြော​ကြ​သောအခါ ငါ​သည် ဝမ်းမြောက်​၏​။ 122:2 အို ဂျေရုဆလင်​မြို့​၊ ငါ​တို့​၏​ခြေ​သည် သင်​၏​တံခါး​တို့​အတွင်း​၌ ရပ်​နေ​ကြ​၏​။ 122:3 ဂျေရုဆလင်​မြို့​ကို ကျစ်လျစ်​စုစည်း​သော​မြို့​အဖြစ် တည်ဆောက်​ထား​၏​။ 122:4 လူမျိုးစု​တည်းဟူသော ထာဝရဘုရား​၏​လူမျိုးစု​တို့​သည် အစ္စရေး​အမျိုး​၌​ထားရှိ​တော်မူ​သော သက်သေခံချက်​နှင့်အညီ ထာဝရဘုရား​၏​နာမ​တော်​ကို​ချီးမွမ်း​ရန် ထို​အရပ်​သို့​တက်သွား​ကြ​၏​။ 122:5 အကြောင်းမူကား ထို​အရပ်​၌ တရားစီရင်​ရာ​ပလ္လင်​များ​တည်းဟူသော ဒါဝိဒ်​အမျိုးအနွယ်​၏​ပလ္လင်​များ​ရှိ​၏​။ 122:6 “​သင့်​ကို​မြတ်နိုး​သော​သူ​တို့​သည် ကောင်းစား​ကြ​ပါစေသော​။ သင်​၏​တံတိုင်း​အတွင်း​၌ ငြိမ်းချမ်းသာယာ​ခြင်း​ရှိ​ပါစေသော​။ သင်​၏​ခံတပ်​များ​အတွင်း​၌ လုံခြုံစိတ်ချမှု​ရှိ​ပါစေသော​”​ဟု ဂျေရုဆလင်​မြို့​၏​ငြိမ်းချမ်းသာယာ​ခြင်း​အတွက် ဆုတောင်း​ကြ​လော့​။ 122:8 ငါ​၏​ညီအစ်ကို​များ​နှင့် ငါ​၏​မိတ်ဆွေ​များ​ကို ထောက်ထား​၍ “​သင့်​အထဲ​၌ ငြိမ်းချမ်းမှု​ရှိ​ပါစေသော​”​ဟု ငါ​ဆို​မည်​။ 122:9 ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​၏​အိမ်​တော်​ကို​ထောက်ထား​၍ သင်​၏​ကောင်းကျိုးချမ်းသာ​ကို ငါ​ရှာ​မည်​။