Psalms 87
87:1 ကိုယ်တော်ချထားတော်မူသော အုတ်မြစ်သည် သန့်ရှင်းသောတောင်များပေါ်၌ရှိ၏။
87:2 ထာဝရဘုရားသည် ယာကုပ်အမျိုးနေထိုင်ရာ အရပ်အားလုံးတို့ထက် ဇိအုန်၏မြို့တံခါးတို့ကို ပို၍နှစ်သက်တော်မူ၏။
87:3 အို ဘုရားသခင်၏မြို့တော်၊ သင်နှင့်ပတ်သက်သည့် ဂုဏ်ပြုချီးမွမ်းဖွယ်ရာများကို မြွက်ဆိုလျက်ရှိ၏။
87:4 “ငါ့ကိုသိသောသူတို့ထဲတွင် ရာဟပ်နှင့်ဘေဘီလုံကို ငါမှတ်သားထားမည်။ ဖိလိတ္တိပြည်၊ တိုင်ရာပြည်နှင့် အီသီယိုးပီးယားပြည်တို့ကိုလည်း ကြည့်ရှုလော့။ ဤသူသည် ထိုအရပ်၌ မွေးဖွား၏။”
87:5 ဇိအုန်မြို့နှင့်ပတ်သက်၍မူကား “ဤသူသည် ဇိအုန်မြို့၌ မွေးဖွား၏။ ထိုသူသည် ဇိအုန်မြို့၌ မွေးဖွား၏”ဟု မြွက်ဆိုလိမ့်မည်။ အမြင့်ဆုံးသောအရှင်ကိုယ်တိုင်သည်လည်း ထိုမြို့ကို တည်မြဲစေတော်မူလိမ့်မည်။
87:6 ထာဝရဘုရားသည် လူမျိုးတို့ကို စာရင်းသွင်းသောအခါ “ဤသူသည် ထိုမြို့၌ မွေးဖွား၏”ဟု ရေးမှတ်တော်မူလိမ့်မည်။
87:7 သီချင်းဆိုသူများနှင့်အတူ ကခုန်သူများကလည်း “ငါ၏စမ်းရေတွင်းရှိသမျှတို့သည် သင်၌ရှိ၏”ဟု ဆိုကြလိမ့်မည်။