Library · my

Psalms 123

123:1 ကောင်းကင်ဘုံ​၌​စိုးစံ​တော်မူ​သော​အရှင်​၊ ကိုယ်တော်​ကို အကျွန်ုပ်​မျှော်ကြည့်​ပါ​၏​။ 123:2 ကျွန်ယောက်ျား​တို့​သည် မိမိ​တို့​သခင်​၏​လက်​ကို မျှော်ကြည့်​သကဲ့သို့​လည်းကောင်း​၊ ကျွန်မိန်းမ​သည် မိမိ​သခင်မ​၏​လက်​ကို မျှော်ကြည့်​သကဲ့သို့​လည်းကောင်း​၊ အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​ကို သနား​တော်မူ​သည်​အထိ အကျွန်ုပ်​တို့​၏​ဘုရားသခင် ထာဝရဘုရား​ကို မျှော်ကြည့်​ကြ​ပါ​၏​။ 123:3 အကျွန်ုပ်​တို့​ကို​သနား​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​ကို​သနား​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​တို့​သည် မထီမဲ့မြင်ပြု​ခြင်း​ကို​ခံရ​သည်​မှာ လွန်စွာ​ငြီးငွေ့​လှ​ပါ​ပြီ​။ 123:4 အကျွန်ုပ်​တို့​၏​စိတ်ဝိညာဉ်​သည် မောက်မာထောင်လွှား​သော​သူ​တို့​၏​အထင်အမြင်သေး​ခြင်း​နှင့် မာနကြီး​သော​သူ​တို့​၏​မထီမဲ့မြင်ပြု​ခြင်း​ကို​ခံရ​သည်​မှာ လွန်စွာ​ငြီးငွေ့​လှ​ပါ​ပြီ​။