Numbers 2
2:1 တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား
2:2 “အစ္စရေးအမျိုးသားအသီးသီးတို့သည် ဘိုးဘေးတို့၏အိမ်ထောင်စုအမှတ်လက္ခဏာပါသည့်အလံနားတွင် စခန်းချရမည်။ သူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ဘက်မျက်နှာမူလျက် ပတ်ပတ်လည်တွင် စခန်းချရမည်။
2:3 ယုဒတပ်စခန်း၏အလံနားရှိ ယုဒတပ်ဖွဲ့သည် အရှေ့ဘက် နေထွက်ရာအရပ်၌ စခန်းချရမည်။ အမိနဒပ်၏သား နာရှုန်သည် ယုဒအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
2:4 နာရှုန်တပ်ဖွဲ့ရှိလူအရေအတွက်မှာ ခုနစ်သောင်းလေးထောင့်ခြောက်ရာ ဖြစ်၏။
2:5 ယုဒတပ်ဖွဲ့၏ဘေးတွင် ဣသခါအမျိုးအနွယ် စခန်းချရမည်။ ဇုအာ၏သား နာသနေလသည် ဣသခါအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
2:6 နာသနေလတပ်ဖွဲ့ရှိလူအရေအတွက်မှာ ငါးသောင်းလေးထောင့်လေးရာ ဖြစ်၏။
2:7 ထို့နောက် ဇာဗုလုန်အမျိုးအနွယ် စခန်းချရမည်။ ဟေလုန်၏သား ဧလျာဘသည် ဇာဗုလုန်အမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
2:8 ဧလျာဘတပ်ဖွဲ့ရှိလူအရေအတွက်မှာ ငါးသောင်းခုနစ်ထောင့်လေးရာ ဖြစ်၏။
2:9 တပ်ဖွဲ့အလိုက် ယုဒတပ်စခန်းရှိလူအရေအတွက်စုစုပေါင်းမှာ တစ်သိန်းရှစ်သောင်းခြောက်ထောင့်လေးရာ ဖြစ်၏။ သူတို့သည် ရှေ့ဆုံးနေရာမှ ခရီးပြုရမည်။
2:10 ရုဗင်တပ်စခန်း၏အလံနားရှိ ရုဗင်တပ်ဖွဲ့သည် တောင်ဘက်၌ စခန်းချရမည်။ ရှေဒုရ၏သား ဧလိဇုရသည် ရုဗင်အမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
2:11 ဧလိဇုရတပ်ဖွဲ့ရှိလူအရေအတွက်မှာ လေးသောင်းခြောက်ထောင့်ငါးရာ ဖြစ်၏။
2:12 ရုဗင်တပ်ဖွဲ့၏ဘေးတွင် ရှိမောင်အမျိုးအနွယ် စခန်းချရမည်။ ဇုရိရှဒ္ဒဲ၏သား ရှေလုမျေလသည် ရှိမောင်အမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
2:13 ရှေလုမျေလတပ်ဖွဲ့ရှိလူအရေအတွက်မှာ ငါးသောင်းကိုးထောင့်သုံးရာ ဖြစ်၏။
2:14 ထို့နောက် ဂဒ်အမျိုးအနွယ် စခန်းချရမည်။ ရွေလ၏သား ဧလျာသပ်သည် ဂဒ်အမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
2:15 ဧလျာသပ်တပ်ဖွဲ့ရှိလူအရေအတွက်မှာ လေးသောင်းငါးထောင့်ခြောက်ရာ့ငါးဆယ် ဖြစ်၏။
2:16 တပ်ဖွဲ့အလိုက် ရုဗင်တပ်စခန်းရှိလူအရေအတွက်စုစုပေါင်းမှာ တစ်သိန်းငါးသောင်းတစ်ထောင့်လေးရာ့ငါးဆယ် ဖြစ်၏။ သူတို့သည် ဒုတိယနေရာမှ ခရီးပြုရမည်။
2:17 ထို့နောက်မှ လေဝိတပ်ဖွဲ့သည် တွေ့ဆုံစည်းဝေးရာတဲတော်ကိုသယ်ဆောင်လျက် တပ်ဖွဲ့များ၏အလယ်မှနေ၍ ခရီးပြုရမည်။ သူတို့သည် စခန်းချသည့်အတိုင်း မိမိတို့၏အလံနှင့်အတူ အသီးသီးကိုယ့်နေရာနှင့်ကိုယ် ခရီးပြုရမည်။
2:18 ဧဖရိမ်တပ်စခန်း၏အလံနားရှိ ဧဖရိမ်တပ်ဖွဲ့သည် အနောက်ဘက်၌ စခန်းချရမည်။ အမိဟုဒ်၏သား ဧလိရှမာသည် ဧဖရိမ်အမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
2:19 ဧလိရှမာတပ်ဖွဲ့ရှိလူအရေအတွက်မှာ လေးသောင်းငါးရာ ဖြစ်၏။
2:20 ဧဖရိမ်တပ်ဖွဲ့၏ဘေးတွင် မနာရှေအမျိုးအနွယ် စခန်းချရမည်။ ပေဒါဇုရ၏သား ဂါမလျေလသည် မနာရှေအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
2:21 ဂါမလျေလတပ်ဖွဲ့ရှိလူအရေအတွက်မှာ သုံးသောင်းနှစ်ထောင့်နှစ်ရာ ဖြစ်၏။
2:22 ထို့နောက် ဗင်္ယာမိန်အမျိုးအနွယ် စခန်းချရမည်။ ဂိဒေါနိ၏သား အဘိဒန်သည် ဗင်္ယာမိန်အမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
2:23 အဘိဒန်တပ်ဖွဲ့ရှိလူအရေအတွက်မှာ သုံးသောင်းငါးထောင့်လေးရာ ဖြစ်၏။
2:24 တပ်ဖွဲ့အလိုက် ဧဖရိမ်တပ်စခန်းရှိလူအရေအတွက်စုစုပေါင်းမှာ တစ်သိန်းရှစ်ထောင့်တစ်ရာ ဖြစ်၏။ သူတို့သည် တတိယနေရာမှ ခရီးပြုရမည်။
2:25 ဒန်တပ်စခန်း၏အလံနားရှိ ဒန်တပ်ဖွဲ့သည် မြောက်ဘက်၌ စခန်းချရမည်။ အမိရှဒ္ဒဲ၏သား အဟေဇာသည် ဒန်အမျိုးသားတို့၏ခေါင်းဆောင်ဖြစ်ရမည်။
2:26 အဟေဇာတပ်ဖွဲ့ရှိလူအရေအတွက်မှာ ခြောက်သောင်းနှစ်ထောင့်ခုနစ်ရာ ဖြစ်၏။
2:27 ဒန်တပ်ဖွဲ့၏ဘေးတွင် အာရှာအမျိုးအနွယ် စခန်းချရမည်။ ဩကရန်၏သား ပါဂျေလသည် အာရှာအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
2:28 ပါဂျေလတပ်ဖွဲ့ရှိလူအရေအတွက်မှာ လေးသောင်းတစ်ထောင့်ငါးရာ ဖြစ်၏။
2:29 ထို့နောက် နဿလိအမျိုးအနွယ် စခန်းချရမည်။ ဧနန်၏သား အဟိရသည် နဿလိအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
2:30 အဟိရတပ်ဖွဲ့ရှိလူအရေအတွက်မှာ ငါးသောင်းသုံးထောင့်လေးရာ ဖြစ်၏။
2:31 တပ်ဖွဲ့အလိုက် ဒန်တပ်စခန်းရှိလူအရေအတွက်စုစုပေါင်းမှာ တစ်သိန်းငါးသောင်းခုနစ်ထောင့်ခြောက်ရာ ဖြစ်၏။ သူတို့သည် မိမိတို့၏အလံနှင့်အတူ နောက်ဆုံးနေရာမှ ခရီးပြုရမည်”ဟု မိန့်တော်မူ၏။
2:32 ဤသည်ကား ဘိုးဘေးအိမ်ထောင်စုအလိုက် အစ္စရေးအမျိုးသားတို့၏အရေအတွက် ဖြစ်၏။ သူတို့တပ်ဖွဲ့အလိုက် တပ်စခန်းများရှိလူအရေအတွက်စုစုပေါင်းမှာ ခြောက်သိန်းသုံးထောင့်ငါးရာ့ငါးဆယ် ဖြစ်၏။
2:33 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လေဝိအမျိုးတို့ကို အစ္စရေးအမျိုးသားတို့နှင့်အတူ မရေတွက်ပေ။
2:34 အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ပြုကြ၏။ သူတို့အသီးသီးမျိုးနွယ်စုအလိုက်၊ ဘိုးဘေးအိမ်ထောင်စုအလိုက် မိမိတို့၏အလံနားတွင် စခန်းချကြ၏၊ ခရီးပြုကြ၏။