Psalms 124
124:1 “ထာဝရဘုရားသည် ငါတို့ဘက်၌ရှိတော်မမူခဲ့လျှင်”ဟု အစချီ၍ အစ္စရေးလူမျိုးတို့ဆိုကြရမည်မှာ
124:2 “ထာဝရဘုရားသည် ငါတို့ဘက်၌ရှိတော်မမူခဲ့လျှင် လူတို့သည် ငါတို့ကိုဆန့်ကျင်လျက် ထကြွစဉ်က
124:3 ငါတို့ကို အရှင်လတ်လတ်ဝါးမျိုခဲ့ကြပေလိမ့်မည်။ သူတို့သည် ငါတို့အပေါ် အမျက်ထွက်စဉ်က
124:4 ရေသည် ငါတို့ကိုလွှမ်းမိုးလျက် ရေစီးကြောင်းသည် ငါတို့၏စိတ်ဝိညာဉ်ကို ဖြတ်ကျော်သွားခဲ့ပေလိမ့်မည်။
124:5 အဟုန်ပြင်းသောရေသည် ငါတို့၏စိတ်ဝိညာဉ်ကို ဖြတ်ကျော်သွားခဲ့ပေလိမ့်မည်”ဟူ၍ဖြစ်၏။
124:6 သူတို့၏သွားအတွက် သားကောင်အဖြစ် ငါတို့ကိုအပ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။
124:7 ငါတို့၏စိတ်ဝိညာဉ်သည် မုဆိုးတို့၏ကျော့ကွင်းမှ လွတ်မြောက်သောငှက်ကဲ့သို့ လွတ်မြောက်လေပြီ။ ကျော့ကွင်းပြတ်၍ ငါတို့လွတ်မြောက်ကြလေပြီ။
124:8 ငါတို့ကိုကူညီမစခြင်းအကြောင်းသည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏နာမတော်၌တည်ရှိ၏။